ယူကရိန်း စစ်ရပ်စဲရေး တောင်းဆိုမှုများကို အယုံအကြည်မရှိဟု ရုရှား နိုင်ငံခြားရေးဝန်ကြီး ပြောကြား

News Image

  • ယူကရိန်း စစ်ရပ်စဲရေး တောင်းဆိုမှုများကို အယုံအကြည်မရှိဟု ရုရှား နိုင်ငံခြားရေးဝန်ကြီး ပြောကြား

ယူကရိန်းအစိုးရ၏ စစ်ရပ်စဲရေးတောင်းဆိုမှုများကို ရုရှားယုံကြည်မှု မရှိဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က ဘရာဇီးနိုင်ငံ၌ ကျင်းပသော BRICS နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ပြောကြား လိုက်သည်။ 

အမေရိကန်သမ္မတ Donald Trump ၏ အဆိုပြုချက်ဖြစ်သည့် စွမ်းအင်အခြေခံအဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်မှုယာယီရပ်စဲရေး ရက် ၃၀ ကို ရုရှားဘက်မှ အပြည့်အဝလိုက်နာခဲ့သော်လည်း၊ ယူကရိန်းအစိုးရ၏ ရန်လိုသောလုပ်ရပ်များကို ထိန်းချုပ်နိုင်ခြင်းမရှိခဲ့ဟု ယူကရိန်းအစိုးရ၏ ချိုးဖောက်မှုများကို ထောက်ပြခဲ့ပါသည်။ 

“မိမိတို့ ကိုယ်စားလှယ်များက ၎င်းတို့ ချိုးဖောက်မှုအကြိမ်ရေ ၂၀၀ ခန့်ကို မှတ်တမ်းတင်ထားပြီးဖြစ်ပါကြောင်း၊ ထိုစာရင်းများကို ကုလသမဂ္ဂနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio ထံ ပေးပို့ခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၎င်းတို့၏ စစ်ရပ်စဲရေးတောင်းဆိုမှုများ၏ တန်ဖိုးကို မိမိတို့ သိနေပါပြီ” ဟု Lavrov က ပြောကြားခဲ့သည်။ 

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃