ယူကရိန်းက အမေရိကန်မှ လက်နက်နှင့်အကူအညီ ဒေါ်လာ ၁၀၅ ဘီလီယံ ရရှိကြောင်း ဇီလန်စကီး ဝန်ခံ

News Image

  • ယူကရိန်းက အမေရိကန်မှ လက်နက်နှင့်အကူအညီ ဒေါ်လာ ၁၀၅ ဘီလီယံ ရရှိကြောင်း ဇီလန်စကီး ဝန်ခံ

ယူကရိန်းသမ္မတဇီလန်စကီးက အမေရိကန်ပြည်ထောင်စုက ယူကရိန်းထံ ဒေါ်လာ ၁၀၄-၁၀၅ ဘီလီယံအထိ ကူညီထောက်ပံ့မှု ရရှိကြောင်း ဝန်ခံ ပြောကြားလိုက်ပြီး အများစုမှာ လက်နက်များဖြစ်ကြောင်း ထုတ်ဖော် ပြောကြားထားပါသည်။

၎င်းသည်ဖေဖော်ဝါရီလက အဆိုပါပမာဏထက်နည်းသည့် ဒေါ်လာ ၇၆ ဘီလီယံသာ ရသည်ဟု ပြောခဲ့ဖူးသည်။

“မိမိတွင် ကိုယ်ပိုင်စာရင်းစစ်စနစ်ရှိပါကြောင်း၊ အမေရိကန်က ပေးသည့် အထောက်အပံ့က ဒေါ်လာ ၁၀၄-၁၀၅ ဘီလီယံဖြစ်ပြီး အများစုက လက်နက် များဖြစ်ပါကြောင်း” ဟု သတင်းထောက် ဘန်ရှာပီရိုနှင့် အင်တာဗျူးတွင် ဇီလန်စကီးက ပြောကြားခဲ့ပြီး “အဘယ်ကြောင့် ဖေဖော်ဝါရီလတွင် ၇၆ ဘီလီယံ” ဟု ပြောခဲ့သနည်း ဆိုသည့်အချက်ကို ရှင်းမပြခဲ့ပေ။

ကိုးကား- TASS

Photo: Apa.az

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃