ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုနှင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့၏ တွေ့ဆုံ ဆွေးနွေးမှု
ဘယ်လာရုစ်နိုင်ငံကို ရောက်ရှိလာသည့်အတွက် စိတ်ရင်းမှန်ဖြင့် နွေးထွေးစွာ ကြိုဆိုပါကြောင်း၊ အဆွေတော်အနေဖြင့် မကြာသေးမီက မိမိတို့နိုင်ငံသို့တရားဝင် ခရီးစဉ် ရောက်ရှိခဲ့ပြီး အရေးကြီးသည့် သဘော တူညီချက်များ ရရှိခဲ့ပါကြောင်း၊ ယနေ့ တွေ့ဆုံမှု၏ အရေးပါမှုကတော့ အချိန်တိုအတွင်း မိမိတို့ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များ မည်မျှ မှန်ကန်သည်၊ ယနေ့အထိ မည်သည့်အရာများ လုပ်ဆောင်နိုင်ခဲ့ပြီ ဆိုသည်ကို ဆွေးနွေးပြီး အကဲဖြတ်နိုင်မှာ ဖြစ်ပါကြောင်း၊ မိမိတို့၏ ပူးပေါင်း ဆောင်ရွက်မှုအတွက် တိကျသည့် လုပ်ငန်းစီမံချက် တစ်ခု၊ လမ်းပြမြေပုံ တစ်ခုရေးဆွဲရန် သဘောတူခဲ့ပါကြောင်း၊ အဆိုပါလမ်းပြမြေပုံအတိုင်း အနာဂတ်တွင် ဆောင်ရွက်သွားမည့် လုပ်ငန်းများတွင် နိုင်ငံရေး၊ လူသားချင်း စာနာထောက်ထားမှု၊ သံတမန်ရေးရာ ကဏ္ဍတို့အပြင် ကုန်သွယ်ရေးနှင့် စီးပွားရေး ဆက်ဆံမှု ကဏ္ဍများတွင်ပါ ဆက်ဆံရေး တိုးတက်အောင် လုပ်ဆောင်သွားမည် ဖြစ်ပါကြောင်း၊ မိမိတို့၏ သဘောတူညီချက် တချို့ ကို စတင်အကောင်အထည်ဖော်နေပြီဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ပူးတွဲ လုပ်ငန်းများတည်ထောင် ဆောင်ရွက်နေပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှု၏ ဦးတည်ချက်အသစ်တွေကိုလည်း ဖွင့်လှစ်ထားပြီးဖြစ်ပါကြောင်း၊ အဆိုပါလမ်းကြောင်းအတိုင်း ဆက်လက် လုပ်ဆောင်သွားမည်ဟု အာမခံပါကြောင်း ဘယ်လာရုစ် သမ္မတ လူကာရှန်ကိုက ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ကိုးကား- အင်တာနက်စာမျက်နှာ