အင်ဒိုနီးရှားက ငလျင်ဒဏ်ခံနိုင်သော အဆောက်အအုံများ ဆောက်ပြီ
ဂျကာတာ၊ ဇူလှိုင် ၂၁
အင်ဒိုနီးရှား မိုးလေဝသ၊ ရာသီဥတုနှင့် ဘူမိရူပဗေဒ အေဂျင်စီ (ဘီအမ်ကေဂျီ) သည် ငလျင်ဒဏ်ခံနိုင်သော အဆောက်အအုံ ဒီဇိုင်းအသစ်ကို မိတ်ဆက်ခဲ့သည်။ အင်အားကြီးမားသော ငလျင်အန္တရာယ်ကို လျော့ပါးစေရန် ရည်ရွယ်ကြောင်း ဘီအမ်ကေဂျီ အကြီးအကဲ ဒွီကိုရီတာ ကာနာဝါတီ က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
ဒွီကိုရီတာ က ဆောက်လုပ်ရေးလုပ်ငန်းတွင် နောက်ဆုံးပေါ်မြေငလျင်ဒဏ်ခံနည်းပညာကို အသုံးပြုပြီး ဆောက်လုပ်သော အဆောက်အအုံများသည် ပြင်းအား ၈.၈ အထိရှိသော အင်အားပြင်း ငလျင်များကို ခံနိုင်ရည်ရှိကြောင်း ရှင်းပြခဲ့သည်။
အဆိုပါနည်းပညာသည် ကြီးကြီးမားမားငလျင်လှုပ်ခတ်စဉ်အတွင်း အထပ်မြင့်အဆောက်အအုံများကို တည်ငြိမ်စွာရှိစေပြီး သဘာဝဘေးအန္တရာယ်ဒဏ်ကိုခံနိုင်သော အခြေခံအဆောက်အဦးများတွင် သိသာထင်ရှားသောတိုးတက်မှုဖြစ်စေကြောင်း သူက အလေးပေးပြောကြားခဲ့သည်။
ဒွီကိုရီတာ၏ အဆိုအရ ဤနည်းပညာကို အင်ဒိုနီးရှားတွင် ပထမဆုံးအကြိမ်အဖြစ် အကောင်အထည်ဖော်မည် ဖြစ်သည်။
မိုးလေဝသ၊ ရာသီဥတုနှင့် ဘူမိရူပဗေဒ အေဂျင်စီသည် ပြည်သူပိုင် အဆောက်အအုံများကို ဆောက်လုပ်ခြင်းနှင့်ပတ်သက်၍ အခွင့်အာဏာမရှိသော်လည်း ဤဘေးအန္တရာယ်လျော့ပါးရေးနည်းလမ်းသည် နိုင်ငံ၏ ငလျင်ဒဏ်ခံရနိုင်သော ဒေသများရှိ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုအတွက် နမူနာ ပုံစံဖြစ်မည်ဟု မျှော်လင့်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
အကောင်အထည်ဖော်မှုနှင့် ပတ်သက်၍ ဒွီကိုရီတာက နည်းပညာသည် ဂျကာတာမြို့ရှိ မိုးလေဝသ၊ ရာသီဥတုနှင့် ဘူမိရူပဗေဒ အေဂျင်စီ ရုံးချုပ်တွင်ရှိသော အင်ဒိုနီးရှား၏ အဆောက်အအုံတစ်ခုတွင် အဆိုပါ အမျိုးမျိုးသောဘေးအန္တရာယ်များအတွက် စောစီးစွာ ကြိုတင်သတိပေးမှုစနစ်ကို အသုံးပြုထားပြီးဖြစ်ကြောင်း မှတ်ချက်ပြု ပြောကြားခဲ့သည်။
Popular Myanmar