ရုရှားသမ္မတပူတင်နှင့် ဆော်ဒီအာရေဗျနိုင်ငံ၌တွေ့ဆုံနိုင်ဖွယ်ရှိကြောင်း ထရမ့်ပြော
ဝါရှင်တန်၊ နိုင်ငံရေး
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် မေလလယ်ပိုင်းတွင် ဆော်ဒီအာရေဗျနိုင်ငံ၌ တွေ့ဆုံနိုင်ဖွယ်ရှိကြောင်း ထရမ့်ကပြောကြားသည်။
ယူကရိန်းအရေးကိုဖြေရှင်းနိုင်ရေးအတွက် အမေရိကန်နှင့် ရုရှားတို့အနေဖြင့် ဆော်ဒီအာရေဗျနိုင်ငံသို့ မကြာမီသွားရောက်ရမည်ဖြစ်ကြောင်း၊ သို့သော် သမ္မတပူတင်နှင့်တွေ့ဆုံနိုင်မည်ဟုတ်၊မဟုတ်ကို အတိအကျမသိရသေးကြောင်း ထရမ့်က သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် ယူကရိန်းအရေးကို ဖြေရှင်းနိုင်ရေးအတွက် အမေရိကန်နှင့် ရုရှားသမ္မတတို့ကြား တွေ့ဆုံဆွေးနွေးရန် လိုအပ်ကြောင်း၊ ပူတင်နှင့်ထရမ့်တို့ကြား တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးမှုများကို မတ်လ ၁၈ ရက်တွင် လုပ်ဆောင်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တမ်မီဘရုစ်က အစောပိုင်းတွင်ပြောကြားထားသည်။
ထရမ့်အနေဖြင့် အရှေ့အလယ်ပိုင်းဒေသသို့ သွားရောက်ပြီးနောက် သမ္မတပူတင်နှင့် တွေ့ဆုံဆွေးနွေးဖွယ်ရှိသည်ဟုပြောကြားခဲ့သော်လည်း လက်ရှိအချိန်အထိ တွေ့ဆုံခြင်းမရှိသေးကြောင်းသိရသည်။
Ref: RT,TNA
Source: https://myawady.net.mm/