တရုတ်နှင့်အမေရိကန်တို့ကြား တင်းမာမှုများ ရှိနေစဉ် နှစ်နိုင်ငံကြား ကုန်သွယ်ရေး ဆွေးနွေးပွဲကို လန်ဒန်မြို့၌ပြုလုပ်

News Image

  • တရုတ်နှင့်အမေရိကန်တို့ကြား တင်းမာမှုများ ရှိနေစဉ် နှစ်နိုင်ငံကြား ကုန်သွယ်ရေး ဆွေးနွေးပွဲကို လန်ဒန်မြို့၌ပြုလုပ်

တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ကြား၌ တင်းမာမှုများ ရှိနေစဉ် နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆွေးနွေးပွဲကို ဗြိတိန်နိုင်ငံရှိ လန်ဒန်မြို့၌ ဇွန်လ ၉ ရက်မွန်းလွဲပိုင်းတွင် ပြုလုပ်ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲသို့ တရုတ်နိုင်ငံဘက်မှ ဒုတိယဝန်ကြီးချုပ် ဟီလိုင်ဖန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် အမေရိကန် နိုင်ငံဘက်မှ ဘဏ္ဍာရေးဝန်ကြီး စကော့ဘတ်ဆန့်၊ ကုန်သွယ်ရေးဝန်ကြီးဟောင်း ဝပ်လတ်နစ်တို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခြင်း ဖြစ်သည်။

ထိုဆွေးနွေးပွဲ ပြီးသည်နှင့်ချက်ချင်း အမေရိကန်ဘက်မှ ချမှတ်ထားသော ပို့ကုန်ထိန်းချုပ်မှုများ ဖြေလျှော့ပေးလာနိုင်ဖွယ် ရှိကြောင်း၊ ထပ်မံ၍အသေးစိတ် ဆွေးနွေးမှုများ လုပ်ဆောင်ရမည်ကို   မျှော်လင့်ထားကြောင်း      အိမ်ဖြူတော် မှ  အမျိုးသားစီးပွားရေးကောင်စီ   ညွှန်ကြားရေးမှူး ကီဗင်ဟတ်ဆတ်က  အင်တာဗျူးတစ်ခုတွင် ပြောသည်။

ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံကြားတွင် စီးပွားရေးနှင့် နည်းပညာ ယှဉ်ပြိုင်မှုသည် ပြင်းထန်လျက်ရှိရာ အရေးပါသော သတ္တုတွင်းထွက်ပစ္စည်းများနှင့် အဆင့်မြင့်နည်းပညာများအပေါ် ထိန်းချုပ်ကန့်သတ်ချက်များကို  ဖြေလျှော့ပေးနိုင်မည်ဆိုပါကကြီးမားသော  အလှည့်အပြောင်းတစ်ခု ဖြစ်လာစေမည်ဖြစ်သည်။

ယခုလုပ်ဆောင်သည့် ဆွေးနွေးမှုက ပြီးခဲ့သည့်သီတင်းပတ်တွင် နှစ်နိုင်ငံခေါင်းဆောင်များဖြစ်သည့် ရှီကျင့်ဖျင်နှင့်ထရမ့်တို့ကြား ဖုန်းဆက်ဆွေးနွေးပြီးနောက် ဆောင်ရွက်ခြင်းဖြစ်ကာ ယင်းသို့ဆွေးနွေးစဉ် နှစ်နိုင်ငံကြား တင်းမာမှုများကို ဖြေရှင်းနိုင်ရေးအတွက် ဆွေးနွေးမှုများလုပ်ရန် သဘောတူထားကြောင်း သိရသည်။

MWD Web Portal