ရွေးကောက်ပွဲဝင်ရန် တောင်ကိုရီးယားဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်
တောင်ကိုရီးယားဝန်ကြီးချုပ်နှင့် ယာယီသမ္မတ ဟန်ဒက်ဆူသည် ဇွန်လ ၃ ရက်တွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ရာထူးမှ နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ယွန်ဟတ်သတင်းဌာန ဖော်ပြချက် အရ သိရပါသည်။
“မိမိတို့ရင်ဆိုင်နေရသည့် အကျပ်အတည်းကို ကျော်လွှားရန် မိမိ လုပ်နိုင်သည်များဆောင်ရွက်ရန် ယခုလို ရာထူးမှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်” ဟု ဟန်က ယွန်ဟတ်သတင်းဌာနကို ပြောကြားခဲ့ပါသည်။
ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ဟန်အနေဖြင့် မေလ ၄ ရက်နေ့မတိုင်မီ နုတ်ထွက်ရန် လိုအပ်ခဲ့ပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃
MM-News-Category