ထရမ့်က Jeanine Pirro အား ဝါရှင်တန်ဒီစီ၏ အမေရိကန် ယာယီရှေ့ နေချုပ်အဖြစ် ခန့်အပ်

News Image

  • ထရမ့်က Jeanine Pirro အား ဝါရှင်တန်ဒီစီ၏ အမေရိကန် ယာယီရှေ့ နေချုပ်အဖြစ် ခန့်အပ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ယခုအပတ်အတွင်း Jeanine Pirro အား ဝါရှင်တန်ဒီစီခရိုင်အတွက် အမေရိကန် ယာယီရှေ့နေချုပ်အဖြစ် ခန့်အပ်လိုက်ကြောင်း ကြေညာခဲ့သည်။

သူမသည် ဥပဒေရေးရာနယ်ပယ်တွင် ထူးချွန်ပြီး Fox News တွင် Justice with Judge Jeanine အစီအစဉ်ကို ၁၀ နှစ်ကြာ ဦးဆောင်ခဲ့ကာ ယခုအခါ The Five (အဆင့်မြင့် ရုပ်သံအစီအစဉ်) တွင် ပူးတွဲအစီအစဉ်မှူး အဖြစ် ဆောင်ရွက်လျက်ရှိပြီး ထရမ့်နှင့် ရင်းနှီးသူတစ်ဦးလည်းဖြစ်သည်။

ယခင်က နယူးယောက်ပြည်နယ် Westchester County ၏ ခရိုင်ရှေ့နေအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

အဆိုပါခန့်အပ်မှုသည် ဝါရှင်တန်ဒီစီရှိ တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းဆောင်တာများကို ပြန်လည်စီမံရန် ထရမ့်၏ မဟာဗျူဟာတစ်ခုအဖြစ် သုံးသပ်ကြသည်။

ဒီမိုကရက်တို့က ထိုရွေးချယ်မှုအား "အရည်အချင်းမပြည့်မီသော နိုင်ငံရေးဆိုင်ရာ ချီးမြှောက်မှု" ဟု ဝေဖန်ခဲ့သည်။

ရီပတ်ဘလီကန်များမှမူ Pirro ၏ အတွေ့အကြုံများကို အသိအမှတ်ပြုခဲ့ပြီး ခိုင်မာသော တရားစီရင်ရေးစနစ်အတွက် သင့်တော်သူဟု ဆိုသည်။

Pirro ၏ ခန့်အပ်မှုသည် ဝါရှင်တန်ဒီစီရှိ လက်ရှိဥပဒေရေးရာ အစီအစဉ်များအပေါ်  သိသာထင်ရှားသော သက်ရောက်မှုရှိမည်ဟု မျှော်မှန်းရပါသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂