ယူကေက ရုရှားကို “အကြီးမားဆုံးသော ဒဏ်ခတ်အရေးယူမှု” စတင် လုပ်ဆောင်

News Image

  • ယူကေက ရုရှားကို “အကြီးမားဆုံးသော ဒဏ်ခတ်အရေးယူမှု” စတင် လုပ်ဆောင်

ဗြိတိန်အစိုးရသည် ရုရှားနိုင်ငံအပေါ် ၎င်း၏ “အကြီးမားဆုံးသော ပိတ်ဆို့ အရေးယူမှု” အစီအစဉ်ကို ကြေညာခဲ့ကြောင်း တရားဝင်ထုတ်ပြန်ချက် တစ်ခုအရ သိရသည်။ အဆိုပါ အရေးယူမှုသည် ရုရှား၏ ရေနံသယ်ယူပို့ဆောင်ရေး ကွန်ရက်ကို ထိုးနှက်ရန်နှင့် မော်စကို၏ စွမ်းအင်ဝင်ငွေများကို လျှော့ချရန် ရည်ရွယ်သည်။ အဆိုပါ ကြေညာချက်ကို သောကြာနေ့(မေ ၈)တွင် နာဇီဂျာမနီတို့ ဒုတိယကမ္ဘာစစ်အတွင်းက ရှုံးနိမ့်ခဲ့သည့် နှစ် ၈၀ ပြည့် နှစ်ပတ်လည်နေ့ ရုရှား၏ဂုဏ်ပြုပွဲနှင့် တိုက်ဆိုင်နေချိန် ဖြစ်သည်။

ကိယက်ဗ်၏ အခိုင်မာဆုံး ထောက်ခံသူများထဲမှ တစ်ဦးဖြစ်သည့် လန်ဒန် သည် ၎င်းအား စစ်ရေးနှင့် နည်းဗျူဟာဆိုင်ရာ အထောက်အပံ့နှင့် ငွေသား ဘီလီယံပေါင်းများစွာ ပံ့ပိုးပေးကာ မော်စကိုသည် ယူကေ၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေသည်ဟု ကာလရှည်ကြာ အခိုင်အမာ ဆိုထားသည်။ လွန်ခဲ့သည့် သုံးနှစ်ကျော်က ယူကရိန်းပဋိပက္ခ ပြင်းထန်လာချိန်မှစပြီး ရုရှားနိုင်ငံမှ လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအပေါ် ပိတ်ဆို့ အရေးယူမှုပေါင်း ၂,၀၀၀ ကျော်ကို ဗြိတိန်အစိုးရများက အကောင်အထည် ဖော်ခဲ့သည်။

“ရုရှားက မိမိတို့၏ အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုကို လုပ်နေပါသည်။ ပူတင်အပေါ် ဖိအားများ အရှိန်မြှင့်ရန်၊ အကြီးမားဆုံး ဒဏ်ခတ် အရေးယူမှုကို လုပ်ဆောင်ရန် မိမိအနေဖြင့် ကြေညာထားပါသည်” ဟု ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာ က X မီဒီယာတွင် ရေးသားခဲ့သည်။

ပိတ်ဆို့မှု အသစ်မှာ ရုရှားရေနံတင်သင်္ဘော အစီး ၁၀၀ ကျော်ပါဝင်နေပြီး ရုရှား၏ အခြားရေယာဉ်များလည်း ပါဝင်သည်။ လန်ဒန်၏ အဆိုအရ အဆိုပါ သင်္ဘောများသည် ၂၀၂၄ ခုနှစ်ကတည်းက ကန်ဒေါ်လာ ၂၄ ဘီလီယံ တန်ဖိုးရှိ ကုန်တင်ကုန်ချများ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။၊ အီးယူနှင့် အမေရိကန်တို့က ရုရှားသင်္ဘောများကို ပစ်မှတ်ထားပြီး အခြားသော သင်္ဘော အစီး ၁၅၀ ကို အမည်ပျက်စာရင်းသွင်းမည့် ၁၇ ကြိမ်မြောက် ပိတ်ဆို့မှုအစီအစဉ်ကို ယခုလနှောင်းပိုင်းတွင် အတည်ပြုနိုင်ဖွယ် ရှိကြောင်းလည်း သိရပါသည်။ 

တရုတ်နှင့် အိန္ဒိယတို့ကဲ့သို့ အနောက်နိုင်ငံမဟုတ်သော ဝယ်သူများကြောင့် ရုရှား၏ ရေနံဝင်ငွေသည် ခိုင်မာနေခဲ့သည်။ ပြီးခဲ့သည့်လတွင် လန်ဒန်မြို့ရှိ ရုရှားသံရုံးမှ ဗြိတိန်အစိုးရအား “ရုရှားနိုင်ငံအပေါ် ရန်လိုသည့်အမူအရာ” ကို ရပ်တန့်ရန် ဗြိတိန်အစိုးရအား တိုက်တွန်းခဲ့သည်။

ကိုးကား- MNP