သွေးကင်ဆာရောဂါကို စစ်ဆေးဖော်ထုတ်နိုင်သည့် သွေးစစ်နည်းတစ်မျိုး သုတေသနပညာရှင်များ ဖန်တီး

News Image

  • သွေးကင်ဆာရောဂါကို စစ်ဆေးဖော်ထုတ်နိုင်သည့် သွေးစစ်နည်းတစ်မျိုး သုတေသန ပညာရှင်များ ဖန်တီး

နယူးယောက် ဇူလိုင် ၁

သွေးကင်ဆာရောဂါ (Leu-kaemja) နှင့် အခြားသွေးရောဂါများကို စောစောစီးစီး ဖော်ထုတ်ပေးနိုင်မည့် သွေးစစ်နည်းတစ်မျိုးကို အစ္စရေးနှင့် အမေရိကန်သုတေသနပညာရှင်များက ဖန်တီးထားကြောင်း ဇွန် ၃၀ ရက် သတင်းများအရ သိရသည်။

အဆိုပါ သွေးစစ်နည်းသည် အသက်အရွယ်နှင့် ဆက်စပ်နေသည့် သွေးရောဂါတစ်မျိုးဖြစ်သော Myelodysplastic Syndrome (MDS) ခေါ် သွေးရောဂါကို ဖော်ထုတ်ပေးနိုင်ကြောင်း သိရသည်။

သွေးကို ဖွဲ့စည်းဖန်တီးပေးသည့် ပင်မဆဲလ်များ မှန်မှန်ကန်ကန် ကြီးထွားနိုင်မှုမရှိတော့သည့် အချိန်တွင် ဖြစ်ပွားတတ်သော MDS ရောဂါကြောင့် Myeloid Leukaemia (AMI) ခေါ် သွေးကင် ဆာရောဂါတစ်မျိုးဖြစ်ပွားနိုင်ခြေ မြင့်တက်လာနိုင်သည်။

သွေးကို ဖွဲ့စည်းဖန်တီးပေးသည့် ပင်မဆဲလ်များသည် ရိုးတွင်းခြင်ဆီအတွင်းမှ လွတ်ထွက်၍ သွေးလည်ပတ်မှုစနစ်အတွင်း ရောက်လာတတ်ရာ ၎င်းပင်မဆဲလ်များအတွင်း MDS ရောဂါနှင့် ပတ်သက်သည့် မျိုးဗီဇအချက်အလက်များ ပါဝင်နေကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။

သာမန်အားဖြင့် MDS ရောဂါကို စစ်ဆေးရာတွင် ခါးဆစ်ရိုးကို ဖောက်၍ ရိုးတွင်းခြင်ဆီကို ထုတ်ယူစစ်ဆေးရန် လိုအပ်ကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ