ဘင်္ဂါလီဒုက္ခသည်များ ပြန်လည်နေရာချထားရေး မြန်ဆန်စေရန်အတွက် ဘင်္ဂလားဒေ့ရှ်အနေဖြင့် အားလုံးထည့်သွင်းစဉ်းစားလုပ်ဆောင်နေကြောင်း ဘင်္ဂါလီအရေးကိစ္စများဆိုင်ရာ ဘင်္ဂလားဒေ့ရှ်၏ အဆင့်မြင့်ကိုယ်စားလှယ် (Khalilur Rahman ) ခါလီလူရ်ရာမှန် ကပြောကြားခဲ့
ဘင်္ဂါလီ အရေးကိစ္စများဆိုင်ရာ ဘင်္ဂလားဒေ့ရှ်၏ အဆင့်မြင့်ကိုယ်စားလှယ် Khalilur Rahman က အထူးသဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများ အပါအဝင် ရခိုင်ပြည်နယ်၏ အများစုကို ထိန်းချုပ်ထားသည့် လက်နက်ကိုင် တပ်ဖွဲ့ (AA) က ဘင်္ဂလားဒေ့ရှ် ရှိ ဘင်္ဂါလီ များအား ပြန်လည်နေရာချ ထားရန် သဘောတူထားကြောင်း အလေးထားပြောဆိုခဲ့သည်။ “ထိုမြောက်ပိုင်း ဒေသများသည် ဘင်္ဂါလီ တို့၏ ရိုးရာနေထိုင်ရာဒေသများဖြစ်ပါသည်” ဟု ၎င်းက ပြောကြားခဲ့ပါသည်။
"ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဒေသတစ်ခုဒေသ ဖြစ်နေဆဲဆိုတာကို မှတ်သားထားဖို့ အရေးကြီးပါတယ်။ မိမိတို့သည် AA နှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်ကို ဆွေးနွေးခဲ့ပါသည်။ဘင်္ဂါလီများ ပြန်လည်နေရာချထားရေးသည် ၎င်းတို့၏ အခြေခံသဘောထားဖြစ်ပြီး စက်တင်ဘာလတွင် ထုတ်ပြန်ကြေညာခဲ့ကာ ဆွေးနွေးပွဲများတွင်လည်း ရှင်းလင်းစွာပြန်လည်ထပ်လောင်းပြောဆိုခဲ့ပါသည်" ဟု ခါလီလူရ်ရာမှန်က ပြောကြားခဲ့ပါသည်။
သို့သော်၎င်း၏အဆိုအရ "ဤဖြစ်စဉ်သည် အချိန်ယူရမည်ဖြစ်ပြီး တစ်ရက် တည်းဖြင့် ဖြစ်မလာနိုင်သေး"ဟုဆိုကာ လက်ရှိအဓိကလိုအပ်ချက်မှာ ရခိုင်ပြည်နယ်တွင် AA နှင့် မြန်မာတပ်မတော်အကြား စစ်ရေးပဋိပက္ခ ရပ်စဲရေးဖြစ်သည်ဟု ဖော်ပြခဲ့ပါသည်။ဤအချက်အတွက် ဘင်္ဂလားဒေ့ရှ် သည်"မြန်မာနိုင်ငံ၏ အစစ်အမှန် အာဏာပိုင်အဖွဲ့များ၊ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် မိတ်ဖက်နိုင်ငံများ" နှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့ပါသည်။
ကိုးကား - DT