EU ထောက်ခံသူ ကိုယ်စားလှယ်လောင်း Klaus Iohannis ရိုမေးနီးယား သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိ
တရားဝင်ရေတွက်မှုများအရ ဥရောပသမဂ္ဂ (EU) ကို ထောက်ခံသည့် ဘူချာရက်စ်မြို့တော်ဝန် Nicusor Dan သည် ရိုမေးနီးယား သမ္မတ ရွေးကောက်ပွဲပြန်လည်ကျင်းပချိန်တွင် EU အဆိုးမြင်ဝါဒီ ကိုယ်စားလှယ်လောင်း George Simion အား အနိုင်ရရှိခဲ့သည်။
တနင်္ဂနွေနေ့ (မေ ၁၈) တွင် မဲအားလုံး၏ ၉၉ % ကျော် ရေတွက်ပြီးချိန်တွင် Dan သည် မဲအရေအတွက် ၅၄ % ရရှိခဲ့ပြီး Simion က ၄၆ % ရရှိခဲ့ပါတယ်။
Dan က ၎င်းကိုထောက်ခံသူများအား “အံ့အားသင့်ဖွယ် စည်းလုံးမှု” အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
“မိမိတို့သည် ဥပဒေလေးစားလိုက်နာမှုကိုအခြေခံပြီး နိုင်ငံသားအားလုံး အတွက် စည်းလုံးညီညွတ်ပြီး ရိုးသားသည့် ရိုမေးနီးယားနိုင်ငံကို မနက်ဖြန် ကစပြီး ပြန်လည်တည်ဆောက်ရေး စတင်နေပါပြီ” ဟု ၎င်းက X တွင် ရေးသားခဲ့သည်။
လက်ယာပါတီ Alliance for the Union of Romanians (AUR) ခေါင်းဆောင် Simion သည် အစောပိုင်းတွင် ရှုံးနိမ့်မှုကိုဝန်မခံဘဲ တနင်္ဂနွေည (မေ ၁၈) က X တွင် “မိမိသည် သမ္မတအသစ်ပါ” ဟု ကြေညာခဲ့သော်လည်း နာရီများစွာကြာပြီးနောက် Dan အား ဂုဏ်ပြု ခဲ့သည်။
“ဒါဟာ ရိုမေးနီးယားပြည်သူများ၏ ဆန္ဒပါ၊ ရှုံးနိမ့်မှု၏ ခါးသက်သည့် အရသာကို ခံစားရခက်ပေမယ့် မိမိတို့အနေဖြင့် ဆက်လက်ရုန်းကန်မှာပါ” ဟု တနင်္လာနေ့ (မေ ၁၉) တွင် ရုပ်သံဖော်ပြမှုတစ်ခုတွင် ပြောကြားခဲ့သည်။
“မိမိတို့ တိုက်ပွဲတစ်ခုရှုံးနိုင်ပေမယ့် စစ်ပွဲတော့ ဘယ်တော့မှ မရှုံးပါ” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂