အိန္ဒိယနှင့် နှစ်နိုင်ငံသဘောတူညီချက်အားလုံးကို ယာယီဆိုင်းငံ့မည်ဟု ပါကစ္စတန် NSC ကြေညာ

News Image

  • အိန္ဒိယနှင့် နှစ်နိုင်ငံသဘောတူညီချက်အားလုံးကို ယာယီဆိုင်းငံ့မည်ဟု ပါကစ္စတန် NSC ကြေညာ

“ပါကစ္စတန်နှင့် အိန္ဒိယတို့ ချုပ်ဆိုထားသော နှစ်နိုင်ငံသဘောတူညီချက်များအားလုံးကို ယာယီဆိုင်းငံ့မည်” ဟု ပါကစ္စတန် အမျိုးသားလုံခြုံရေးကောင်စီက ဧပြီ ၂၄ ရက်တွင် ကြေညာလိုက်ပါသည်။ 

၎င်းတို့တွင် ၁၉၇၂ ခုနှစ်က ချုပ်ဆိုခဲ့သည့် ရှင်းလာသဘောတူညီချက် (Simla Agreement) လည်း ပါဝင်ပြီး အဆိုပါဆုံးဖြတ်ချက်သည် ဂျမူးနှင့် ကက်ရှ်မီးယား အငြင်းပွားဒေသ (အိန္ဒိယထိန်းချုပ်ဧရိယာ) တွင် ဧပြီ ၂၂ ရက်က ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုနှင့်ပတ်သက်၍ အိန္ဒိယ၏ တုံ့ပြန်မှုများအပေါ် ပြန်လည်တုံ့ပြန်ခြင်းဖြစ်ပါသည်။ 

“အိန္ဒိယသည် အပြည်ပြည်ဆိုင်ရာ ဥပဒေများ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များနှင့် ကမ္ဘာ့ကျင့်ဝတ်များကို လေးစားမှုမရှိဘဲ စည်းမျဉ်းချိုးဖောက်နေသည်” ဟု ပါကစ္စတန် အမျိုးသားလုံခြုံရေးကောင်စီ က ပြောကြားခဲ့သည်။ 

“အိန္ဒိယသည် ပါကစ္စတန်အတွင်း အကြမ်းဖက်မှုများ အားပေးခြင်း၊ နယ်စပ်ဖြတ်ကျော် လူသတ်မှုများ ပြုလုပ်ခြင်းနှင့် ကက်ရှ်မီးယားဆိုင်ရာ ကုလသမဂ္ဂဆုံးဖြတ်ချက်များကို လိုက်နာရန် ငြင်းဆန်ခြင်းများ ရပ်တန့်သည်အထိ ထိုသဘောတူညီချက်များကို ဆိုင်းငံ့ထားမည်” ဟု ပါကစ္စတန် ဝန်ကြီးချုပ်ရုံးကလည်း ဧပြီ ၂၄ ရက်တွင် ထုတ်ပြန်ထားပါသည်။

ရှင်းလာသဘောတူညီချက် (၁၉၇၂) သည် အိန္ဒိယ-ပါကစ္စတန် တတိယ စစ်ပွဲ (၁၉၇၁) အပြီး နှစ်နိုင်ငံကြား ပြေလည်ရေးအတွက် အခြေခံကျသော စာချုပ်ဖြစ်ပြီး ကက်ရှ်မီးယားပြဿနာကို နှစ်နိုင်ငံကြား တိုက်ရိုက် ဆွေးနွေးဖြေရှင်းရန် သတ်မှတ်ပေးခဲ့သည်။ ထိုစာချုပ်ကို ပါကစ္စတန်က ယာယီ ရပ်ဆိုင်းလိုက်ခြင်းသည် နှစ်နိုင်ငံဆက်ဆံရေးအတွက် ကြီးမားသော အကျိုးဆက်ရှိလာနိုင်ပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃