အာရှဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် လက်ရွေးစင်အသင်းတို့ ခြေစစ်ပွဲစဉ် တိုက်ရိုက်ထုတ်လွှင့်မည်

News Image

  • အာရှဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် လက်ရွေးစင်အသင်းတို့ ခြေစစ်ပွဲစဉ် တိုက်ရိုက်ထုတ်လွှင့်မည်

နေပြည်တော် ဇူလိုင် ၁

၂၀၂၆ ခုနှစ် အာရှဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ၏ အုပ်စု (C) ခြေစစ်ပွဲစဉ်အဖြစ် မြန်မာအမျိုးသမီး လက်ရွေးစင်ဘောလုံးအသင်းနှင့် ဘင်္ဂလားဒေ့ရှ် လက်ရွေးစင်ဘောလုံးအသင်းတို့၏ ခြေစစ်ပွဲကို ဇူလိုင် ၂ ရက် ညနေ ၄ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

အဆိုပါ ပွဲစဉ်ကို ယင်းနေ့ ညနေ ၃ နာရီ ၄၅ မိနစ်မှစတင်၍ MRTV HD Channel ၊ MRTV Parliament Channel ၊ MRTV Entertainment Channel နှင့် မြန်မာ့အသံရေဒီယိုတို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသမည်ဖြစ်သည်။

MOI