ရွှေပြည်သာရှိ အာမီရမ် အရက်ချက်စက်ရုံ level (1) အဆင့် မီးလောင်မှု ဖြစ်ပွား

News Image

  • ရွှေပြည်သာရှိ အာမီရမ် အရက်ချက်စက်ရုံ level (1) အဆင့် မီးလောင်မှု ဖြစ်ပွား

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၆)ရပ်ကွက်၊ အမှတ်(၄)လမ်းရှိ အာမီရမ် အရက်ချက် စက်ရုံတွင် ယနေ့ ဇူလိုင် (၂၃) ရက်၊ နံနက် (၉) နာရီခွဲဝန်းကျင် အချိန်က Level (1) အဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

မီးလောင်မှုကို မြောက်ပိုင်းခရိုင် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ ရွှေပြည်သာမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၆)စီး၊ အင်းစိန်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ တညင်းကုန်းနယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ငြှိမ်းသတ်ခဲ့သည့်အတွက် (၁၀)နာရီ (၀၄) မိနစ် အချိန်တွင် မီးငြိမ်းကာ စတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံး ရှုံးမှုတန်ဖိုးကို မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ယမန်နေ့ညကလည်း ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး Level (1) အဆင့်ဖြင့် ငြှိမ်းသတ်ခဲ့ကြရသေးသည်။

Popular Myanmar