အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် သည် ရုရှားပိုင်နက်အတွင်းသို့ တာဝေးပစ် ATACMS ဒုံးကျည်များကို ပစ်ခတ်ရန် ယူကရိန်းအား ပထမဆုံးအကြိမ် အသုံးပြုခွင့်ပေးခဲ့သည်ဟု သတင်းရင်းမြစ်များကို ကိုးကား၍ New York Times သတင်းကဖော်ပြထားပါသည်။
Source: New York Times
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် သည် ရုရှားပိုင်နက်အတွင်းသို့ တာဝေးပစ် ATACMS ဒုံးကျည်များကို ပစ်ခတ်ရန် ယူကရိန်းအား ပထမဆုံးအကြိမ် အသုံးပြုခွင့်ပေးခဲ့သည်ဟု သတင်းရင်းမြစ်များကို ကိုးကား၍ New York Times သတင်းကဖော်ပြထားပါသည်။
Source: New York Times
အိန္ဒိယနိုင်ငံသည် အသံထက်မြန်သည့် တာဝေးပစ် ဒုံးကျည်ကို ပထမဆုံးအကြိမ် စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်ဟု The Indian Express သတင်းကရေးသားဖော်ပြထားသည်။
Source: The Indian Express
ပီရူးနိုင်ငံ၌ Chancay ရေနက်ဆိပ်ကမ်းဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၅ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆိပ်ကမ်းသည် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်းမအစီအစဉ်၏ အဓိက စီမံကိန်းတစ်ခုဖြစ်သည်။
Chancay ဆိပ်ကမ်းဖွင့်ပွဲအခမ်းအနားသို့ ပီရူးသမ္မတ ဒိုင်နာဘော်လူရာတီနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ဗီဒီယိုလင့်ခ်မှတစ်ဆင့် တက်ရောက်ခဲ့ကြောင်း သိရသည်။
လီမာ နိုဝင်ဘာ ၁၆
ဂျပန်ဝန်ကြီးချုပ် အီရှီဘာနှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့သည် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပတ်သက်ပြီး ဆွေးနွေးရာတွင် အပြုသဘောဆောင်ပြီး တည်ငြိမ်သောဆက်ဆံရေးကို တည်ဆောက်ကြမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
တွေ့ဆုံဆွေးနွေး
ရုရှား-ယူကရိန်းစစ်ပွဲတွင် ရုရှားဘက်က ပါဝင်ကူညီပေးနေသည့် မြောက်ကိုးရီးယားတပ်များကို တားမြစ်ပေးရေးဆောင်ရွက်ပေးရန် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က တရုတ်သမ္မတရှီကျင့်ဖျင်ကို တိုက်တွန်းလိုက်ပါသည်။
ထရန့်အား တာဝန်လွှဲပြောင်းပေးရေး မတိုင်မီ ဘိုင်ဒင်၏ နောက်ဆုံးအကြိမ်တွေ့ဆုံမှုဖြစ်သည့် နိုဝင်ဘာလ ၁၆ ရက်နေ့က ကျင်းပသော အာရှပစိဖိတ်စီးပွားရေးပူးပေါင်းမှု ထိပ်သီးအစည်းအဝေးတွင် အမေရိကန်သမ္မတက တရုတ်သမ္မတကို ယင်းသို့ တိုက်တွန်းလိုက်ကြောင်း သိရှိရသည်။
Source- theguardian.com
နိုဝင်ဘာ ၁၇
ရုရှားနိုင်ငံပိုင် Kursk Oblast ရှိ နယ်မြေများ ယူကရိန်းထံမှ ပြန်လည်မသိမ်းပိုက်နိုင်မီအချိန်အထိ ရုရှားသည် စေ့စပ်ညှိနှိုင်းမှုများ စတင်မည် မဟုတ်ကြောင်း ဝါရှင်တန်ပို့စ် သတင်းကရေးသားဖော်ပြသည်။
သမ္မတ ပူတင်က Kursk ဒေသကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ခြေတလှမ်းနောက်ကျနိုင်ပြီး သိမ်းပိုက်ထားသော ယူကရိန်းနယ်မြေများကို စွန့်လွှတ်လိုခြင်းမရှိကြောင်း အဆိုပါစာစောင်တွင် ရေးသားထားသည်။
အဆိုပါဒေသရှိ ရုရှားထိုးစစ်အသစ်သည် ထရန့်သည် အမေရိကန်သမ္မတအဖြစ် ရွေးချယ်ခံရပြီးနောက် စတင်ခဲ့သည်ဟု ရေးသားဖော်ပြထားပါသည်။
Source: ဝါရှင်တန်ပို့စ်
နိုဝင်ဘာ ၁၇
ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Takeshi Iwaya သည် မကြေညာဘဲ အလည်အပတ် ခရီးစဉ်အဖြစ် ကိယက်ဗ်မြို့သို့ ရောက်ရှိခဲ့သည်။
ရုရှားနှင့် မြောက်ကိုရီးယားတပ်များ၏ ပူးပေါင်းတိုက်ခိုက်မှုတွင် ယူကရိန်းအပေါ် ဂျပန်၏ ရပ်တည်ချက်ကို ပြသရန် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးအကဲ ရောက်ရှိလာကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောကြားချက်ကို ကိုးကား၍ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
Iwaya သည် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Andriy Sybiha နှင့် တွေ့ဆုံမည်ဖြစ်ပြီး နောက်ပိုင်းတွင် သမ္မတ Zelensky နှင့်လည်းတွေ့ဆုံမှုများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
နိုဝင်ဘာ ၁၇
တိုင်ဖွန်းမုန်တိုင်း Man Yi သည် ဖိလစ်ပိုင်နိုင်ငံသို့ ဝင်ရောက်ခဲ့ပါသည်။ ဤသည်မှာ တစ်လအတွင်း ခြောက်ကြိမ်မြောက် မုန်တိုင်းဝင်ရောက်ခြင်းဖြစ်သည်။
တိုင်ဖွန်းမုန်တိုင်းသည် စနေနေ့ညမှ တနင်္ဂနွေနေ့မနက်ပိုင်းတွင် Catanduanes ပြည်နယ် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်မည်ဟု မိုးလေဝသပညာရှင်များ၏ ပြောကြားချက်ကို ကိုးကား၍ ဒေသခံမီဒီယာများက ရေးသားဖော်ပြကြသည်။
နိုဝင်ဘာ ၁၇
တရုတ်နိုင်ငံသည် 1 kW ထုတ်လုပ်နိုင်သည့်ကမ္ဘာ့အကြီးဆုံး အဏ္ဏဝါနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကို စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။
အဆ်ိုပါ နေရာသည် Dongying City ကမ်းရိုးတန်းမှ ၈ ကီလိုမီတာအကွာတွင် တည်ရှိပြီး ဧရိယာ၁,၂၂၃ ဟက်တာကျော် ကျယ်ဝန်းကာ နှစ်စဉ် ၁.၇၈ ဘီလီယံ ကီလိုဝပ်နာရီ ထုတ်လုပ်မည့် ၂,၉၃၄ panels ပါ၀င်ပြီး အိမ်ခြေ ၂.၆၇ သန်းအတွက် လုံလောက်မည်ဖြစ်သည်ဟု နိုင်ငံပိုင်ကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အနောက်နိုင်ငံခေါင်းဆောင်တွေနှင့် ၂ နှစ်လောက် အဆက်အသွယ်မလုပ်သည့် ရုရှားသမ္မတ Vladimir Putin ကို ဂျာမနီဝန်ကြီးချုပ် Olaf Scholz က ပထမဆုံးအကြိမ်အဖြစ် နိုဝင်ဘာ ၁၅ နေ့က တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားမှုကို ယူကရိန်းသမ္မတက အပြစ်တင်ဝေဖန်လိုက်ပါသည်။
စစ်ပွဲအဆုံးသတ်ပြီး ငြိမ်းချမ်းရေးစကားလမ်းကြောင်းပြုလုပ်ရန် ဂျာမနီဝန်ကြီးချုပ်က ရုရှားသမ္မတထံ တယ်လီဖုန်းမှတစ်ဆင့် တိုက်တွန်းပြောကြားခဲ့ပါသည်။