လီဗာပူးတိုက်စစ်မှူး ဒီယေဂိုဂျိုတာ ယာဉ်တိုက်မှုဖြစ်ပြီး ကွယ်လွန်

News Image

  • လီဗာပူးတိုက်စစ်မှူး ဒီယေဂိုဂျိုတာ ယာဉ်တို-က်မှုဖြစ်ပြီး ကွယ်လွန်

လီဗာပူးတိုက်စစ်မှူး ဒီယေဂိုဂျိုတာသည် စပိန်နိုင်တွင် ယာဉ်မတော်တဆမှုဖြစ်ပြီး ကွယ်လွန်သွားခဲ့ကြောင်း အသင်းက ယနေ့ ဇူလိုင် ၃ ရက်မှာ တရားဝင်ထုတ် ပြန်ကြေညာထားသည်။

အသက် ၂၈ နှစ်အရွယ် ဒီယေဂိုဂျိုတာသည် အသင်းအတွက် အားအထားရဆုံးကစားသမားတစ်ဦးဖြစ်ပြီး၊ ၎င်း‌သေဆုံးမှုအတွက် လီဗာပူးကလပ်အသင်းသားအနေဖြင့် စိတ်ထိခိုက် ယူကျုံးမရ ဖြစ်ရကြောင်း ဆိုသည်။

“မင်းရဲ့မိသားစု၊ မင်းရဲ့ဇနီးနဲ့ မင်းရဲ့သားသမီးတွေနဲ့အတူ ဝမ်းနည်းကြောင်းနဲ့ သူတို့တွေအနေနဲ့ လောကကြီးမှာ ခွန်အားတွေပြည့်ပါစေ”ဟု ရော်နယ်ဒိုကလည်းဆုတောင်းမေတ္တာပို့ထားသည်။

ယာဉ်တိုက်မှုဖြစ်စဥ်အတွင်း ဒီယေဂိုဂျိုတာ၏ ညီဖြစ်သူ အန်ဒရီဆေးလ်ဗားလည်း ကွယ်လွန်သွားခဲ့ပြီး ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ်ကလည်းဖြစ်စဉ်အတွက်ဝမ်းနည်းကြောင်းနှင့် အသိပေးထုတ်ပြန်ထားသည်။

လီဗာပူးအသင်း၏ အမာခံပရိတ်သတ်တစ်ဦးဖြစ်သည့်သရုပ်ဆောင် ကျော်ကျော်ဗိုလ်ကလည်း ငြိမ်းချမ်းစွာအနားယူပါ ဒီယေဂိုဂျိုတာဟု ဆုတောင်းထားသည်။

Popular Myanmar