အမေရိကန်က ရုရှားနှင့် ဆွေးနွေးမှုကို ပယ်ဖျက်လိုက်ကြောင်း မော်စကိုပြော

News Image

  • အမေရိကန်က ရုရှားနှင့် ဆွေးနွေးမှုကို ပယ်ဖျက်လိုက်ကြောင်း မော်စကိုပြော

ရုရှား-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး ကသိကအောက်အခြေအနေကို လျှော့ချရန် ရည်ရွယ်ထား သော အစည်းအဝေးကို ဝါရှင်တန်ဘက်က ပယ်ဖျက်လိုက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မာရီယာ ဇာခါရိုဗာက ဇွန် ၁၆ ရက်၌ ပြောကြားခဲ့သည်။“ဒီလိုရပ်တန့်မှုကို သူတို့ အချိန်အကြာကြီးမယူဖို့တော့ ကျွန်မတို့ မျှော်လင့်ပါတယ်” ဟု ဇာခါရိုဗာက ဆိုသည်။

အဆိုပါ အစည်းအဝေးသည် တင်းမာမှုအခြေအနေများ ဖြေလျှော့ရေးနှင့် သံရုံးဆက်စပ်သော အရေးကိစ္စများဖြေရှင်းရေးအတွက် လက်ရှိလုပ်ဆောင်နေဆဲ သံတမန်ရေးကြိုးပမ်းအားထုတ်မှုများ၏ တစ်စိတ်တစ်ပိုင်းဖြစ်သလို တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် အစောပိုင်းက ပြုလုပ်ခဲ့သောအစည်း အဝေးများ၏ နောက်ဆက်တွဲလည်းဖြစ်သည်။ အမေရိကန်နိုင်ငံဘက်ကမူ ထိုသို့ဖျက်သိမ်းခြင်းနှင့် စပ်လျဉ်း၍ အကြောင်းပြချက်ပေးထားခြင်း မရှိသေးပေ။ 

ကိုးကား - ဆင်ဟွာ