အနောက်နိုင်ငံများ၏ ယူကရိန်းနှင့် ပါကစ္စတန် ကိစ္စရပ်များတွင် ရပ်တည်မှုအပေါ် အိန္ဒိယဝေဖန်

News Image

  • အနောက်နိုင်ငံများ၏ ယူကရိန်းနှင့် ပါကစ္စတန် ကိစ္စရပ်များတွင် ရပ်တည်မှုအပေါ် အိန္ဒိယဝေဖန်

အိန္ဒိယ၏ နိုင်ငံခြားရေးဝန်ကြီး S. Jaishankar က အနောက်နိုင်ငံများသည် အိန္ဒိယက ရုရှားကို ပြင်းပြင်းထန်ထန် ရှုတ်ချရန် မျှော်လင့် နေစဉ် ကက်ရှ်မီးယားတွင် ပါကစ္စတန်၏ အကြမ်းဖက်လှုပ်ရှားမှုများကို မသိကျိုးကျွံပြုနေခြင်းသည် ဒွိဟဖြစ်စရာကောင်းသည်ဟု ပြောကြား ခဲ့သည်။

Euractiv နှင့် အင်တာဗျူးတစ်ခုတွင် Jaishankar က ရုရှား-ယူကရိန်း ပဋိပက္ခတွင် အိန္ဒိယအနေဖြင့် ဘက်မလိုက်သည့် သဘောထားကို ထပ်လောင်းအတည်ပြုခဲ့သည်။

“စစ်မြေပြင်မှ အဖြေရှာခြင်းဖြင့် ပဋိပက္ခများ ဖြေရှင်းနိုင်မည်ဟု မိမိတို့ မယုံကြည်ပါ” ဟု ၎င်းက ဆိုသည်။

ထို့အပြင် Jaishankar က အိန္ဒိယအနေဖြင့် အနောက်နိုင်ငံများ၏ အတိတ်လုပ်ရပ်များကို ထောက်ပြရန် အကြောင်းပြချက်ရှိသည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

လွတ်လပ်ရေးရပြီး လအနည်းငယ်အတွင်း ပါကစ္စတန်မှ ကက်ရှ်မီးယား သို့ ကျူးကျော်စစ်စတင်ခဲ့သည့်အချိန်တွင် အထောက်အပံ့ အများဆုံးပေးခဲ့သည့် နိုင်ငံများမှာ အနောက်နိုင်ငံများပင် ဖြစ်ခဲ့ပြီး ဤသည်မှာ အိန္ဒိယ၏ ရှည်ကြာသော အတိတ်က မကျေနပ်ချက်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ယခုအခါတွင် ထိုနိုင်ငံများက “နိုင်ငံတကာ စံနှုန်းများအကြောင်း ဆွေးနွေး ကြစို့” ဟု ပြောနေပါက ၎င်းတို့၏ အတိတ်ကို ပြန်သုံးသပ်နိုင်ရေး မိမိအနေဖြင့် မေးခွန်းထုတ်ရန် အကြောင်းပြချက်ရှိသည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

Jaishankar က ဆက်လက်၍ အိန္ဒိယသည် ရုရှား နှင့် ယူကရိန်း နှစ်နိုင်ငံစလုံးနှင့် ခိုင်မာသော ဆက်ဆံရေးရှိကြောင်း၊ နိုင်ငံတိုင်းတွင် ကိုယ်ပိုင် သမိုင်းနှင့် အကျိုးစီးပွားများရှိကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၏ အိန္ဒိယခရီးစဉ်အပြီးတွင် ၎င်းသည် ဥရောပသို့ တစ်ပတ်ကြာ ခရီးထွက်ခဲ့ပြီး အိန္ဒိယနှင့် ဥရောပသမဂ္ဂ (EU) တို့သည် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် (FTA) အတွက် ညှိနှိုင်းဆွေးနွေးနေကြောင်း သတင်းများအရ သိရသည်။

သို့သော် EU ဘက်မှ မော်စကိုအပေါ် အနောက်နိုင်ငံများ၏ ပိတ်ဆို့ အရေးယူမှုများကို အိန္ဒိယက ထောက်ခံမှု အားနည်းခြင်းအား ဝေဖန်မှုများ ရှိနေသည်။

ထို့အပြင် အနောက်နိုင်ငံများက ရုရှား၏ စွမ်းအင်နှင့် ဘဏ္ဍာရေးကဏ္ဍ များအပေါ် ပြင်းထန်သော ပိတ်ဆို့မှုများ ချမှတ်ထားသော်လည်း အိန္ဒိယ သည် ရုရှားရေနံ၏ အကြီးဆုံး ဝယ်လိုအားရှိသည့် နိုင်ငံများထဲမှ တစ်ခု အဖြစ် ဆက်လက်တည်ရှိနေသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂