သမ္မတဟောင်း မွန်းဂျေအင်းကို လာဘ်ပေးလာဘ်ယူမှုနှင့် တောင်ကိုရီးယား အစိုးရရှေ့နေများက စွဲချက်တင်
ဂျီအွန်ဂျူခရိုင် အစိုးရရှေ့နေရုံး၏ ထုတ်ပြန်ချက်အရ သမ္မတဟောင်း မွန်းဂျေအင်း အား လာဘ်ပေးလာဘ်ယူမှုစွပ်စွဲချက်ဖြင့် ကြာသပတေးနေ့ (ဧပြီ ၂၄)တွင် တောင်ကိုရီးယား အစိုးရရှေ့နေများက စွဲချက်တင်ခဲ့ပြီး ၎င်းအား ထိုင်းလေကြောင်းလိုင်းတစ်ခုတွင် ၎င်း၏သားမက်ဖြစ်သူအား ခန့်အပ်မှုနှင့် ဆက်နွှယ်သည့်အမှုအတွက် တရားရင်ဆိုင်ရမည် ဖြစ်ပါသည်။ အသက် ၇၂ နှစ်ရှိ မွန်းကို လာဘ်ပေးလာဘ်ယူမှုဖြင့် စွဲချက်တင်ခံရပြီး ပါလီမန်အမတ်ဟောင်း လီဆန်ဂျစ်ကိုလည်း လာဘ်ပေးလာဘ်ယူမှုနှင့် ယုံကြည်မှုဖောက်ဖျက်မှုတို့ဖြင့် စွဲချက်တင်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
SMEs နှင့် Startups Agency ၏ အကြီးအကဲအဖြစ် လီဆန်ဂျစ်ကို ခန့်အပ်မှုသည် မွန်း၏သားမက်ဖြစ်သူအား အလုပ်ရပြီး ၂၀၁၈-၂၀၂၀ တွင် လီ ထိန်းချုပ်ထားသော ထိုင်းအခြေစိုက် ကော်ပိုရေးရှင်းတွင် လစာနှင့် နေထိုင်စရိတ်များ ရရှိခြင်းအတွက် လဲလှယ်ခြင်း ရှိ၊ မရှိ အစိုးရ ရှေ့နေ များက စုံစမ်းစစ်ဆေးနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ မွန်း၏သမက်ဖြစ်သူက အမှုဆောင်ဒါရိုက်တာအဖြစ် လက်ခံရရှိသည့်ငွေ စုစုပေါင်း ဘတ် ၅.၉၅ သန်း (ဒေါ်လာ ၁၇၇,၅၀၆) သည် မမှန်မကန် ဖြစ်ပြီး ထိုအချိန်က သမ္မတအား လာဘ်ထိုးသည်ဟု တရားစွဲဆိုထား ပါသည်။
အစိုးရရှေ့နေများသည် မွန်း၏တရားစွဲဆိုမှုအတွက် ရှေးယခင်က သမ္မတဟောင်း ပတ်ဂွန်ဟေးနှင့်လီမြောင်ဘက် တို့ပါဝင်သည့် လာဘ်ပေးလာဘ်ယူမှု အမှုများကို ကိုးကားဖော်ပြခဲ့ပါသည်။
ကိုးကား-Myanmar National Post