ဗဟိုအာရှနိုင်ငံများနှင့် ဆက်ဆံရေးမြှင့်တင်မှုဆိုင်ရာစာချုပ် တရုတ်သမ္မတရှီကျင့်ဖျင် လက်မှတ်ရေးထိုး
အက်စတာနာ ဇွန် ၁၈
တရုတ်သမ္မတရှီကျင့်ဖျင်သည် ဗဟိုအာရှနိုင်ငံများနှင့် ဆက်ဆံရေးမြှင့်တင်မှုဆိုင်ရာ စာချုပ်တစ်ရပ်ကို ဇွန် ၁၇ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။
သဘာဝသယံဇာတ ကြွယ်ဝသည့်ဗဟိုအာရှဒေသနှင့်ကုန်သွယ်ရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ အခြေခံ အဆောက်အအုံ ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် တရုတ်အစိုးရက ကြိုးပမ်းလျက်ရှိသည်။
တရုတ်သမ္မတရှီကျင့်ဖျင်သည် ဗဟိုအာရှနိုင်ငံ ငါးနိုင်ငံနှင့်ဆက်ဆံရေးမြှင့်တင်မှုဆိုင်ရာ စာချုပ်ကို ကာဇက်စတန်နိုင်ငံ အက်စတာနာ မြို့၌ကျင်းပခဲ့သော ဒေသတွင်း ထိပ်သီး ညီလာခံတစ်ခုတွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
အဆိုပါ ထိပ်သီးညီလာခံတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ကာဇက်စတန်၊ ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်၊ တာ့ခ်မင်နစ္စတန် နှင့် ဥဇဘက်ကစ္စတန်နိုင်ငံတို့မှ ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အက်စတာနာ ထိပ်သီးညီလာခံ တွင် တရုတ်သမ္မတရှီကျင့်ဖျင်က ယခုနှစ်အတွင်း ဗဟိုအာရှနိုင်ငံ ငါးနိုင်ငံအတွက် အမေရိကန် ဒေါ်လာသန်း ၂၀၀ ကျော် ကူညီ မည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။ ယူကရိန်းပဋိပက္ခ စတင်ခဲ့ပြီး နောက်ပိုင်း တရုတ်နိုင်ငံသည် ယခင်ကရုရှား၏ဩဇာရိပ်အောက် တွင်ရှိခဲ့ကြသော ဗဟိုအာရှနိုင်ငံ များနှင့် ဆက်ဆံရေးမြှင့်တင်ရန် ကြိုးပမ်းလာခဲ့ကြောင်း သိရသည်။
Ref: Xinhua
Trs: KKO
YDNB Newspaper