ကယ်လီရီပါဝင်မှုကန့်သတ်ထားသော ဓာတ်စာစားသုံးသူများက မစားသူများနှင့် နှိုင်းယှဉ်ပါက စိတ်ကျဝေဒနာဝင်ရောက်နိုင်ခြေ မြင့်တက်နိုင်
နယူးယောက် ဇွန် ၁၈
ကယ်လိုရီပါဝင်မှု ကန့်သတ်ထားသော ဓာတ်စာစားသုံးသူများသည် မစားသူများနှင့် နှိုင်းယှဉ်ပါက စိတ်ကျဝေဒနာဝင်ရောက်နိုင်ခြေ မြင့်တက်လာနိုင်ကြောင်း သုတေသနပညာရှင်များက ဇွန် ၁၇ ရက်တွင် ပြောကြားသည်။
အမေရိကန် သုတေသနပညာရှင်များ၏ အဆိုအရ ကယ်လိုရီနှင့် အာဟာရဓာတ်များပါဝင်မှု ကန့်သတ်ထားသော အစားအစာများကြောင့် အဝလွန်သူများ၌ စိတ်ကျဝေဒနာဝင်နိုင်ခြေ ပုံမှန်ထက်မြင့်မားလာတတ်ကြောင်း သိရသည်။
အမေရိကန်သုတေသနပညာရှင်များသည် လူပေါင်း ၂၈၅၂၅ ဦး တို့၏ အစားအစာ စားသောက်မှုပုံစံများကို လေ့လာခဲ့ကြကြောင်း သိရသည်။
လေ့လာချက်မှ ပေါ်ထွက်လာသည့် ရလဒ်များအရ ကယ်လိုရီလျှော့ချထားသော အစားအစာများ၊ အာဟာရဓာတ်ကန့်သတ်ထားသော အစားအစာများကြောင့် အဝလွန်သူများတွင် စိတ်ကျဝေဒနာ ဝင်ရောက်နိုင်ခြေ သိသိသာသာ မြင့်တက်လာသည်ကို တွေ့ရကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။
သို့ရာတွင် ကယ်လိုရီလျှော့ချထားသော ဓာတ်စာများ၊ အာဟာရကန့်သတ်ထားသော အစားအစာများစားသုံးမှုနှင့် စိတ်ကျဝေဒနာဝင်ရောက်နိုင်ခြေတို့ကြား မည်သို့မည်ပုံဆက်စပ်နေသည်ကို သုတေသနပညာရှင်များက ရှင်းပြနိုင်မှုမရှိသေးကြောင်း သိရသည်။
ကိုးကား : ရတနာပုံသတင်းစာ
Photo: MSN