ဗီယက်နမ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ အထွေထွေအတွင်းရေးမှူးချုပ် တိုလမ်သည် ဘယ်လာရုစ် သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုအား အဖိုးတန်ကျောက်မျက်ရတနာများဖြင့်ပြုလုပ်ထားသော ပုံတူပန်းချီကားကို လက်ဆောင်အဖြစ်ပေးအပ်

News Image

  • ဗီယက်နမ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ အထွေထွေအတွင်းရေးမှူးချုပ် တိုလမ်သည် ဘယ်လာရုစ် သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုအား အဖိုးတန်ကျောက်မျက်ရတနာများဖြင့်ပြုလုပ်ထားသော ပုံတူပန်းချီကားကို လက်ဆောင်အဖြစ်ပေးအပ်

ဗီယက်နမ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် တိုလမ်သည် ဘယ်လာရုစ်နိုင်ငံသို့သွားရောက်စဉ် သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုအား ကျောက်မျက်ရတနာများဖြင့်ပြုလုပ်ထားသော ၎င်း၏ ပုံတူပန်းချီကို လက်ဆောင်ပဏ္ဍာအဖြစ် ပေးအပ်ခဲ့သည်။ လက်ဆောင် ဖလှယ်ပွဲအား မေလ ၁၂ ရက်နေ့တွင် မင့်စ်ခ်မြို့ ရှိ လွတ်လပ်ရေး နန်းတော်၌ ပြုလုပ်ခဲ့သည့်အကြောင်းကို “ဘယ်လာရုစ်-၁” ရုပ်သံလိုင်း က ထုတ်လွှင့်ခဲ့ပါသည်။ 

တိုလမ်က “သမ္မတကြီးအတွက် ကျောက်မျက်ရတနာများဖြင့် ပြုလုပ် ထားသည့် ပုံတူပန်းချီကားတစ်ချပ်ရှိပါသည်” ဟု ပြောကြားခဲ့ရာ သမ္မတ လူကာရှန်ကိုက “စိတ်ဝင်စားဖို့ကောင်းပါသည်” ဟု ပြန်လည် မှတ်ချက် ပြုခဲ့ပါသည်။ အပြန်အလှန်အနေဖြင့် ဘယ်လာရုစ်သမ္မတက တိုလမ် အား သီးသန့်ထုတ်လုပ်ထားသော ချောကလက်မျိုးစုံနှင့် ဘယ်လာရုစ် ထုတ်ကုန် မျိုးစုံကို လက်ဆောင်ပေးခဲ့ပါသည်။ သမ္မတလူကာရှန်ကိုက တိုလမ်အား “ချောကလက်အကြောင်း ပြောခဲ့ဖူးတယ်မလား။ ဒါတွေက မိမိတို့၏ ထုတ်ကုန်နမူနာတွေပါ” ဟု ဖြည့်စွက်ပြောကြားခဲ့ပါသည်။

၎င်းနှင့်တိုလမ်တို့သည် လက်ရှိအရေးပါသောကိစ္စရပ်များနှင့် အနာဂတ် ပူးပေါင်းဆောင်ရွက်မှုအလားအလာများကို ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း ဘယ်လာရုစ်သမ္မတက ထည့်သွင်းပြောကြားခဲ့ပါသည်။ လူကာရှန်ကိုက တိုလမ်အား “လူမျိုးစုံ ချစ်ကြည်ရေးဆုတံဆိပ်” ချီးမြှင့်ခဲ့ပြီး အဆိုပါ ဆုတံဆိပ်သည် သမ္မတအားဂုဏ်ပြုသည့် ဓလေ့ထုံးတမ်း သက်သက် မဟုတ်ဘဲ နှစ်နိုင်ငံပူးပေါင်းရေးအားကောင်းစေရန်အတွက် တိုလမ်၏ ကြိုးပမ်းမှုများကို အသိအမှတ်ပြုခြင်းဖြစ်ကြောင်း အတိအလင်း ဖော်ပြခဲ့  ပါသည်။ ထို့ပြင် ဘယ်လာရုစ်သမ္မတသည် ဗီယက်နမ်သို့ လာရောက် လည်ပတ်ရန် ဗီယက်နမ် သမ္မတ၏ ဖိတ်ကြားခြင်းကို ခံခဲ့ရကြောင်း သိရှိ ရပါသည်။

ကိုးကား - Tass