ရုရှားနိုင်ငံပိုင် Kursk Oblast ရှိ နယ်မြေများ ယူကရိန်းထံမှ ပြန်လည်မသိမ်းပိုက်နိုင်မီအချိန်အထိ ရုရှားသည် စေ့စပ်ညှိနှိုင်းမှုများ စတင်မည်မဟုတ်

News Image

  • russia wants Kursk back before negotiations,Ukraine isn't budging

နိုဝင်ဘာ ၁၇ 

ရုရှားနိုင်ငံပိုင် Kursk Oblast ရှိ နယ်မြေများ ယူကရိန်းထံမှ ပြန်လည်မသိမ်းပိုက်နိုင်မီအချိန်အထိ ရုရှားသည် စေ့စပ်ညှိနှိုင်းမှုများ စတင်မည် မဟုတ်ကြောင်း ဝါရှင်တန်ပို့စ် သတင်းကရေးသားဖော်ပြသည်။

သမ္မတ ပူတင်က Kursk ဒေသကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ခြေတလှမ်းနောက်ကျနိုင်ပြီး သိမ်းပိုက်ထားသော ယူကရိန်းနယ်မြေများကို စွန့်လွှတ်လိုခြင်းမရှိကြောင်း အဆိုပါစာစောင်တွင် ရေးသားထားသည်။

အဆိုပါဒေသရှိ ရုရှားထိုးစစ်အသစ်သည် ထရန့်သည် အမေရိကန်သမ္မတအဖြစ် ရွေးချယ်ခံရပြီးနောက် စတင်ခဲ့သည်ဟု ရေးသားဖော်ပြထားပါသည်။

Source: ဝါရှင်တန်ပို့စ်