Victory Day အိန္ဒိယဝန်ကြီးချုပ် တက်ရောက်မည်မဟုတ်

News Image

  • Victory Day အိန္ဒိယဝန်ကြီးချုပ် တက်ရောက်မည်မဟုတ်

အိန္ဒိယဝန်ကြီးချုပ်မိုဒီသည် မေလ ၉ ရက်တွင် မော်စကိုမြို့၌ ကျင်းပမည့် Victory Day အောင်ပွဲနေ့အခမ်းအနားသို့ တက်ရောက်မည် မဟုတ်ကြောင်း ကရင်မလင် ပြောခွင့်ရ ဒီမီထရီ ပက်စ်ကော့ဗ်က ဧပြီ ၃၀ ရက် (ဗုဒ္ဓဟူးနေ့) တွင် ပြောကြားလိုက်ပါသည်။

“အိန္ဒိယခေါင်းဆောင်မလာဖြစ်ပါ။ ယခုအခမ်းအနားကို အိန္ဒိယက အမြင့်ဆုံးအဆင့် ကိုယ်စားမပြုတော့ပါ” ဟု ၎င်းက ပြောကြားထား ပါသည်။

လတ်တလော အိန္ဒိယ- ပါကစ္စတန်အကြား တင်းမာနေမှုကြောင့် ထိုသို့ ဆုံးဖြတ်လိုက်ရပြီး အိန္ဒိယဘက်မှ အခြားအဆင့် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ ကိုသာ ကိုယ်စားစေလွှတ်တော့မည်ဖြစ်သည်ဟု သိရပါသည်။

ကိုးကား- ကရင်မလင်

Photo: Mint

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃