ပူတင်နှင့် Witkoff တွေ့ဆုံမှု တိုးတက်မှုရှိကြောင်း ရုရှားသမ္မတအထူး ကိုယ်စားလှယ် ပြောကြား
ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် အမေရိကန်အထူးကိုယ်စားလှယ် စတီဗင် ဝစ်ကော့ဖ်တို့၏ ဧပြီ ၂၅ တွေ့ဆုံမှုမှာ ထိရောက်ပြီး တိုးတက်မှု ရှိကြောင်း ရုရှားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ၏ အကြီးအကဲနှင့် ပူတင်၏ အထူး စီးပွားရေးအကြံပေး ကီရီလ် ဒီမီထရီဗ်က ထုတ်ဖော်ပြောဆိုခဲ့သည်။
ပူတင်နှင့် ဝစ်ကော့ဖ်တို့ ယခုတွေ့ဆုံမှုမှာ ၃ နာရီကြာပြီး ဧပြီ ၁၁ ရက်က စိန့်ပီတာစဘတ်မြို့၌ ၄ နာရီကျော်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။
ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်က “ယနေ့ ဆွေးနွေးပွဲ ကြာမြင့်မှုမှာ ပြဿနာက ရှုပ်ထွေးပြီး အကြောင်းအရာများ နက်နဲသော ကြောင့် အချိန်ပိုယူရခြင်းဖြစ်သည်” ဟု ရှင်းပြထားပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃
MM-News-Category