အိုမီဂါ-၃ ဖက်တီးအက်စစ် အစားများပါက နှလုံးရုတ်တရက်ဖောက်နိုင်ခြေ မြင့်တက်လာနိုင်

News Image

  • အိုမီဂါ-၃ ဖက်တီးအက်စစ် အစားများပါက နှလုံးရုတ်တရက်ဖောက်နိုင်ခြေ မြင့်တက်လာနိုင်

ကင်ဘာရာ   ဇူလိုင်

အိုမီဂါ-၃ ဖက်တီးအက်စစ် စားသုံးမှုမြင့်မားပါက နှလုံး ရုတ်တရက် ဖောက်နိုင်ခြေများ မြင့်တက်လာနိုင်ကြောင်း ဩစတြေးလျ သုတေသနပညာရှင်များ၏ အဆိုကို ကိုးကား၍ ဇူလိုင် ၂ ရက် သတင်းများအရ သိရသည်။ အဆီဓာတ်ကြွယ်ဝသည့် ငါးများ၊ သစ်စေ့သစ်ဆန်များနှင့် ထောပတ်သီးကဲ့သို့ အသီးအနှံများ၌ တွေ့ရတတ်သည့် အိုမီဂါ-၃ ဖက်တီးအက်စစ်ကို နှလုံးကျန်းမာရေးကို ကာကွယ်ပေးသည့် အဆီဓာတ်တစ်မျိုးအဖြစ် ရှေးယခင်က မှတ်ယူထားသည်။

သို့ရာတွင် ဩစတြေးလျ သုတေသနပညာရှင်များ၏အဆိုအရ အိုမီဂါ-၃ ဖက်တီးအက်စစ်ကြောင့်ကိုယ်တွင်းရောင်ရမ်းမှုများ မြင့်တက်လာနိုင်ပြီး အဝလွန်နိုင်ခြေ၊ ပုံစံ-၂ ဆီးချိုရောဂါဖြစ်နိုင်ခြေ နှင့် နှလုံးဖောက်နိုင်ခြေများ မြင့်တက်လာနိုင်ကြောင်း သိရသည်။ ဩစတြေးလျ သုတေသန ပညာရှင်များသည် လူပေါင်း ၂၈ဝဝ တို့၏ စားသောက်ပုံအလေ့အထနှင့် ကျန်းမာရေးအခြေအနေများကို စောင့်ကြည့်လေ့လာခဲ့ကြသည်။

လေ့လာချက်မှ ပေါ်ထွက်လာသည့် ရလဒ်များအရ အိုမီဂါ-၃ ဖက်တီးအက်စစ် ကြွယ်ဝသည့် အစားအစာများကို အစားများသူများ၌ Glye A ခေါ် ဓာတုပစ္စည်းများ ပေါ်ထွက်မှု မြင့်မားနေတတ် ကြောင်း သိရသည်။

Glye A ဓာတုပစ္စည်းများသည် နာတာရှည်ရောင်ရမ်းမှုပြဿနာ၊ ကင်ဆာရောဂါများ၊ နှလုံးပြဿနာများနှင့် ဆက်စပ်နေသည့် ဓာတုပစ္စည်းများ ဖြစ်ကြကြောင်း သိရသည်။

ရတနာပုံသတင်းစာ