စမ်းသပ်ဆဲဆေးတစ်မျိုးက သွေးအတွင်း ကိုလက်စထရောပါဝင်မှု အဆင့်ကို လျှော့ချနိုင်
ကင်ဘာရာ ဇွန် ၁၈
စမ်းသပ်ဆဲသောက်ဆေးတစ်မျိုးသည် သွေးအတွင်း ကိုလက်စထရောပါဝင်မှုအဆင့်ကို ထိရောက်စွာ လျှော့ချနိုင်ကြောင်း သုတေသနပညာရှင်များက ဇွန် ၁၇ ရက်တွင် ပြောကြားသည်။
လက်ရှိအချိန်တွင် Obicetrapib အမည်ရှိ အဆိုပါဆေးကို ဩစတြေးလျနိုင်ငံ မိုးနက်ရှ်တက္ကသိုလ်မှ သုတေသနပညာရှင်များက တတိယအဆင့်စမ်းသပ်မှုများ ပြုလုပ်ထားပြီးဖြစ်ကြောင်း သိရသည်။
လက်တွေ့စမ်းသပ်မှုများမှ ပေါ်ထွက်လာသည့် ရလဒ်များအရ Obicetrapib ဆေးသည် စမ်းသပ်မှုတွင် ပါဝင်သူများ၏ သွေးအအတွင်း ကိုလက်စထရောပါဝင်မှု အဆင့်ကို ၃၂ ဒသမ ၆ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ပြီး နှလုံးရုတ်တရက်ဖောက်နိုင်ခြေနှင့် လေဖြတ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်သည်ကို တွေ့ရကြောင်း သိရသည်။
ထို့ပြင် Obicetrapib ဆေးသည် သွေးအတွင်း ကစ်ပိုပရိုတင်း (အေ) ပါဝင်မှုအဆင့်ကိုလည်း ၃၁ ဒသမ ၅ ရာခိုင်နှုန်း လျှော့ချပေးနိုင်ပြီး သွေးအတွင်း ကိုလက်စထရောစုစည်းမှုနှင့် ကစ်ပိုပရိုတင်း(အေ) စုစည်းမှုအဆင့်တို့ မြင့်မားမှုသည် နှလုံးကျန်းမာရေးပြဿနာများနှင့် ဆက်စပ်နေကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။
Source: ရတနာပုံသတင်းစာ