ယူကရိန်းငြိမ်းချမ်းရေးအတွက် ရုရှားကဖြစ်နိုင်သမျှလုပ်ဆောင်နေ

News Image

  • ယူကရိန်းငြိမ်းချမ်းရေးအတွက် ရုရှားကဖြစ်နိုင်သမျှလုပ်ဆောင်နေ

မော်စကို၊ ငြိမ်းချမ်းရေး

ယူကရိန်းပဋိပက္ခတွင် ငြိမ်းချမ်းရေးရရှိစေရေးအတွက် ရုရှားသမ္မတပူတင်အနေဖြင့် ဖြစ်နိုင်သမျှသောအရာ အားလုံးလုပ်ဆောင်နေကြောင်း၊ သို့သော် ယူကရိန်းက ရုရှားနှင့်တွေ့ဆုံဆွေးနွေးရန် ငြင်းဆန်နေသမျှကာလပတ်လုံး စစ်ဆင်ရေးလုပ်ခြင်းမှလွဲ၍ အခြားရွေးချယ်စရာမရှိကြောင်း ရုရှားသမ္မ တရုံးမှပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ကပြောသည်။

ယူကရိန်းနိုင်ငံအနေဖြင့် အပစ်အခတ်ရပ်စဲရေးအတွက် အသင့်ဖြစ်နေပြီဟုကြေညာချက်ထုတ်ပြန်ထားသော်လည်း ဆွေးနွေးမှုများလုပ်ရန် တောင်းဆိုမှုများကိုမူ ရှောင်ရှားနေဆဲဖြစ်ကြောင်း ဒီမီထရီပက်စကော့က ABC News သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင်ပြောသည်။

ထို့ပြင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အနေဖြင့် ယူကရိန်းပဋိပက္ခနှင့်ငြိမ်းချမ်းရေးတွင် ကြားဝင်ဖျန်ဖြေရေးအတွက် အဓိကကျသောအခန်းကဏ္ဍမှပါဝင်မည်ဟုမျှော်လင့်ထားကြောင်း၊ ယူကရိန်းအနေဖြင့်အနည်းငယ်ပြောင်းလွယ်ပြင်လွယ်ရှိပြီး နိုင်ငံရေးဆန္ဒနှင့်အသိဉာဏ်များရှိလာစေရန် ထရမ့်ကကူညီနိုင်မည်ဖြစ်ကြောင်း ပက်စကော့ကပြောသည်ဟုသိရသည်။

Ref: RT

Source: https://myawady.net.mm/