တံတားဦးခရိုင်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ ကျောင်းသား ၊ ကျောင်းသူ စုစုပေါင်း (၁၅၂၃၀) ဦး ကျောင်းအပ် လက်ခံပြီးစီး
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ပညာသင်ကြားနိုင်စေရန် ရည်ရွယ်၍ “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ တံတားဦးခရိုင်၌ ကျောင်းသား ၊ ကျောင်းသူများအားလုံး အခြေခံပညာကျောင်းများ အသီးသီး တွင် မေလ (၂၂) ရက်နေ့ နံနက်ပိုင်းမှစတင်၍ ကျောင်းအပ်လက်ခံဆောင်ရွက်နေကြောင်းသိရသည် ။
တံတားဦးခရိုင်တွင် မြို့နယ်ပေါင်း(၂)မြို့နယ်ပါဝင်ပြီး၊ တံတားဦးမြို့နယ်တွင် မေလ(၂၂) ရက်နေ့မှ (၂၃)ရက်နေ့ အထိ အထက်တန်းအဆင့် ကျောင်းသား/သူပေါင်း( ၅၇၂ )ဦး ၊ အလယ်တန်း ကျောင်းသား/သူပေါင်း( ၂၄၁၆ )ဦး ၊ မူလတန်းအဆင့် ကျောင်းသား/သူပေါင်း( ၁၀၄၁၀ ) ဦး စုစုပေါင်း ကျောင်းသား /သူ( ၁၃၃၉၈ )ဦး၊ ငါန်းဇွန် မြို့နယ်တွင် အထက်တန်းအဆင့် ကျောင်းသား/သူပေါင်း( ၁၄၇ )ဦး ၊ အလယ်တန်း ကျောင်းသား/သူပေါင်း( ၂၈၈ )ဦး၊ မူလတန်းအဆင့် ကျောင်းသား/သူပေါင်း( ၁၃၉၇ ) ဦး စုစုပေါင်း ကျောင်းသား /သူ (၁၈၃၂)ဦး ကျောင်းအပ်လက်ခံ ဆောင်ရွက်ပြီးကြောင်းနှင့် ကျောင်းအပ်လက်ခံဆောင်ရွက်ပြီးသောကျောင်းသား/သူများအား ကျောင်းသုံးပြဋ္ဌာန်း စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံတို့ကို သတ်မှတ်အတန်းအလိုက် နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးခြင်းဖြစ်ကြောင်းသိရသည် ။
တံတားဦးခရိုင်၌ တံတားဦးမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၈)ကျောင်း ၊ အထက်တန်း ကျောင်းခွဲ (၉)ကျောင်း၊ အလယ်တန်းကျောင်း(၉)ကျောင်း၊ အလယ်တန်းကျောင်းခွဲပေါင်း(၈)ကျောင်း၊ မူလတန်းလွန်ကျောင်း(၁၇)ကျောင်း၊ မူလတန်းကျောင်း(၆၈)ကျောင်းရှိပြီး ငါးဇွန်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၇)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၉)ကျောင်း၊ အလယ်တန်းကျောင်း(၁၀)ကျောင်း၊ အလယ်တန်းကျောင်းခွဲပေါင်း(၁၇)ကျောင်း ၊ မူလတန်းလွန်ကျောင်း (၁၂၈)ကျောင်း ၊ မူလတန်းကျောင်း(၇၃)ကျောင်း ရှိပါကြောင်း ခရိုင်ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးထံမှသိရသည်။
ပေးပို့သူ- ဦးရဲတင့် (ပြန်/ဆက်)