ဂျပန်နိုင်ငံ၌ တိရစ္ဆာန်မှ လူသို့ SFTS ဗိုင်းရပ်ကူးစက်မှုကြောင့် ပထမဆုံး လူတစ်ဦး သေဆုံးမှုဖြစ်ပွား

News Image

  • ဂျပန်နိုင်ငံ၌ တိရစ္ဆာန်မှ လူသို့ SFTS ဗိုင်းရပ်ကူးစက်မှုကြောင့် ပထမဆုံး လူတစ်ဦး သေဆုံးမှုဖြစ်ပွား

ဂျပန်၌ တိရစ္ဆာန်မှလူသို့ SFTS ဗိုင်းရပ်ကူးစက်မှုကြောင့် ပထမဆုံးလူတစ်ဦး သေဆုံးမှုဖြစ်ပွားကြောင်းနှင့် ထိုသို့သေဆုံးမှု ဖြစ်ပွားပြီးနောက် ဂျပန်တိရစ္ဆာန် ဆေးကုဆရာဝန်များအသင်းက အဖွဲ့ဝင်ဆရာဝန်များအနေဖြင့် တိရစ္ဆာန်များကို ကုသပေးရာတွင်  သတိထားရန် တိုက်တွန်းချက်တစ်ခု ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ဗိုင်းရပ်ကူးစက်ခံရသော တိရစ္ဆာန်ဆေးကုဆရာဝန်သည် ကြောင်တစ်ကောင်ကို ဆေးကုသမှုပေးပြီးနောက် SFTS ဗိုင်းရပ် ကူးစက်ခံရခြင်းဖြစ်ကြောင်း၊ ဗိုင်းရပ်ကူးစက်ခံရပြီးနောက် ဆေးရုံတက်ရောက်ကုသမှု ခံယူခဲ့သော်လည်း ရက်အနည်းငယ်အကြာတွင် သေဆုံးသွားရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါဗိုင်းရပ်သည် တိရစ္ဆာန်များတွင်ရှိသော မွှားကောင်မှတစ်ဆင့်ကူးစက်ခြင်း ဖြစ်ကြောင်း၊ ဗိုင်းရပ်ကူးစက်ခံရပြီးနောက် ရောဂါလက္ခဏာအနေဖြင့် ကိုယ်အပူချိန် အလွန်မြင့်တက်လေ့ရှိကြောင်း သိရသည်။

MWD Web Portal