အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)တွင် စာဖတ်ရှိန် မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
ကျောက်ဆည်၊ ဇူလိုင်-၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်) တွင် ယနေ့ နံနက်ပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်) မှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ ဇာနည်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စာရေးဆရာအကြီးကိုကို(ကသာ)က “ထိပ်ဆုံးမှာ ဆုံကြမယ်” ခေါင်းစဉ်ဖြင့် အသိပညာပေး အကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့ပြီး အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)သို့ စာအုပ်များ လှူဒါန်းခဲ့ကြောင်းနှင့် ဟောပြောပွဲအပြီးတွင် ကျောင်းသား/ကျောင်းသူများအား မေးခွန်းများ မေးမြန်း ခဲ့ပြီး စာအုပ်လက်ဆောင်များပေးအပ်ခဲ့ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
ပေးပို့သူ- သက်မောင်(ကျောက်ဆည်)