ဒေါ်နယ်ထရမ့်က Persian Gulf အား Arabian Gulf အဖြစ် အမည်ပြောင်းလဲရန် စီစဉ်

News Image

  • ဒေါ်နယ်ထရမ့်က Persian Gulf အား Arabian Gulf အဖြစ် အမည်ပြောင်းလဲရန် စီစဉ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အမေရိကန်ပြည်ထောင်စုတွင် ဘာသာစကားစံနှုန်းကို ပြောင်းလဲရန် ကြေညာပြီးနောက် တစ်ဆက်တည်းမှာပင် ပါရှန်ပင်လယ်ကွေ့ (Persian Gulf) အား အာရေဘီယံ ပင်လယ်ကွေ့ (Arabian Gulf) အဖြစ် အမည်ပြောင်းရန် အဆိုပြုထားကြောင်း အစိုးရ သတင်းရင်းမြစ်များက အေပီသတင်းဌာနသို့ ပြောကြားထားပါသည်။ 

၎င်းတို့အဆိုအရ Trump သည် လာမည့် ဆော်ဒီအာရေဗျနိုင်ငံသို့ သွားရောက် လည်ပတ်စဉ်တွင် အဆိုပါ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရန် စီစဉ်ထားပါသည်။ အာရပ်နိုင်ငံများကလည်း ထိုအမည်ပြောင်းခြင်းကို တွန်းအားပေးလျက်ရှိပါသည်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် ပထဝီဝင်အမည်ကို ပြောင်းလဲရန်ကြိုးပမ်းခဲ့သည်မှာ ယခုအခါ ပထမဆုံးအကြိမ် မဟုတ်တော့ပေ။ ဒေါ်နယ်ထရမ့်သည် ဇန်နဝါရီလနှောင်းပိုင်းတွင် မက္ကဆီကို ပင်လယ်ကွေ့အား အမေရိကန်ပင်လယ်ကွေ့ဟု အမည်ပြောင်းလဲရန်အမိန့်ထုတ်ပြန်ခဲ့ပါသည်။ ပထဝီဝင်အမည်များ ပြောင်းလဲခြင်းမှာ မည်သည့်နိုင်ငံ၏ အခွင့်အာဏာတွင် မပါဝင်ကြောင်း ကုလသမဂ္ဂက နောက်ပိုင်းတွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ကိုးကား-TASS

Photo: NDTV

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃