နဂါးငွေ့တန်းအတွင်း၌ ယခင်က တွေ့မြင်ခဲ့ဖူးခြင်းမရှိသည့် ကြယ်သစ်တစ်လုံးကို ရုရှားသိပ္ပံပညာရှင်များ အဖွဲ့က ရှာဖွေတွေ့ရှိ

News Image

  • နဂါးငွေ့တန်းအတွင်း၌ ယခင်က တွေ့မြင်ခဲ့ဖူးခြင်းမရှိသည့် ကြယ်သစ်တစ်လုံးကို ရုရှားသိပ္ပံပညာရှင်များ အဖွဲ့က ရှာဖွေတွေ့ရှိ

ရုရှားနိုင်ငံမှသိပ္ပံပညာရှင်များ ပါဝင်သည့် အဖွဲ့တစ်ဖွဲ့သည် နဂါးငွေ့တန်းအတွင်း၌ ကြယ်သစ်တစ်လုံးကို ရှာဖွေတွေ့ရှိခဲ့သည်ဟု အမေရိကန်ပြည်ထောင်စု ဟားဗက်တက္ကသိုလ်ရှိ Central Bureau of Astronomical Telegrams တွင်ဖော်ပြသည်။

နဂါးငွေ့တန်းစီမံကိန်းသစ် (New Milky Way project team) ဟုအမည်ပေးထားသည့် အဆိုပါ သိပ္ပံပညာရှင်များ အဖွဲ့သည် ယခင်က တွေ့မြင်ခဲ့ဖူးခြင်းမရှိသည့်  ၎င်းကြယ်သစ်အား ဇူလိုင်လ ၁၇ ရက်နှင့်  ၁၈ ရက်အကြား စူးစမ်းလေ့လာမှုများ   လုပ်ဆောင်နေစဉ်အတွင်း ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ သုတေသီများသည် ၎င်းကြယ်အား မြွေ၊ ဒိုင်းနှင့် သိမ်းငှက်ပုံသဏ္ဌာန်ရှိ ကြယ်နက္ခတ်စု အစပ်အတွင်း၌     ရှာဖွေတွေ့ရှိခြင်းဖြစ်ကြောင်း  ဖော်ပြထားသည်။

နဂါးငွေ့တန်းစီမံကိန်းသစ် (New Milky Way project team) သည် Frontiers of Science Guild အဖွဲ့၏ တစ်စိတ်တစ်ဒေသဖြစ်သည်။

ယခုတစ်ကြိမ် ရှာဖွေတွေ့ရှိမှုသည် New Milky Way project team ၏ စတုတ္ထအကြိမ်မြောက် ကြယ်သစ်တစ်လုံးကို ရှာဖွေတွေ့ရှိမှုဖြစ်လာသည်။ ကြယ်သစ်တစ်လုံးအား ရုရှားသိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိနိုင်ခဲ့ခြင်းသည် နည်းပညာဖွံ့ဖြိုး တိုးတက်မှု၊ အသုံးပြုသည့်  ပစ္စည်းကိရိယာများ၏ စွမ်းဆောင်ရည် ထက်မြက်မှုနှင့် မိမိတို့အနေဖြင့် စကြဝဠာကမ္ဘာကြီးမှ လေ့လာသင်ယူ ဖွယ်ရာ  အကြောင်းအရာ အသစ်များ အပေါ် လေ့လာနိုင်စွမ်းရှိခြင်းကို  ထင်ရှားစွာ သက်သေပြလျက်ရှိသည်ဟု Frontiers of Science Guild အား   ပူးတွဲတည်ထောင်ခဲ့သည့်   အီလီယာချက်က ပြောကြားထားသည်။

MWD Web Portal