ပွင့်ဖြူမြို့နယ်တွင် မိုးသီနှံစိုက်ပျိုးရာသီ၌ ဖူးစားပြောင်း ၁၁၈၆ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်

News Image

  • ပွင့်ဖြူမြို့နယ်တွင် မိုးသီနှံစိုက်ပျိုးရာသီ၌ ဖူးစားပြောင်း ၁၁၈၆ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်

ပွင့်ဖြူ   ဇူလိုင်

မကွေးတိုင်းဒေသကြီး ပွင့်ဖြူ မြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဖူးစားပြောင်း ၁၁၈၆ ဧက ထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဖူးစားပြောင်း ၂၃၁၆ ဧက စိုက်ပျိုးရန် လျာထားပြီး ဇွန်လပထမပတ်မှ စတင် စိုက်ပျိုးခဲ့ရာ ယနေ့တွင် ၁၁၈၆ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

“မိုးသီးနှံစိုက်ပျိုးရာသီ ပွင့်ဖြူ မြို့နယ်မှာ ဖူးစားပြောင်း ၂၃၁၆ က စိုက်ပျိုးဖို့လျာထားပါတယ်။ ဒီနေ့ထိ ၁၁၈၆ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ လျာထားဧကပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ တောင်သူတွေကို ဖူးစားပြောင်းစိုက်ပျိုးတာနဲ့ပတ်သက်ပြီး အထွက်နှုန်း တိုးတက်ကောင်းမွန်စေဖို့၊ မျိုးကောင်းမျိုးသန့်တွေ စိုက်ပျိုးနိုင်စေဖို့ ၊ GAP နည်းစနစ်နဲ့ စိုက်ပျိုးနိုင်ဖို့ နည်းပညာပေးတာတွေဆောင်ရွက်ပေးနေပါတယ်” ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောပြသည်။ 

ပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံ စိုက်ပျိုးရာသီ၌ စိုက်ပျိုးရေးဦးစီးဌာနက ဖူးစားပြောင်းစိုက်တောင်သူများကို အရည်အသွေးနှင့် အထွက်နှုန်း တိုးတက်ကောင်းမွန်စေရေး တောင်သူပညာပေး ဆွေးနွေးပွဲများနှင့် ကွင်းသရုပ်ပြပွဲများဆောင်ရွက်ခြင်း၊ ဖောငမြှောင် တောင်ပိုး ကြိုတင်ကာကွယ်ရေးစနစ်ဖြစ်သည့် စိုက်ပျိုးရေးဆိုင်ရာများ အသိပညာပေးလျက်ရှိကြောင်း သိရသည်။

ဖူးစားပြောင်းကို အထွက်နှုန်း တိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း စားသုံးမှုဖူလုံစေမည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် လူမှုစီးပွားဘဝများ မြင့်မားလာမည် ဖြစ်သောကြောင့် ဖူးစားပြောင်းကို တိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေးကြိုးပမ်းသင့်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောပြ၍ သိရသည်။ 

ရဲဝင်းနိုင်(ညောင်ဦး)

ရတနာပုံသတင်းစာ