V-Day အခမ်းအနား အိန္ဒိယ ကိုယ်စားပြု ကာကွယ်ရေးဝန်ကြီး တက်ရောက်မည်

News Image

  • V-Day အခမ်းအနား အိန္ဒိယ ကိုယ်စားပြု ကာကွယ်ရေးဝန်ကြီး တက်ရောက်မည်

မေလ ၉ ရက် မော်စကိုတွင် ပြုလုပ်မည့် V-Day အခမ်းအနားသို့ အိန္ဒိယ နိုင်ငံကိုယ်စားပြု ကာကွယ်ရေးဝန်ကြီး Sanjay Seth က တက်ရောက်သွားမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံဆိုင်ရာ ရုရှားသံရုံးမှ စစ်သံမှူး Sergey Kharchanko က မေလ ၆ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်ပါသည်။

နယူးဒေလီရှိ ရုရှားဟောက်စ်တွင် ပြုလုပ်သော အောင်ပွဲသံချပ်ကာယန္တရားများ (Weapons of Victory) ခေါ် ရုရှားလက်နက်ပြပွဲ ဖွင့်ပွဲအခမ်းအနား၌ ကျင်းပသော ဆွေးနွေးပွဲတွင် ၎င်းက အိန္ဒိယ ကိုယ်စားပြုသူအမည်ကို ထုတ်ဖော်ပြောကြားလိုက်ပါသည်။

ကိုးကား- TASS

Photo: RBC_Ukraine

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃