ရုရှား၏ ယူကရိန်းအပေါ် လက်တုံ့ပြန်မှုများသည် ပြီးဆုံးမည် မဟုတ်သေး ဟု အမေရိကန်ယုံကြည်နေ

News Image

  • ရုရှား၏ ယူကရိန်းအပေါ် လက်တုံ့ပြန်မှုများသည် ပြီးဆုံးမည် မဟုတ်သေး ဟု အမေရိကန်ယုံကြည်နေ

လွန်ခဲ့သည့် သီတင်းပတ်အတွင်းဖြစ်ပွားခဲ့သည့် ယူကရိန်း၏ ဒရုန်း တိုက်ခိုက်မှုများနှင့်ပတ်သက်၍ ရုရှားသမ္မတပူတင်၏ ခြိမ်းခြောက်လက်တုံ့ပြန်မှုသည် အပြင်းထန်ဆုံးမဖြစ်သေးကြောင်းနှင့် သိသာ ထင်ရှားသည့် ဘက်စုံတိုက်ခိုက်မှုတစ်ခု ဖြစ်လာနိုင်ဖွယ်ရှိနေသည်ဟု အမေရိကန်အစိုးရက ယုံကြည်နေကြောင်းလည်း သိရပါသည်။

သို့သော် ရုရှားဘက်မှ လက်တုံ့ပြန်မှုများလုပ်ဆောင်မည့်အချိန်ကို လက်ရှိ အချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးကြောင်းနှင့် လာမည့် ရက်ပိုင်း အတွင်း လက်တုံ့ပြန်မှုများ ဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း ယုံကြည်သည် ဟု သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့ပါသည်။ ထို့အပြင် ရုရှား၏ လက်တုံ့ပြန်မှုများတွင် ဒုံးကျည်များနှင့် ဒရုန်းများ အပါအဝင် ကွဲပြားသည့် ဝေဟင်ပစ်စွမ်းရည်များ ပါဝင်လာနိုင်ဖွယ်ရှိနေကြောင်းလည်း အမေရိကန် အရာရှိတစ်ဦးက ပြောကြားခဲ့ပါသည်။

သို့သော် ရုရှားဘက်မှ လက်တုံ့ပြန်မှုများလုပ်ဆောင်မည့် ပစ်မှတ်များ၊ ထောက်လှမ်းရေးကိစ္စများနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက် များကို အမေရိကန်အရာရှိများက ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိခဲ့ကြောင်း လည်း သိရပါသည်။ 

လွန်ခဲ့သောသီတင်းပတ်အတွင်းတွင် ယူကရိန်းစစ်တပ်သည် ရုရှား၏ လေတပ်အခြေစိုက်စခန်းအများအပြားကို ဒရုန်းတိုက်ခိုက်မှုများ လုပ်ဆောင် ခဲ့ပြီးနောက် ယခုကဲ့သို့ပြောဆိုချက်များ ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ ထို့အပြင် ရုရှား၏ လက်တုံ့ပြန်မှုများသည် ပြင်းထန်ပြီး ရှောင်လွှဲ၍ ရမည်မဟုတ်ကြောင်းလည်း ရုရှားသမ္မတပူတင်က ခြိမ်းခြောက် ပြောဆို ခဲ့ပါသည်။

ကိုးကား- NP News