အီရန်က အစ္စရေးကို ဒဏ်ခတ်သည့်တိုက်ခိုက်မှု စတင်လုပ်ဆောင်သွားမည်

News Image

  • အီရန်က အစ္စရေးကို ဒဏ်ခတ်သည့်တိုက်ခိုက်မှု စတင်လုပ်ဆောင်သွားမည်

လက်ရှိအီရန်က အစ္စရေးအပေါ် တန်ပြန်တိုက်ခိုက်မှုသည် ၎င်း၏စတင်တိုက်ခိုက်မှုကို ဟန့်တားရုံမျှသာရှိသေးကြောင်းနှင့် “ဒဏ်ခတ်တိုက်ခိုက်သည့်စစ်ဆင်ရေးများ” ဆက်လက်လုပ်ဆောင်သွားမည့်အစီအစဉ်ကို အီရန်စစ်ဦးစီးချုပ်က ထုတ်ဖော်ပြောကြားခဲ့သည်။

ဇွန်လ ၁၇ ရက်နေ့ညပိုင်းတွင် ထုတ်ပြန်ခဲ့သည့် ရုပ်သံထုတ်လွှင့်မှုတစ်ခုတွင် ဗိုလ်ချုပ် Abdolrahim Mousavi က အီရန်နိုင်ငံအပေါ် ကျူးကျော်ရန်စသည့်လုပ်ဆောင်မှုအတွက် အစ္စရေးအနေဖြင့် တန်ပြန်ခံစားရလိမ့်မည်ဖြစ်ကြောင်း၊ ယခုမိမိတို့အီရန်ဘက်မှ လုပ်ဆောင်နေသည့် စစ်ဆင်ရေးသည် အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုကို ဟန့်တားသည့် သတိပေးတိုက်ခိုက်မှုမျှသာရှိသေးကြောင်းနှင့် ဒဏ်ခတ်တိုက်ခိုက်သည့် စစ်ဆင်ရေးကို မကြာမီလုပ်ဆောင် သွားမည်ဖြစ်ကြောင်း သတိပေးပြောကြားခဲ့သည်။

အပြည့်အစုံဖတ်ရှုရန်- https://sacministry.gov.mm/my/subject/7293