မွန်ဂိုလီးယား၌ ဝက်သက်ရောဂါကြောင့် သေဆုံးသူ ခြောက်ဦးရှိလာ
မွန်ဂိုလီးယားနိုင်ငံ၌ ဝက်သက်ရောဂါဖြစ်ပွားမှုကြောင့် နောက်ထပ်တစ်ဦး သေဆုံးပြီးနောက် သေဆုံးသူပေါင်း ခြောက်ဦးအထိရှိလာကြောင်း နိုင်ငံ၏ကူးစက်ရောဂါဆိုင်ရာ အမျိုးသားဗဟိုဌာန (အင်န်စီစီဒီ) က ဇွန် ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။
ဆက်လက်ပြီး ဆေးရုံတွင် တက်ရောက်နေသူများမှာ အပြင်းဖျားသည့် ကလေးငါးဦးအပါအဝင် လူနာ ၆၉၃ ဦးရှိကြောင်း အင်န်စီစီဒီက ထုတ်ပြန်ချက်တွင် ပြောကြားသည်။
ဝက်သက်ရောဂါဖြစ်ပွားသူ ထက်ဝက်ကျော်မှာ ဝက်သက်ရောဂါကာကွယ်ဆေး တစ်ကြိမ်သာ ထိုးနှံထားသည့် ကျောင်းနေအရွယ်ကလေးများဖြစ်ကြောင်း မွန်ဂိုလီးယားဆရာဝန်များ၏ ပြောကြားချက်အရ သိရသည်။
Source: Myanmar Digital News
MM-News-Category