ထိုင်းနှင့်ကမ္ဘောဒီးယားက ဗီဇာသက်တမ်းများကိုအပြန်အလှန်လျှော့ချ

News Image

  • ထိုင်းနှင့်ကမ္ဘောဒီးယားက ဗီဇာသက်တမ်းများကိုအပြန်အလှန်လျှော့ချ

ဘန်ကောက်၊ ဆက်ဆံရေး

ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် နိုင်ငံအတွင်း အခြားတစ်နိုင်ငံမှ နိုင်ငံသားများ၏ ပြည်တွင်းနေထိုင်နိုင်သော ဗီဇာသက်တမ်းများကို အပြန်အလှန် လျှော့ချလိုက်ကြောင်းသိရသည်။

ကမ္ဘောဒီးယားအစိုးရသည် ၎င်းတို့၏နိုင်ငံအတွင်း ထိုင်းနိုင်ငံသားများနေထိုင် ခွင့်ကာလကို ခုနစ်ရက်အထိ လျှော့ချ သတ်မှတ်လိုက်သောကြောင့် ထိုင်းနိုင်ငံ ဘက်ကလည်း ကမ္ဘောဒီးယားကဲ့သို့ပင် မူဝါဒကိုပြင်ဆင်လိုက်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ဇွန်လ ၉ ရက်တွင်ပြောသည်။

အဆိုပါနှစ်နိုင်ငံကြား နယ်စပ်ဒေသ၌  ပစ်ခတ်မှုများဖြစ်သည်အထိ တင်းမာမှုများမြင့်တက်လာပြီးနောက် ယခင်ကဗီဇာ သက်တမ်းရက်ပေါင်း ၆၀ သတ်မှတ်ထားမှုကို ခုနစ်ရက်အထိလျှော့ချလိုက်ခြင်းဖြစ်ကြောင်းသိရသည်။


Ref: Xinhua