ကနဦးအခြေအနေမပါဝင်ဘဲ ငြိမ်းချမ်းရေးဆွေးနွေးရန် မိမိဘက်က အသင့်ရှိကြောင်း ပူတင်ပြောကြား
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အမေရိကန်အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်နှင့် ဧပြီ ၂၅ ရက်တွင် တွေ့ဆုံစဉ် ယူကရိန်းနှင့် ကနဦး အခြေအနေများမပါဝင်ဘဲ ငြိမ်းချမ်းရေးဆွေးနွေးရန် မော်စကိုက အဆင်သင့်ဖြစ်သည်ဟု အတည်ပြုပြောကြားခဲ့ပါကြောင်း ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒမီထရီပက်စကိုဗ်က သတင်းထောက်များအား ပြောကြားလိုက်ပါသည်။
“ယမန်နေ့ (ဧပြီ ၂၃ ရက်) က ထရမ့်၏ကိုယ်စားလှယ် ဝစ်ကော့ဖ်နှင့် တွေ့ဆုံရာမှာ သမ္မတကြီးက ရုရှားဘက်မှ ယူကရိန်းနှင့် ကနဦး အခြေအနေများမပါဘဲ ဆွေးနွေးရန် အဆင်သင့်ဖြစ်ပါကြောင်း ထပ်လောင်း ပြောကြားပါသည်။ ယင်းအဆိုကို သမ္မတက အကြိမ်ကြိမ်ပြောပြခဲ့ဖူးပါကြောင်း” ၎င်းက ထပ်လောင်းပြောကြားထားပါသည်။
ကိုးကား- ကရင်မလင်
Photo: Yahoo
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃
MM-News-Category