အီရန်ရောက်နိုင်ငံသားများကို တရုတ်နိုင်ငံ စတင်ခေါ်ထုတ်

News Image

  • အီရန်ရောက်နိုင်ငံသားများကို တရုတ်နိုင်ငံ စတင်ခေါ်ထုတ်

ပေကျင်း ဇွန် ၁၈

အီရန်နှင့် အစ္စရေးတို့ကြား စစ်ရေးပဋိပက္ခများ ပိုမိုပြင်းထန်လာချိန်တွင် အီရန်နိုင်ငံရောက် တရုတ်နိုင်ငံသားများကို တရုတ်အစိုးရက ဇွန် ၁၇ ရက်တွင် စတင် ခေါ်ထုတ်နေပြီဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် အီရန် နိုင်ငံရောက် တရုတ်နိုင်ငံသားများအနက် ပထမဆုံးအသုတ်ကို ဇွန် ၁၇ ရက်တွင် တီဟီရန်မြို့မှ တာ့ခ်မင်နစ္စတန်နိုင်ငံသို့ ကုန်းလမ်း ခရီးဖြင့် စတင်ခေါ်ထုတ်နေကြောင်း တရုတ်အစိုးရ မီဒီယာများက သတင်းထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် အီရန်နိုင်ငံရောက် တရုတ်နိုင်ငံသား ၇၉၁ ဦး ကို တာ့ခ်မင်နစ္စတန်သို့ ရွှေ့ပြောင်းပေးထားပြီးဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူက ထုတ်ဖော်ပြောကြားထားသည်။

ရေနံသယံဇာတကြွယ်ဝသည့် အီရန်နိုင်ငံ၌ တရုတ်နိုင်ငံသားများ အရေအတွက် ထောင်နှင့်ချီနေထိုင်နေကြောင်း သိရသည်။

အီရန်နိုင်ငံသို့ ရောက်ရှိနေသော တရုတ်နိုင်ငံသားအများစုမှာ အီရန်ရှိတရုတ်ကုမ္ပဏီများ၌ အလုပ်လုပ်နေသည့် အင်ဂျင်နီယာများ​ဖြစ်ကြသည်။

တရုတ်နိုင်ငံသည် ၂၀၀၇ ခုနှစ် မှစ၍ လက်ရှိအချိန်ထိ အီရန်နိုင်ငံ၌ အမေရိကန်ဒေါ်လာ ငါးဘီလီယံထိရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

Ref: Xinhua

Trs: KKO

YDNB Newspaper