ပူတင်သည် ယူကရိန်းဆွေးနွေးပွဲအတွက် 'စားပွဲဝိုင်း'တွင် အသင့်ရှိနေဟု ထရမ့်ပြောကြား
ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် ယူကရိန်းပဋိပက္ခကို ဖြေရှင်း လိုကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။ ထို့အပြင် ဝါရှင်တန်နှင့် မော်စကိုတို့သည် သဘောတူညီမှုတစ်ခုရရှိပြီး စစ်ရေးပဋိပက္ခကို အဆုံးသတ်နိုင်မည်ဟုလည်း ၎င်းက ထပ်လောင်း ဖော်ပြခဲ့သည်။
သောကြာနေ့ (မေ ၁၆) က ရုရှားနှင့် ယူကရိန်း ကိုယ်စားလှယ် အဖွဲ့များသည် အစ္စတန်ဘူလ်မြို့တွင် ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ်တိုက်ရိုက်ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြပြီး နှစ်ဖက်စလုံးသည် စစ်ပြေငြိမ်းရေး ယာယီရပ်စဲမှုအတွက် လိုအပ်ချက်များ ဖလှယ်ရန်၊ အကျဉ်းသား လဲလှယ်ရန်နှင့် နောက်ထပ်အစည်းအဝေးများ ဆက်လက် ဆွေးနွေးရန် သဘောတူညီခဲ့ကြသည်။
ထိုနေ့တွင်ပင် Fox News နှင့်ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင် ထရမ့်က ပူတင်သည် ယူကရိန်းနှင့်ပတ်သက်သည့် မည်သည့် ဆွေးနွေးပွဲ ကိုမျှ လုပ်ဆောင်လိုစိတ်မရှိဟူသော အယူအဆကို ပယ်ချခဲ့သည်။ “ပူတင် သည် ဆွေးနွေးမှုစားပွဲဝိုင်းမှာ ရှိနေပြီး ထိုအစည်းအဝေးကို သူကိုယ်တိုင် လိုလားခဲ့တာ” ဟု အမေရိကန်သမ္မတက ပြောကြားခဲ့ပြီး “ပူတင်သည် ထိုကိစ္စတစ်ခုလုံးနှင့် ပင်ပန်းနေပြီဟု မိမိထင်ပါသည်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
သို့ရာတွင် ထရမ့်၏ ပါဝင်မှုမရှိဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်မှု ရှိမည်မဟုတ်ဟု ၎င်းက ဆိုသည်။ “မိမိ မပါဘဲ အစည်းအဝေးတစ်ခု အောင်မြင်မည် မဟုတ်ပါ။ အကြောင်းက သဘောတူညီမှုတစ်ခု ရရှိမည်ဟု မထင်မိပါ” ဟု ၎င်းက ပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂