မီးဖိုချောင်နှင့် ခြံထဲတွင် စိုက်ပျိုးနိုင်သည့် ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးက Dementia ဖြစ်နိုင်ခြေကို လျှော့ချနိုင်

News Image

  • မီးဖိုချောင်နှင့် ခြံထဲတွင် စိုက်ပျိုးနိုင်သည့် ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးက Dementia ဖြစ်နိုင်ခြေကို လျှော့ချနိုင်

နယူးယောက်   ဇူလိုင်၂

မီးဖိုချောင်နှင့်ခြံထဲတွင် အလွယ်တကူစိုက်ပျိုးနိုင်သည့် ဟင်းခတ်အမွှေးအကြိုင် တစ်မျိုးသည် ဦးနှောက်စွမ်းဆောင်ရည်ထိခိုက်ပျက်စီးမှုရောဂါ (Dementia) ဖြစ်နိုင်ခြေ လျှော့ချပေးနိုင်ကြောင်း သုတေသနပညာရှင်များက ဇူလိုင်  ရက်တွင် ပြောကြားသည်။

အမေရိကန် သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ ရို့စ်မာရီ (Rosemary) ခေါ် ဟင်းခတ်အမွှေးအကြိုင်ပင် တစ်မျိုးသည် Dementia ရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ကြောင်း သိရသည်။

ရို့စ်မာရီပင်တွင် ပါဝင်သော Carnosic acid ခေါ် ဓာတုဒြပ်ပေါင်းတစ်မျိုးသည် မှတ်ဉာဏ်စွမ်းရည်ကို ထိန်းထားနိုင်ပြီးဦးနှောက်ဆဲလ်များကို ကာကွယ်ပေးနိုင်ကြောင်း အမေရိကန်သုတေသနပညာရှင်များက ပြောကြားသည်။

အဆိုပါ ဟင်းခတ်အမွှေးအကြိုင်တွင်ပါသော Carnosic acid သည် အောက်ဆီဂျင်ဓာတ်ဖျက်ပစ္စည်းများနှင့် ရောင်ရမ်းမှုတိုက်ဖျက်ရေး ဂုဏ်သတ္တိတို့ပိုင်ဆိုင်ထားပြီး လူ့ကိုယ်ခန္ဓာ၏ သဘာဝကာကွယ်ရေးစနစ် အင်ဇိုင်းများကိုလည်း စေ့ဆော်ပေးနိုင်ကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။

သုတေသနပညာရှင်များ၏ အဆိုအရ ရို့စ်မာရီပင်၏ ရနံ့မှာလည်း စိုးရိမ်သောကဝေဒနာကို လျှော့ချပေးနိုင်ပြီး အိပ်စက်မှုအရည်အသွေးကိုလည်း မြှင့်တင်ပေးနိုင်ကြောင်း သိရသည်။

ရတနာပုံသတင်းစာ