ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုများရရှိရန်အတွက် မြောက်ကိုရီးယား အလုပ်သမားများကို ရုရှားနိုင်ငံရှိ ဒရုန်းထုတ်လုပ်ရေးစက်ရုံသို့ စေလွှတ်မည်

News Image

  • ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုများရရှိရန်အတွက် မြောက်ကိုရီးယား အလုပ်သမားများကို ရုရှားနိုင်ငံရှိ ဒရုန်းထုတ်လုပ်ရေးစက်ရုံသို့ စေလွှတ်မည်

မောင်းသူမဲ့လေယာဉ်များ၏ လုပ်ကိုင်ဆောင်ရွက်ပုံနည်းစနစ်များအား လေ့လာသင်ယူကာ အမြင်ချင်း ဖလှယ်၍ ထုတ်လုပ်မှုမြှင့်တင်ရန်အတွက် မြောက်ကိုရီးယားက ရုရှားနိုင်ငံရှိ ဒရုန်းထုတ်လုပ်ရေးစက်ရုံသို့ အလုပ်သမားများစေလွှတ်သွားရန် စီစဉ်လျက်ရှိပါသည်။

ယူကရိန်းအား ကျူးကျော်စစ်ဆင်နွှဲနေသည့်ကြားက ရုရှားနိုင်ငံသည် ၎င်း၏ ဒရုန်းထုတ်လုပ်မှု လုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်လျက်ရှိပြီး  ရုရှားနှင့်မြောက်ကိုရီးယားတို့၏ စစ်ဘက်ဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုများ နက်ရှိုင်းစွာဆက်လက်ဆောင်ရွက်လျက်ရှိသည်။ တစ်ချိန်တည်းမှာပင် မြောက်ကိုရီးယား အနေဖြင့်၎င်း၏ တပ်မတော်အား တောင့်တင်းခိုင်မာအောင် ရည်ရွယ်လုပ်ဆောင်လျက်ရှိသည်။

ရုရှားနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံတို့သည် ပြီးခဲ့သည့်နှစ် ဇွန်လအတွင်းက မဟာဗျူဟာမိတ်ဖက်စာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါသဘောတူစာချုပ်အရ အရေးပေါ်အခြေအနေမျိုးတွင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ စစ်ရေးဆိုင်ရာအကူအညီများပေးအပ်ရန် တာဝန်ရှိပေသည်။

ထို့ကြောင့် မြောက်ကိုရီးယားက ၎င်း၏တပ်ဖွဲ့များကို ရုရှားသို့ စေလွှတ်ခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံမှ စေလွှတ်မည့်အလုပ်သမား ၂၅၀၀၀ အား ရုရှားနိုင်ငံအလယ်ပိုင်း၊ Tatarstan ရှိ Alabuga အထူးစီးပွားရေးဇုန်တွင် ခန့်ထားသွားမည်ဟုတ်/ မဟုတ်အပေါ် မေးခွန်းထုတ်စရာရှိနေသေးကြောင်း NHK သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။

ကိုးကား - NHK

အလွတ်သဘောဘာသာပြန်သူ-ဦးထက်ထက်အောင်၊နစက(၄)