ကဏ္ဍများ

သရဲပြာ ပုဂ္ဂလိက အာကာသယာဉ် လပေါ် ဆင်းသက်

ပုဂ္ဂလိက အာကာသယာဉ်တစ်စီး လကမ္ဘာပေါ် ဆင်းသက်ခဲ့ပြီး ဒုတိယမြောက် လပေါ်ရောက်သည့် စီးပွားဖြစ် အာကာသယာဉ် ဖြစ်လာပါသည်။

ကမ္ဘာမြေပေါ်က ဇန်န၀ါရီလ ၁၅ ရက်တွင် ထွက်ခွာသွားသည့် သရဲပြာ အာကာသယာဉ်ကို အမေရိကန်မှ ပိုးစုန်းကြူး အာကာသယာဉ် ကုမ္ပဏီက လွှင့်တင်ခဲ့ခြင်း ဖြစ်ပြီး ကမ္ဘာပေါ်ကနေ လှမ်းမြင်ရသည့် လကမ္ဘာက Sea of Crises ချိုင့်ခွက်ကြီးကို စူးစမ်းလေ့လာရန် ဖြစ်ပါသည်။

အဆိုပါစီမံချက်ကို နာဆာ အမေရိကန် အာကာသအေဂျင်စီနှင့် ပုဂ္ဂလိက ကုမ္ပဏီများ ပူးပေါင်း ဆောင်ရွက်ခဲ့ ကြခြင်း ဖြစ်ပါသည်။

Intuitive Machines ဆိုသည့် နောက်ကုမ္ပဏီက လွှတ်တင်သော အေသီနာ အာကာသယာဉ်သည်လည်း ရက်ပိုင်း အတွင်း လကမ္ဘာ တောင်ဝင်ရိုးစွန်းနားကို ဆင်းသက်မည်ဟု ခန့်မှန်းထားကြပါသည်။

Intuitive သည် ပထမဆုံး လပေါ် ဆင်းသက်သည့် ပုဂ္ဂလိက ကုမ္ပဏီ ဖြစ်ပြီး သြဒစ်ဆီးယပ်စ် အာကာသယာဉ်မှာ လပေါ်ကို ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်က ရောက်ရှိခဲ့ပါသည်။

သို့သော် ချိုင့်ခွက်၏ ကုန်းစောင်းပိုင်းကို ဆင်းသက်မိသောကြောင့် အဆင်းဂီယာတချို့ ကျိုးပြီး အာကာသယာဉ် တိမ်းမှောက်ခဲ့ပါသည်။

သရဲပြာ အာကာသယာဉ် ဆင်းသက်မှုမှာမူ ညင်သာပြီး ပြီးခဲ့သည့် နှစ်ပတ်အတွင်း လကမ္ဘာကို လှည့်ပတ် နေခဲ့ပါသည်။

ဆင်းသက်မှု အောင်မြင်ခဲ့သည့်အတွက် တက္ကဆက်က ပိုးစုန်းကြူး ကုမ္ပဏီရုံးချုပ်တွင် တာဝန်ထမ်းဆောင် နေသည့် ဝန်ထမ်းများ ဟစ်ကြွေး ဂုဏ်ပြုခဲ့ကြပါသည်။

သရဲပြာသည် လပေါ် ပထမဆုံး အောင်မြင်စွာ ဆင်းသက်သည့် ပုဂ္ဂလိက အာကာသယာဉ်ဖြစ်ကြောင်း Open University က ဂြိုဟ်ကမ္ဘာသိပ္ပံ သုတေသီ ဒေါက်တာ ဆီမီယန် ဘာဘာက ပြောကြားခဲ့ပါသည်။

အပိုလို အာကာသယာဉ် ခေတ်က အာကာသယာဉ်မှူးများ လပေါ် ဆင်းသက်ခဲ့ပြီးနောက် မေ့ပျောက်ထားခဲ့သည့် နည်းပညာကို ယခုအာကာသယာဉ်က ပြန်ပြီး သရုပ်ပြခဲ့ကြောင်း ၎င်းက ဘီဘီစီကို ပြောပါသည်။

အာကာသထဲက တခြားနေရာများကို စူးစမ်းလေ့လာရန် လကို အာကာသယာဉ်လွှတ်တင်သည့် စခန်းအဖြစ် သုံးချင်ကြသည့် ပုဂ္ဂလိက ကုမ္ပဏီများအတွက် လက အရေးကြီးကြောင်း ၎င်းက ပြောပါသည်။

လ၏ ပူလိုက် အေးလိုက်နှင့် ဖုန်ထူပြီး ရောင်ခြည်ထုတ်လွှတ်မှုများသည့် ကြမ်းတမ်းသော ပတ်ဝန်းကျင်တွင် အာကာသထဲရောက် စက်ရုပ်များ မည်ကဲ့သို့ လှုပ်ရှား ပြေးလွှားသလဲ သွားပြီး လေ့လာနိုင်ကြောင်း ၎င်းက ပြောပါသည်။

လူတွေ လပေါ် ပြန်သွားချင်ကြပေမယ့် ငွေကြေးအခက်အခဲကြောင့် ယခုလောက် ကြာခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြပါသည်။

နောက်ဆုံး လပေါ် လူများ ခြေချခဲ့သည်မှာ ၁၉၇၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်က ဖြစ်ပြီး အပိုလို ၁၇ အာကာသ ယာဉ်မှူးများ ဖြစ်ကြပါသည်။

အပိုလို ခရီးစဉ်များသည် အောင်မြင်မှု ကြီးမားသော်လည်း သွားပြီး ပြန်ရုံသက်သက် ခရီးစဉ်များသာ ဖြစ်ကြောင်း ဒေါက်တာ ဘာဘာက ဆိုပါသည်။

ထိုအချိန်တုန်းက အာကာသယာဉ်မှူးများသည် “လ” ပြန်မထွက်ခင် သုံးရက်ကြာအောင်နေရပြီး စရိတ်အနေဖြင့် ဒေါ်လာ ဘီလီယံနှင့်ချီ ကုန်ကျသဖြင့် ရေရှည် လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ကြောင်း ၎င်းက ပြောပါသည်။

ပုဂ္ဂလိက ကုမ္ပဏီများကို အာကာသစူးစမ်းလေ့လာရေးနယ်ထဲ ထည့်သွင်းသည့်အတွက် စီးပွားဖြစ် ပြိုင်ဆိုင်မှုများ ရှိလာပြီး ကုန်ကျစရိတ် သက်သာမည်ဟု ယုံကြည်ကြကြောင်း ဒေါက်တာဘာဘာက ပြောပါသည်။

အဆိုပါ ပြိုင်ဆိုင်မှုများကနေ လပေါ်ဆင်းသည့် စျေးသက်သာသော အာကာသယာဉ်များ ပေါ်လာသည်နှင့် လပေါ်ကနေ အာကာသယာဉ်မှူးများအတွက် သောက်ရေ ရရှိစေရန် အရင်းအမြစ်များ ထုတ်ယူခြင်းကဲ့သို့ တီထွင်မှုများ ဖြစ်လာနိုင်ပါသည်။

လပေါ်ရောက်ရှိရန် ကြိုးစားခဲ့သည့် ပထမဆုံး ပုဂ္ဂလိက ကုမ္ပဏီကလည်း နောက်ထပ် အမေရိကန် ကုမ္ပဏီတစ်ခုဖြစ်ပြီး Astrobotic နည်းပညာကုမ္ပဏီ ဖြစ်ပါသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီမှာ လပေါ်ကို ရောက်အောင် ကြိုးစားခဲ့သော်လည်း လောင်စာယိုစိမ့်မှုကြောင့် လပေါ် မဆင်းနိုင်ဘဲ ကမ္ဘာပေါ်ကို ပြန်ပျက်ကျခဲ့ပါသည်။

ကိုးကား - BBC News မြန်မာ

သတင်းအပြည့်အစုံကို ဆက်လက်ဖတ်ရှုရန်- https://www.bbc.com/burmese/articles/cx2g7qke5leo

ဝိုင်နဲ့ ကမ္ဘာ့အမွေအနှစ် နေရာတွေကြောင့် နာမည်ကျော်တဲ့ ပေါ်တိုမြို့

ပေါ်တိုမြို့သည် ပေါ်တူဂီနိုင်ငံတွင် လစ္စဘွန်း မြို့ပြီးလျှင် ဒုတိယမြောက်အကြီးဆုံးမြို့တစ်မြို့ဖြစ်ပြီး ဝိုင်တင်ပို့မှုကြောင့် နာမည်ကျော်ကြားသည့် မြို့တစ်မြို့ဖြစ်သည်။ ပေါ်တိုမြို့သည် ပေါ်တိုခရိုင်၏ မြို့တော်ဖြစ်ပြီး Iberian ကျွန်းဆွယ်၏ အဓိကမြို့ပြ ဧရိယာများထဲမှ တစ်ခုဖြစ်ကြောင်းလည်းသိရသည်။ ပေါ်တိုမြို့သည် ပေါ်တိုမြို့ပြဧရိယာနှင့် နှိုင်းယှဉ်မည်ဆိုပါက သေးငယ်ပြီး နေထိုင်သူလူဦးရေမှာ (၂၄၈၇၆၉)ဦးရှိကာ စုစုပေါင်းအကျယ်အဝန်းမှာ (၄၁ ဒသမ ၄၂) စတုရန်းကီလိုမီတာရှိကြောင်းလည်း သိရသည်။ 

ပေါ်တိုမြို့ပြဧရိယာတွင် နေထိုင် သူလူဦးရေ (၁ ဒသမ ၈) သန်းရှိပြီး စုစုပေါင်းအကျယ် အဝန်းမှာ (၂၃၅၉) စတုရန်းကီလိုမီတာရှိပြီး ပေါ်တူဂီ နိုင်ငံတွင်းတွင် ဒုတိယမြောက်အကြီးဆုံးမြို့ပြဧရိ ယာဖြစ်ကြောင်းလည်းသိရသည်။ ထို့ပြင် ပေါ်တိုမြို့သည် ဂလိုဘယ်လိုက်ဇေးရှင်းနှင့် ကမ္ဘာ့မြို့ကြီးများ သုတေသနကွန်ရက်မှ Gamma+ အဆင့် သတ်မှတ်ချက်ဖြင့် ကမ္ဘာ့မြို့တစ်မြို့အဖြစ် အသိအမှတ် ပြု ထားသည့် မြို့တစ်မြို့လည်းဖြစ်သည်။ ပေါ်တူဂီ မြောက်ပိုင်းရှိ Douro မြစ်ကမ်းပါးတစ်လျှောက် တွင်တည်ရှိသော ပေါ်တိုမြို့သည် ရှေးအကျဆုံး ဥရောပစင်တာများထဲမှတစ်ခုဖြစ်ပြီး (၁၉၉၆) ခုနှစ်တွင် ပေါ်တို၏သမိုင်းဝင်စင်တာ၊ Luiz I တံတားနှင့် Serra do Pilar ဘုန်းတော်ကြီးကျောင်းတို့ကို ယူနက် စကိုက ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။ ပေါ်တိုမြို့ မြို့ပြ ဧရိယာ၏ အနောက်ဘက်သည် အတ္တလန္တိတ် သမုဒ္ဒရာ၏ ကမ်းရိုးတန်းအထိ ကျယ်ပြန့်ကြောင်းလည်း သိရသည်။ ပေါ်တိုမြို့၏ အခြေချနေထိုင်မှုသည် ဘီစီ(၂)ရာစုတွင် ရောမအင်ပါယာ၏ ကင်းစခန်း ဖြစ်ခဲ့သည့် အချိန်မှစတင်ခဲ့ခြင်းဖြစ်သည်။ ပေါ်တူဂီ ၏ အကျော်ကြားဆုံးပို့ကုန်များထဲမှတစ်ခုဖြစ်သော Port wine ကို ‌ပေါ်တိုမြို့၏ မြေအောက်ခန်းများတွင် ထုပ်ပိုးခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် တင်ပို့ခြင်းတို့လုပ် ဆောင်ခဲ့ပြီးနောက် ပေါ်တိုမြို့သည် ဝိုင်တင်ပို့မှု နှင့်ပတ်သက်ပြီး နာမည်ကျော်ကြားသည့် မြို့တစ်မြို့ ဖြစ်လာခဲ့ခြင်းဖြစ်သည်။ ထို့ပြင် (၂၀၁၄)ခုနှစ် (၂၀၁၇) ခုနှစ်တို့တွင် ပေါ်တိုမြို့သည် Best European Destinations အေဂျင်စီ၏ အကောင်းဆုံးဥရောပနေရာတစ်ခုအဖြစ် ရွေးချယ်ခြင်းကိုခံခဲ့ရကြောင်းလည်း သိရသည်။

ပေါ်တိုမြို့သည် ပေါ်တူဂီမြို့နှင့် Iberian ကျွန်း ဆွယ်၏ အဓိကစက်မှုနှင့် ဘဏ္ဍာရေးစင်တာတစ်ခု ဖြစ်ကြောင်းလည်းသိရသည်။ ကြီးမား‌သော စက်မှုလုပ်ငန်းအတွက် အရေးအပါဆုံးနေရာတစ်ခု ဖြစ်သော ပေါ်တိုမြို့သည် Altri ၊ Ambar ၊ Amorim ၊ Bial ၊ BPI ၊ Cerealis ၊ CIN ၊ Cofina ၊ EFACEC ၊ Frulact ၊ Lactogal ၊ Millennium bcp ၊ Porto Editora ၊ RAR ၊ Sonae ၊ Bcp ၊ Superae ၊ Bcp ၊ Superaock Group တို့ကဲ့သို့သော အကြီးဆုံးပေါ်တူဂီကော်ပိုရေးရှင်းများစွာ အခြေ စိုက်သည့်နေရာ တစ်ခုလည်းဖြစ်သည်။ ပေါ်တိုမြို့၏ စတော့အိတ်ချိန်းဟောင်းသည် ပေါ်တူဂီမြို့၏ အကြီးဆုံးဖလှယ်မှုနေရာ တစ်ခုအဖြစ် ပြောင်းလဲခဲ့ကြောင်းလည်းသိရသည်။ ယခင်က စတော့အိတ်ချိန်း နေရာတစ်ခုအဖြစ် လုပ်ဆောင်ခဲ့သော အဆောက်အအုံသည် လက်ရှိအချိန်တွင် မြို့၏ခရီးသွား ဆွဲဆောင်မှုနေရာများထဲမှ တစ်ခုဖြစ်ပြီး ပေါ်တူဂီနိုင်ငံပိုင် ဖွံ့ဖြိုးရေးဘဏ်ကို (၂၀၂၀) ပြည့်နှစ်တွင် တည်ထောင်ခဲ့ကာ ပေါ်တို့မြို့တွင် အခြေစိုက်ထားကြောင်းလည်းသိရသည်။ ပေါ်တိုမြို့သည် နာမည်ကြီး ပေါ်တူဂီသတင်းစာ Jornal de Notícias ကို လက်ခံကျင်းပသည့်နေရာတစ်ခုဖြစ်ပြီး ရုံးချုပ်များတည် ရှိသည့် အဆောက်အအုံသည် ပေါ်တိုမြို့တွင်အမြင့်ဆုံးအဆောက်အအုံများထဲမှ တစ်ခုဖြစ်ခဲ့ကြောင်း လည်းသိရသည်။ Porto Editora သည် ပေါ်တိုမြို့တွင် အကြီးဆုံးသော ထုတ်ဝေသူများထဲမှ တစ်ခုဖြစ်ပြီး ၎င်း၏အဘိဓာန်များသည် နိုင်ငံအတွင်းအသုံးပြုသည့် ရေပန်းအစားဆုံးအကိုး အကား များထဲမှဖြစ်ပြီး ဘာသာပြန်ဆိုချက်များမှာလည်း အလွန်ရေပန်းစားကြောင်းသိရသည်။ ပေါ်တိုမြို့နှင့် Douro မြစ်အထက်ပိုင်းတို့ကြားတွင် စီးပွားရေးဆက်ဆံရေးမှာ အလယ်ခေတ်များထဲမှစတင်ခဲ့ပြီး ယနေ့ခေတ်အထိ အလွန်နက်ရှိုင်းစွာ ဆက်စပ်နေဆဲဖြစ်သည်။ 

sumach ၊ သစ်သီးခြောက်များ၊ အခွံမာသီးများနှင့် Douro သံလွင်ဆီများသည် ဒေသတွင်းနှင့် ပေါ်တိုမြို့အကြား ကြွယ်ဝသောဖလှယ် မှုများကို တည်တံ့စေခဲ့သည့်အရာများလည်းဖြစ် သည်။ အဆိုပါထုတ်ကုန်များကို Douro မြစ်ကမ်းစပ်ရှိ ကျောက် တံတားများမှတစ်ဆင့် အခြားဈေးကွက်နေရာများသို့တင်ပို့ခဲ့ပြီး ပေါ်တိုမြို့သည် ပေါ်တူဂီ၏ မြောက် ဘက်ဒေသနှင့် စပိန်နိုင်ငံ၏ မြောက်ပိုင်းနှင့် အနောက်ဘက်ဒေသများသို့ သွား‌ရောက်သည့် ဝင်ပေါက် ထွက်ပေါက်နေရာတစ်ခုလည်းဖြစ်သည်။ ပေါ်တိုမြို့မှ အချိန်(၂)နာရီကြာ ကားမောင်းရသည့် အကွာ အဝေးအတွင်း ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ‌လေးခုနှင့် Santiago de Compostela ကဲ့သို့သော နာမည်ကြီး စပိန်ခရီးသွား နေရာများရှိကြောင်းလည်းသိရသည်။ ပေါ်တူဂီခရိုင် မြို့တော် (၁၈)ခု၏ ယှဉ်ပြိုင်နိုင်စွမ်းနှင့်ပတ်သက်သော လေ့လာမှုတစ်ခုတွင် ပေါ်တိုမြို့သည် အဆိုးရွားဆုံးအဆင့်ဖြစ်ပြီး လေ့လာမှုကို Minho တက္ကသိုလ်မှ စီးပွားရေးသုတေသီများက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ (၂၀ဝ၆)ခုနှစ် စက်တင်ဘာလ(၃၀) ရက်တွင် Público သတင်းစာမှာ ထုတ်ဝေခဲ့‌ကြောင်း သိရသည်။ အဆိုပါ လေ့လာမှု တွင် အဆင့်အကောင်းဆုံးမြို့များမှာ အီဗိုရာ၊ လစ္စဘွန်းနှင့် ကိုလံဘီယာမြို့တို့ ဖြစ်‌ကြောင်းလည်းသိရ သည်။ Expresso တွင် ထုတ်ဝေသော (၂၀ဝ၇)ခုနှစ် အဆင့်သတ်မှတ်ချက် တစ်ခုတွင် ပေါ်တိုမြို့ကို ပေါ်တူဂီတွင်နေထိုင်ရန် တတိယအကောင်းဆုံးမြို့တစ်မြို့အဖြစ် သတ်မှတ်ထားသည်။ ပေါ်တို့မြို့ပြဧရိယာသည် ဂျီဒီပီ ယူရို(၄၃ ဒသမ ၁)ဘီလျံရှိပြီး တစ်ဦးချင်းဂျီဒီပီမှာ (၂၄၀၇၅) ယူရိုဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း ပေါ်တိုမြို့တွင် သိသာသော ခရီးသွားလာမှုတိုးမြင့်မှုများကို ကြုံတွေ့ခဲ့ရပြီး (၂၀၁၂)ခုနှစ်၊ (၂၀၁၄)ခုနှစ်နှင့် (၂၀၁၇)ခုနှစ်တို့တွင် ဥရောပ၏အကောင်းဆုံး နေရာတစ်ခု အဖြစ် ဆုကိုရရှိခဲ့ကြောင်းသိရသည်။ ထို့ပြင် ပေါ်တိုမြို့သည် (၂၀၁၇)ခုနှစ် ဇန်နဝါရီလနှင့် နိုဝင်ဘာလ တို့တွင် ညအိပ်ခရီးသွား(၂ ဒသမ ၈)သန်း၊ နေ့ချင်းပြန်ခရီးသွား(၁ ဒသမ ၄)သန်းလာ ရောက်လည်ပတ်ခဲ့ပြီး (၇၃)ရာခိုင်နှုန်းမှာ အခြား နိုင်ငံများမှဖြစ်ကြောင်းသိရသည်။ (၂၀၁၈)ခုနှစ်တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ ပေါ်တိုမြို့၏ ခရီးသွားလုပ်ငန်းဝင်ငွေသည် (၁၁)ရာခိုင်နှုန်း တိုးလာခဲ့ကြောင်းလည်း သိရသည်။ (၂၀၁၉) ခုနှစ်‌ ဖေဖော်ဝါရီလတွင်ထုတ်ပြန်ခဲ့သော အစီရင်ခံစာတစ်ခုအရ ပေါ်တိုမြို့ စီးပွား ရေးလုပ်ဆောင်မှု၏(၁၀)ရာခိုင်နှုန်းကျော်သည် ခရီးသွားလုပ်ငန်းမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်းသိရ သည်။(၂၀၁၇)ခုနှစ်တွင် ပေါ်တိုမြို့၏ဟိုတယ်နေထိုင်မှုနှုန်းသည် (၇၇)ရာခိုင်နှုန်းရှိပြီး (၂၀၁၉)ခုနှစ် ဇွန်လ တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာတစ်ခုအရ ပေါ်တိုမြို့ သည် မြို့ပြခရီးသွားများ ဝယ်လိုအားတွင် အဆမတန် တိုးပွားလာနေသော ဥရောပခရီးသွားနေရာများအနက်မှ တိုးတက်မှုအမြန်ဆုံးမြို့တစ်ခု အဖြစ် ဖော်ပြခဲ့ကြောင်းသိရသည်။ ပေါ်တိုမြို့ရှိ အကျော်ကြားဆုံး ခရီးသွားဆွဲဆောင်မှုနေရာများတွင် Porto Cathedral ၊ Dom Luís I ၊ တံတား၊ Café Majestic ၊ Livraria Lello ၊ နှင့် Jardins do Palácio de Cristal တို့ပါဝင်ကြောင်းသိရသည်။

Source: Pika (NP News) 

ပြည်ပအခြေစိုက် သံရုံးဝန်ထမ်းများ လျှော့ချရေးအစီအစဉ်ကို ထရမ့် အစိုးရစတင်ဟု အမေရိကန် မီဒီယာများဆို

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၂ ရက်တွင် တစ်ကမ္ဘာလုံး ဒေသအသီးသီးရှိ အမေရိကန်သံရုံးများ ဝန်ထမ်းလျှော့ချရေးအစီအစဉ်ရေးဆွဲရန် တောင်းဆိုခဲ့သည်ဟု အမေရိကန် ရုပ်သံလွှင့်ကုမ္ပဏီ (ABC) သတင်းဌာနက ယင်းနေ့တွင် သတင်းဖော်ပြခဲ့ကြောင်း သိရသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြည်ပအခြေစိုက်သံရုံးများအနေဖြင့် ဝန်ထမ်းအားလုံး၏ အမည်စာရင်းနှင့် ခန့်အပ်ထားမှုအခြေအနေအားတင်ပြရန်တောင်းဆိုခဲ့ပြီး သံရုံးများကလည်း တစ်ချိန်တည်းတွင် အမေရိကန်နိုင်ငံသားဝန်ထမ်းနှင့် ဒေသတွင်းခန့်အပ်ထားသော ဝန်ထမ်းများအား လျှော့ချသွားမည်ဟု သတင်းတွင် ဖော်ပြထားသည်။

ထို့ပြင် အိမ်ဖြူတော် ဝက်ဘ်ဆိုက်သတင်းအရ အမေရိကန်နိုင်ငံ သမ္မတထရမ့်သည် ဖေဖော်ဝါရီ ၁၂ ရက်တွင် အမိန့်ကြေညာချက်၌ လက်မှတ်ရေးထိုးခဲ့ကာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့် သမ္မတ၏ နိုင်ငံခြားရေးမူဝါဒကို သစ္စာရှိစွာဖော်ဆောင်ရန် တောင်းဆိုခဲ့ပြီး သို့မဟုတ်ပါက အလုပ်ဖြုတ်ခံရခြင်း စသည့်ပြစ်ဒဏ်ပေးမှုခံရမည်ဟု ဖော်ပြခဲ့ကြောင်းသိရသည်။ အဆိုပါအမိန့်တွင် နိုင်ငံခြားရေးဝန်ထမ်းများက သမ္မတ၏မူဝါဒ အကောင်အထည်ဖော်ဆောင်ခြင်းကို အာမခံနိုင်ရန်အတွက် နိုင်ငံခြားရေးဝန်ကြီးက နိုင်ငံခြားရေးဝန်ထမ်းများခန့်အပ်ခြင်း၊ အကဲဖြတ်ခြင်း၊ လေ့ကျင့်ခြင်း စသည့်လုပ်ငန်းများကို ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်ရန်လည်း တောင်းဆိုထားသည်။ အဆိုပါ လုပ်ရပ်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးစားပြင်ဆင်ဖွဲ့စည်းမှုအတွက် လမ်းခင်းခြင်းဖြစ်ပြီး အခွင့်အာဏာကို သမ္မတမှတိုက်ရိုက်ခန့်အပ်သည့် အရာရှိထံတွင် စုစည်းလိုက်ခြင်းပင်ဖြစ်သည်ဟု ABC က သတင်းဖော်ပြထားသည်။

လွန်ခဲ့သည့်နှစ်ပတ်အတွင်း အမေရိကန်ပြည်တွင်းနှင့် ပြည်ပအခြေစိုက် အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ဝန်ထမ်းအများစုသည် ခွင့်ယူရန်စီစဉ်ခံထားရခြင်းကြောင့် သံရုံး တာဝန်ခံများက ၎င်းတို့တွင် လည်ပတ်နေဆဲစီမံကိန်းများအား စီမံရန်လူလိုအပ်နေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့်အလွှာထံ ကန့်ကွက်တင်ပြခဲ့ကြသည်ဟု သတင်းဖော်ပြချက်အရ သိရသည်။ 

ကိုးကား- ဆင်ဟွာ

‌ရွှေ့ပြောင်းနေထိုင်သူများအတွက် နယူးယောက်ကိုပေးအပ်သည့် အမေရိကန် ဒေါ်လာသန်း ၈၀ ကို အိမ်ဖြူတော်က ပြန်လည် ရုတ်သိမ်းခဲ့ခြင်း

ထရမ့်အစိုးရသည် နယူးယောက်မြို့ရှိ ရွှေ့ပြောင်းနေထိုင်သူများ၏ ကုန်ကျစရိတ်တချို့ကို ကာမိဖို့ ရည်ရွယ်သည့် ဖက်ဒရယ်ရန်ပုံငွေကို ပြန်လည်ထိန်းချုပ်မည့် ၎င်းရဲ့ ကတိကဝတ်ကို လျင်မြန်စွာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ ပြီးခဲ့သည့်သီတင်းပတ်အတွင်း နယူးယောက်မြို့သို့ ဖက်ဒရယ်အရေးပေါ် စီမံခန့်ခွဲရေးအေဂျင်စီ(FEMA)က ခွင့်ပြုပေးခဲ့သည့် ဒေါ်လာသန်း ၈၀ လွှဲပြောင်းခြင်းကို တစ်ဖက်သတ်ရုတ်သိမ်းခဲ့သည်။

အဆိုပါ ဒေါ်လာ သန်း ၈၀ သည် မြို့တော်၏ ဘဏ်အကောင့်မှ ရုတ်တရက် ပျောက်ဆုံးသွားသည်ကို မိမိတို့ သတိပြုမိခဲ့ကြောင်းကို မြို့တော်အကြီးအကဲများက ဗုဒ္ဓဟူးနေ့တွင် ထုတ်ဖော်ပြောကြား ခဲ့ပါသည်။ ထို့နောက်တွင် အဆိုပါငွေများကို အင်္ဂါနေ့က ဘဏ်အကောင့်မှ ပြန်လည်ရုတ်သိမ်း ခဲ့ခြင်းဖြစ်ကြောင်းကို FEMA ၏ အမိမြေလုံခြုံရေးဌာနက အတည်ပြုပြောကြားခဲ့သည်။ ဤသည်မှာ ယခင်အစိုးရလက်ထက် လွှတ်တော်က အတည်ပြု ထားပြီးဖြစ်သည့် ဘဏ္ဍာငွေကိစ္စရပ်များအပေါ် ထရမ့်အစိုးရ၏ ရပ်ဆိုင်းရန်၊ သို့မဟုတ် ပယ်ဖျက်ရန် ကြိုးပမ်းမှု၏ ထင်သာမြင်သာရှိသည့် လုပ်ဆောင်ချက်ပင်ဖြစ်သည်။

Elon Musk က ၎င်း၏ Twitter Account တွင် FEMA ရန်ပုံငွေများ ပြန်လည်ထိန်းချုပ်ရေးကို အဓိကပစ်မှတ်ထား လုပ်ဆောင်သွားမည်ဖြစ်ပြီး ရွှေ့ပြောင်းနေထိုင်သူများအတွက် ဖက်ဒရယ် ရန်ပုံငွေများ အသုံးပြုမှုနှင့်သက်ဆိုင်သည့် FEMA အရာရှိ ၄ ဦး ကို ထုတ်ပယ်သွားရန် လှုံ့ဆော် ရေးသားခဲ့ပြီးနောက် ယခုကဲ့သို့ ဒေါ်လာသန်း ၈၀ ပြန်လည်ရုတ်သိမ်းမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ လွှတ်တော်က အတည်ပြုထားသည့် ရန်ပုံငွေကို ထရမ့်အစိုးရက ပြန်လည်ရုတ်သိမ်း ခြင်းဖြစ်စဉ်မျိုးသည် မကြုံစဖူးဖြစ်စဉ်ဖြစ်သဖြင့် တရားနည်းလမ်းကျသည့် လုပ်ရပ်ဟုတ်/မဟုတ် အပေါ် မြို့တော်တာဝန်ရှိသူများအနေဖြင့် မေးခွန်းထုတ်စရာပင် ဖြစ်သည်။

“ယခုဖြစ်စဉ်နှင့်ပတ်သက်၍ အမြန်ဆုံးဖြေရှင်းဆောင်ရွက်နိုင်ရေး” FEMA နှင့် အရေးပေါ်ဆွေးနွေးမှု တစ်ရပ် လုပ်ဆောင်ရန် မြို့တော်ခန်းမ(City Hall)က အိမ်ဖြူတော်နှင့်ဆက်သွယ်တောင်းဆိုခဲ့ကြောင်း နယူးယောက်မြို့တော်ဝန် Eric Adams ၏ ပြောရေးဆိုခွင့်ရှိသူ Liz Garcia က ပြောကြားခဲ့ပါသည်။

ထို့အပြင် City Hall အနေဖြင့် “ယခုဖြစ်စဉ် မည်ကဲ့သို့ဖြစ်ပေါ်ခဲ့သည်နှင့်စပ်လျဉ်း၍ ဌာနတွင်း စုံစမ်းစစ်ဆေးမှုတစ်ရပ်” လုပ်ဆောင်လျက်ရှိပြီး မြို့တော်၏ဥပဒေရေးရာဌာနအနေဖြင့်လည်း “တရားစွဲဆိုင်နိုင်ရေး ဖြစ်နိုင်ချေနည်းလမ်းများကို ရှာဖွေခြင်း”များကို လုပ်ဆောင်လျက်ရှိပါသည်။

ငွေပေးချေမှုများကို မသင့်လျော်ဟု ယူဆလျှင် သို့မဟုတ် ထောက်ပံ့မှု သဘောတူချက်ကို ချိုးဖောက်လျှင် ထောက်ပံ့မှုများမှတစ်ဆင့် ဖြန့်ဖြူးထားပြီးသား ရန်ပုံငွေများကို ပြန်လည်သိမ်းဆည်းရန် ဖက်ဒရယ်အစိုးရကို ပုံမှန်အားဖြင့် ခွင့်ပြုထားသော်လည်း အဆိုပါလုပ်ငန်းစဉ်သည် အေဂျင်စီများ အတွက် အချိန်ကြာမြင့်ပြီး စီမံခန့်ခွဲမှုအပိုင်းတွင် ဝန်ထုပ်ဝန်ပိုး ဖြစ်နိုင်သည်ဟု Congressional Research Service က ဆိုပါသည်။။

“မိမိအနေဖြင့် FEMA ၏ တက်ကြွသူများက နယူးယောက်ရှိ ရွှေ့ပြောင်းနေထိုင်သူဟိုတယ်များအတွက် ပေးအပ်ခဲ့မှုအားလုံးကို ပြန်လည်ရုတ်သိမ်းကြောင်း၊ မိမိ၏စကားအား မှတ်သားထားစေ လိုကြောင်း၊ အမေရိကန်ပြည်သူလူထု၏ အကျိုးစီးပွားနှင့် ဘေးကင်းလုံခြုံမှုကို ထိခိုက်စေမည့် မည်သို့သော သုံးစွဲမှုမျိုးကိုမျှ လုပ်ဆောင်မည်မဟုတ်ကြောင်း”ကို အမိမြေလုံခြုံရေးဝန်ကြီး Kristi Noem က Twitter စာမျက်နှာတွင် ရေးသားဖော်ပြခဲ့ပါသည်။

အချို့သော ဥပဒေရေးရာကျွမ်းကျင်သူများက ဖက်ဒရယ်အစိုးရသည် ချုပ်ဆိုထားသည့် စာချုပ်များကို လေးစားလိုက်နာရန် လိုအပ်ပြီး မြို့တော်နှင့် FEMA ကြား ထောက်ပံ့ကြေးပေးအပ်မှုဆိုင်ရာ သဘောတူညီချက်တွင် ပြန်လည်ရုတ်သိမ်းမှုကို ခွင့်ပြုခြင်းဆိုင်ရာအချက်အလက်မပါရှိပါက ယခုကဲ့သို့ ဒေါ်လာ သန်း ၈၀ အား ပြန်လည်ရယူခြင်းသည် တရားမဝင်ဖြစ်နိုင်ကြောင်း အကြံပြုထားသည်။

“ဒါ့အပြင် ယခုကဲ့သို့လုပ်ဆောင်ခြင်းသည် သိမ်းဆည်းခြင်းဆိုင်ရာဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာမှုမရှိဘဲ တရားသဖြင့်ခွင့်ပြုချထားပေးသည့် ရန်ပုံငွေအား ပြန်လည်ရုတ်သိမ်းရန် လုပ်ဆောင်ချက် တစ်ခုဖြစ်ပြီး တရားမဝင်သည့် လုပ်ဆောင်မှုမျိုးဆိုသည်မှာ ထင်ရှားပါသည်”ဟု Georgetown University ၏ အုပ်ချုပ်ရေးဆိုင်ရာဥပဒေ ပါမောက္ခ David A. Super က ထုတ်ဖော်ပြောကြားခဲ့ပါသည်။

မေးခွန်းထုတ်စရာဖြစ်နေသည့် ရန်ပုံငွေများသည် သမ္မတဟောင်း Joseph R.Biden Jr လက်ထက် ယခင်နှစ်က လွှတ်တော်၌ အတည်ပြု ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ယင်းငွေများကို ၂၀၂၃ ခုနှစ်တွင် လွှတ်တော်၏ ကမကထပြုမှု၊ FEMA ၏ စီမံခန့်ခွဲမှုတို့ဖြင့် နယ်စပ်ဖြတ်ကျော်ရောက်ရှိလာပြီးနောက် ဖက်ဒရယ်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် ရွှေ့ပြောင်းနေထိုင်သူများအား ဝန်ဆောင်မှုများပေးအပ်နိုင်ရန် နယူးယောက်မြို့တော်နှင့် အဖွဲ့အစည်းများထံသို့အကာအကွယ်ပေးရေးနှင့် ဝန်ဆောင်မှုအစီအစဉ်ခေါင်းစဉ်အောက်မှ ထောက်ပံ့ပေးအပ်ခြင်း ဖြစ်သည်။

နိုင်ငံတစ်ဝှမ်းရှိမြို့များကို သက်ရောက်မှုဖြစ်စေသည့် စံချိန်တင်နယ်စပ်ဖြတ်ကျော်မှုများကြားတွင် ဖန်တီးခဲ့သော အဆိုပါရန်ပုံငွေအစီအစဉ်သည် နိုင်ငံအတွက်တရားဝင်အခွန်တာဝန် ထမ်းဆောင် နေကြသူများ၏ အခွန်ငွေများကို ဟိုတယ်များနှင့် အခြားသောနေရာများရှိ ရွှေ့ပြောင်းနေထိုင်သူ များက သုံးစွဲနေခြင်းအပေါ် ဒေါသထွက်ကြောင်း ပြောဆိုကြသည့် သမ္မတ Trump နှင့် ၎င်း၏ ရီပတ်ဘလစ်ကန်မဟာမိတ်များအတွက် ပစ်မှတ်ထားစရာကိစ္စရပ်တစ်ခု ဖြစ်လာပြီး ထုတ်ဖော်ပြောဆိုခဲ့သည်။ ယင်းအကာအကွယ်ပေးရေးအစီအစဉ်သည် ဖက်ဒရယ်အေဂျင်စီဘတ်ဂျက်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့်အပြင် သီးခြားရန်ပုံငွေတွင်ပါဝင်သော်လည်း FEMA သည် ရွှေ့ပြောင်း နေထိုင်သူများအတွက် အိမ်ရာထောက်ပံ့ကြေးအား ၎င်း၏ဘတ်ဂျက်မှ ဖျက်သိမ်းခဲ့ပြီး သဘာဝဘေး ကယ်ဆယ်ရေးရန်ပုံငွေများမှ လွှဲပြောင်းသုံးစွဲခဲ့ကြောင်းကို Trump က ယမန်နှစ်က မှားယွင်းပြောဆိုခဲ့သည်။

ကိုးကား- The New York Times           

အမေရိကန်ခရီးသွားများအတွက် ကမ္ဘာ့စျေးအသက်သာဆုံး နေရာများထဲမှ အရှေ့တောင်အာရှနိုင်ငံ ၄ နိုင်ငံ

အမေရိကန်ခရီးသွားများအတွက် ကမ္ဘာ့ဈေးပေါသည့် နေရာများထဲတွင် အရှေ့တောင်အာရှ နိုင်ငံ ၄ နိုင်ငံ ပါဝင်ပါသည်။ဤနိုင်ငံများသည် ဈေးနှုန်းသက်သာသည့် နေထိုင်စရာ၊ အစားအစာ၊ သယ်ယူပို့ဆောင်ရေးနှင့် လုပ်ငန်း ဆောင်တာများကြောင့် လူသိများပါသည်။ ထိုနိုင်ငံများမှာ-

၁။ ဗီယက်နမ်

ဗီယက်နမ်နိုင်ငံသည် လှပသောရှုခင်းများ၊ ကြွယ်ဝသောသမိုင်းနှင့် အလွန်သက်သာသည့် ကုန်ကျစရိတ်များကြောင့် လူသိများပါသည်။ လမ်းဘေးအစားအစာများကို ၁ ဒေါ်လာမှ ၂ ဒေါ်လာအထိ စားသုံးနိုင်ပြီး၊ ဈေးပေါသည့် နေထိုင်စရာများကို တစ်ညလျှင် ၁၀ ဒေါ်လာမှ ၁၅ ဒေါ်လာအထိ ရရှိနိုင်ပါသည်။ ဟနွိုင်း၊ ဟိုချီမင်းစီးတီးနှင့် ဟားလောင်းပေါ်ကဲ့သို့သော နေရာများသည် ငွေကုန် ကြေးကျသက်သာစွာ လည်ပတ်နိုင်ပါသည်။

၂။ ကမ္ဘောဒီးယား

ကမ္ဘောဒီးယားနိုင်ငံသည် အန်ကောဝပ်ကျောင်းကဲ့သို့သောရှေးဟောင်းဘုရားကျောင်းများနှင့် ဈေးနှုန်းသက်သာမှုများကြောင့်လူသိများပါသည်။ အန်ကောဝပ်သို့ တစ်နေ့လည်ပတ်ခွင့် လက်မှတ်ကို ၃၇ ဒေါ်လာခန့်ပေးရသော်လည်း၊ အခြားကုန်ကျစရိတ်များဖြစ်သည့် အစားအစာနှင့် နေထိုင်စရာများမှာ အလွန်သက်သာပါသည်။ ဘတ်ဂျက်ခရီးသွားများအတွက် ဟိုတယ်များကို ၁၀ ဒေါ်လာအောက်နှင့် အစားအစာများကို ၂ ဒေါ်လာမှ ၃ ဒေါ်လာအထိ ရရှိနိုင်ပါသည်။

၃။ အင်ဒိုနီးရှား

ဘာလီသည် အထင်ရှားဆုံးနေရာဖြစ်သော်လည်း၊ အင်ဒိုနီးရှားနိုင်ငံ၏ အခြားနေရာများဖြစ်သည့် ယိုဂျာကာတာနှင့် လုံဘော့တို့တွင် ပို၍ဈေးပေါပါသည်။ဒေသခံအစားအစာများကို ၁ ဒေါ်လာမှ ၂ ဒေါ်လာအထိ စားသုံးနိုင်ပြီး၊ ဘတ်ဂျက်နေထိုင်စရာများကို တစ်ညလျှင် ၅ ဒေါ်လာမှ ၁၅ ဒေါ်လာအထိ ရရှိနိုင်ပါသည်။ကျွန်းများအကြား သယ်ယူပို့ဆောင်ရေးမှာလည်း ဈေးနှုန်းသက်သာပါသည်။

၄။ လာအို

လာအိုနိုင်ငံသည် အရှေ့တောင်အာရှရှိ လူများစွာမသိသေးသည့် ရတနာတစ်ပါးဖြစ်ပြီး၊ ငြိမ်းချမ်းသောရှုခင်းများ၊ ရေတံခွန်များနှင့် သက်တောင့်သက်သာရှိသော လေထုကြောင့် လူသိများပါသည်။ ကုန်ကျစရိတ်များမှာ အလွန်သက်သာပြီး၊ ဘတ်ဂျက်နေထိုင်စရာများကို ၅ ဒေါ်လာမှ ၁၀ ဒေါ်လာအထိ၊ အစားအစာများကို ၁ ဒေါ်လာမှ ၃ ဒေါ်လာအထိရရှိနိုင်ပါသည်။ လွမ်ပရာဘောင်းနှင့် ဗန်းဗီယင်းကဲ့သို့သောနေရာများသည် ဈေးပေါပြီး လှပသော နေရာများဖြစ်ပါသည်။

ဤနိုင်ငံများသည် ဈေးနှုန်းသက်သာရုံသာမက ယဉ်ကျေးမှုအမွေအနှစ်များ၊ လှပသော သဘာဝရှုခင်းများနှင့်ခံတွင်းမတွေ့စရာအစားအစာများကိုလည်းပေးစွမ်းနိုင်သောကြောင့် ဘတ်ဂျက်ခရီးသွားများအတွက် အကောင်းဆုံးနေရာများဖြစ်ပါသည်။

ကမ္ဘာ့အေအိုင်နည်းပညာလောကကို ကိုင်လှုပ်လာသည့် Deepseek

လတ်တလော ကမ္ဘာ့နည်းပညာလောကတွင် တရုတ်နိုင်ငံ၏စမ်းသပ်ထုတ်လုပ်လိုက်သည့် Chatbot DeepSeek အေအိုင်(ဉာဏ်ရည်တုနည်းပညာ)ကြောင့် ပွက်လောရိုက်သွား ခဲ့ပါသည်။ DeepSeek သည် အက်ပဲလ်၏ အကျော်ကြားဆုံးသော အခမဲ့ချက်ဘော့ (Free Chatbot) အေအိုင်အက်ပလီကေးရှင်းများကို ကျော်တက်ပြီး အမေရိကန်၊ ယူကေနှင့် တရုတ်နိုင်ငံတို့တွင် လူကြိုက်ပိုများလာသည့် အက်ပလီကေးရှင်း တစ်ခုဖြစ်ပါသည်။ DeepSeek အေအိုင်စထွက်လာသည့် ဇန်နဝါရီလ အစောပိုင်းကတည်းက ယင်းအက်ပလီ ကေးရှင်းကို ဒေါင်းလုတ်ဒ်ပြုလုပ်သည့်သူများသည် တစ်နေ့တခြား တစ်ဟုန် ထိုးများလာခဲ့ ကာ အမေရိကန်နိုင်ငံထုတ် ChatGPT အေအိုင်ကိုပင် ကျော်တက်သွားခဲ့ပါပြီ။

ရှယ်ယာဈေးထိုးကျ

အဆိုပါအချက်သည် ကမ္ဘာ့အေအိုင်နယ်ပယ်တွင် အမေရိကန်သာ ထိပ်တန်းက ဦးဆောင်နေသည်ဆိုသောအချက်ကို စိန်ခေါ်လိုက်ခြင်းဖြစ်ပါသည်။ ကုန်ကျစရိတ်သက်သာစွာနှင့် တရုတ်၏ အေအိုင်ကုမ္ပဏီက ထုတ်လုပ်လိုက်သည့် Chatbot Deepseek ကြောင့် အမေရိကန် နည်းပညာကုမ္ပဏီကြီးများ၏ ရှယ်ယာဈေးများလည်း သိသိသာသာ ထိုးကျသွားခဲ့ပါသည်။

ကျန်ကျစရိတ်သက်သာ

အမေရိကန်အခြေစိုက် အေအိုင်နည်းပညာ ကုမ္ပဏီများဖြစ်သည့် နဗီဒီယာ၊ မိုက်ခရိုဆော့ဖ် နှင့် မက်တာကုမ္ပဏီများ၏ ရှယ်ယာဈေးများသည် ဇန်နဝါရီ ၂၇ ရက် အမေရိကန်ရှယ်ယာ အဖွင့်တွင် ဈေးကျဆင်းခဲ့ပါသည်။

DeepSeek အက်ပလီကေးရှင်းကို စမ်းသပ်ထုတ်လုပ်ရာတွင် အမေရိကန်တို့၏ Chatbot အက်ပလီကေးရှင်း ထုတ်လုပ်သည့်စရိတ်နှင့် နှိုင်းယှဉ်ပါက အနည်းငယ်မျှသာ ကုန်ကျခဲ့ကြောင်း သတင်းများလည်းထွက်ပေါ်နေပါသည်။ နည်းပညာလောကကို အမြဲလွှမ်းမိုးထားသည့် အမေရိကန်ကိုလည်း မေးခွန်းထုတ်နေကြပါပြီ။

တရုတ်က အဆိုပါ Chatbot အက်ပလီကေးရှင်းကို ထုတ်လုပ်ရာတွင် အမေရိကန်ဒေါ်လာ ၆ သန်း မျှသာကုန်ကျပြီး အခြားပြိုင်ဘက်များက ဒေါ်လာဘီလီယံနှင့်ချီ သုံးစွဲခဲ့ပါသည်။ ထို အချက်ကလည်း အေအိုင်ရင်းနှီးမြှုပ်နှံမှုပုံစံ နောက်ပိုင်းပြောင်းလဲလာနိုင်သလားဆိုသည့်အပေါ် ဒွိဟများ ဖြစ်လာကြပါသည်။

DeepSeek ကို အောင်မြင်စွာ စမ်းသပ်ထုတ်လုပ်

ChatGPT နဲ့ DeepSeek တို့ကဲ့သို့ အေအိုင်မော်လ်ဒယ်များကို ပါဝါပေးခြင်းသည် အဆင့်မြင့် ချစ်ပ်များဖြစ်ကြသည်။ ၂၀၂၁ ခုနှစ်ကစပြီး တရုတ်ကို ထိုအဆင့်မြင့်ချစ်ပ်များ ရောင်းချခြင်း မရှိစေရန် အမေရိကန်က ကျယ်ကျယ်ပြန့်ပြန့်တားမြစ်ခဲ့ပါသည်။ သို့သော် တရုတ်၏ DeepSeek ကုမ္ပဏီက ထိုအရာကိုအောင်မြင်အောင် စမ်းသပ်ထုတ်လုပ်လာနိုင်ခဲ့ခြင်း ဖြစ်ပါ သည်။

Deepseek ကုမ္ပဏီကို နည်းပညာနှင့် အီလက်ထရွန်နစ်အင်ဂျင်နီယာဘွဲ့ရ အသက် ၄ဝ အရွယ် မစ္စတာကျန်ဝမ်ဖန်းက ၂၀၂၃ ခုနှစ်၌ ထူထောင်ခဲ့ပါသည်။ ၎င်းကအဆိုပါ ကုမ္ပဏီ အတွက် ရင်းနှီးမြှုပ်နှံမှုများထည့်ဝင်ရန် ရန်ပုံငွေဈေးကွက်ကိုလည်း ထူထောင်ခဲ့ပါသည်။ တရုတ်၏ ထို Chatbot ကို မြန်မြန်ဆန်ဆန် တီထွင်နိုင်ခဲ့သည့် အဓိကအချက်သည်မစ္စတာလျန်က နဗီဒီယာအေ (Nvidia) ၁ဝဝ ချစ်ပ်များကို စုဆောင်းနိုင်ခဲ့သလား ဆိုသည့်အပေါ် စဉ်းစားကြည့်ရမည်ဖြစ်ပါသည်။ သို့သော် မစ္စတာလျန်သည်  စွမ်းဆောင်ရည်အလယ်အလတ် ရှိသည့် အိတ်ချ် ၈၀၀ နဗီဒီယာချစ်ပ်များ စုဆောင်းခဲ့ကြောင်း ပြောရမည်ဖြစ်ပါသည်။ အဆိုပါ ချစ်ပ်များသည် Deepseek ကို ဖန်တီးပုံဖော်ရာတွင် အဓိကအခန်းကဏ္ဍက ပါဝင်လာပြီ ဖြစ်ပါသည်။ Deepseek က ကုမ္ပဏီ၏ နာမည်ဖြစ်ပြီး ၎င်းတီထွင်ထုတ်လုပ်လိုက်သည့် Chatbot အက်ပလီကေးရှင်းက DeepSeekR1 ဖြစ်ပါသည်။

Deepseek နှင့် ChatGPT တို့၏ စွမ်းဆောင်ရည်တူညီသလား

Deepseek နှင့် ChatGPT တို့၏ စွမ်းဆောင်ရည်များသည် တစ်ခုနှင့်တစ်ခု ကွာခြားမှုမရှိပါ။ ၎င်းတို့၏ စွမ်းဆောင်ရည် ကွာခြားချက်ကို လေ့လာကြည့်ရအောင်ပါ။ ChatGPT ၏ Open AI ကို လေ့ကျင့်ပေးရန်အတွက် အေ ၁၀၀ နဗီဒီယာချစ်ပ် နှစ်သောင်းလောက်အထိသုံးထားကာ DeepSeek ကို အိတ်ချ် ၈၀၀ နဗီဒီယာချစ်ပ် နှစ်ထောင်ကျော်လောက် အထိသာ သုံးထားကြောင်း သိရပါသည်။ DeepSeek ကို သုတေသနနှင့် အချက်အလက်ရှာဖွေရာတွင် ဆုံးဖြတ်ချက်ပေးနိုင်ရန် အဓိကထားသုံးခြင်းဖြစ်ပြီး ChatGPT ကို လူတစ်ယောက်ကဲ့သို့ စကားပြောနိုင်ရန် အဓိကဦးစားပေးထားပါသည်။

ထို့အပြင် DeepSeek ကို ရှာဖွေမှုဆိုင်ရာအခြေခံတည်ဆောက်မှုပုံစံကို သုံးထားပြီး ChatGPT ကို ပြောင်းလဲပုံဖော်မှုဆိုင်ရာ တည်ဆောက်မှုပုံစံကို သုံးထားပါသည်။ တည်ဆောက်မှုပုံစံ ကွာခြားသည့်အတွက်ကြောင့် ဉာဏ်ရည်ရလာစေရန် လေ့ကျင့်ပေးသည့် ပုံစံလည်း ကွာခြားပါသည်။ ဂျီဩမေတြီပုစ္ဆာတစ်ပုဒ်ကို တွက်ချက်ခိုင်းသည့်နေရာတွင် ChatGPT ကို လိုအပ်သည့် အချက်အလက်များ ပြုပြင်ပြောင်းလဲပေးလိုက်သည့်အခါ အဖြေမှန်အောင် တွက်ချက်နိုင်ပြီး DeepSeek အနေဖြင့် အဖြေမှန်ကန်မှုရှိစေရန် တွက်ချက်နိုင်မှုမရှိပါ။ တချို့မူဝါဒဆိုင်ရာများကို မေးမြန်းသည့်အခါ DeepSeek က “မသိဘူး” ဟု အဖြေ ထွက်လာကာ ChatGPT က ဖြေကြားပေးနိုင်ပါသည်။ DeepSeek နှင့် ChatGPT တို့၏ ကွာခြားချက်ကို မေးမြန်းကြည့်ရာတွင် DeepSeek က မြန်မာဘာသာဖြင့် ချောမွေ့စွာ ဖြေကြားပေးနိုင်ပြီး ChatGPT က မြန်မာစာအထားအသို လွဲမှားနေပါသည်။ ခွဲခြမ်းလေ့ လာကြည့်မည်ဆိုပါက DeepSeek က ပုံရိပ်ပုံဖော်ခွဲခြမ်း စိတ်ဖြာရာတွင် အားနည်းပြီး ChatGPT က လေးလေးနက်နက်စူးစမ်း တွေးခေါ်နိုင်သည်ကို တွေ့ရှိရပါသည်။

DeepSeek က အမေရိကန်နည်းပညာလောကကို ဂယက်ထစေ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကပင် DeepSeek သည် အမေရိကန်အေအိုင်နည်းပညာ လောကကို ဂယက်ထစေခဲ့ကြောင်း ပြောကြားလာခဲ့ပါပြီ။ လွန်ခဲ့သည့် ရက်သတ္တပတ် ကလည်း သမ္မတ ထရမ့်က အိမ်ဖြူတော်တွင် Open AI၊ အော်ရယ်ကယ်နှင့် ဆော့ဖ်ဘဏ် တို့သည် စတားဂိတ်လုပ်ငန်းဟုခေါ်သည့် အေအိုင်နည်းပညာကဏ္ဍတွင် အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀၀ အထိ ရင်းနှီးမြှုပ်နှံမှုပြုလုပ်မည်ဆိုသည့် အကြောင်းအရာကို  ကြေညာခဲ့ပါသည်။ ယခုကဲ့သို့ DeepSeek ကို စမ်းသပ်တီထွင်နိုင်ခဲ့ခြင်းသည် အေအိုင်နည်းပညာကဏ္ဍတွင် ပမာဏအမြောက်အမြားရင်းနှီးမြှုပ်နှံမှုအပေါ် ထိခိုက်လာနိုင်မည်လားဆိုသည့်အပေါ် စိုးရိမ် နေကြပါသည်။ ထို့အတူ အေအိုင်လောကအတွက် အရွေ့တစ်ခု အလှည့်အပြောင်းတစ်ခုလည်း ဖြစ်လာနိုင်ပါသည်။

ကိုးကား- www.moi.gov.mm

ရန်ကုန်မြို့တွင် လေထုညစ်ညမ်းနေသောကြောင့် အပြင်ထွက်သွားလာသူများအနေဖြင့် Mask ကို ဝတ်ဆင်သွားလာရန် လိုအပ်

ရန်ကုန်မြို့တွင် လေထုညစ်ညမ်းနေသောကြောင့် အပြင်ထွက်သွားလာသူများအနေဖြင့် Mask ကို ဝတ်ဆင်သွားလာရန်လိုအပ်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင် က NP News ကို ပြောသည်။
ယနေ့ (ဖေဖော်ဝါရီလ ၃ ရက်) တွင် ရန်ကုန်မြို့သည် ကမ္ဘ့ာလေထုညစ်ညမ်းမှုအများဆုံးမြို့ အဆင့် (၂) နေရာသို ရောက်ရှိသွားပြီဖြစ်ကာ ကျန်းမာရေးအတွက် အန္တရာယ်ရှိသောအဆင့်ဖြစ်ကြောင်း Environment , Health and Safety Myanmar – EHS Myanmar ၏ အချက်အလက်များအရ သိရသည်။ 

ရန်ကုန်မြို့လေထုအရည်အသွေး၏ AQI ညွှန်းကိန်းမှာ (၂၂၆) ဖြစ်ကာ PM2.5 150.6 µg/m³ ဖြင့် (၂၀၂၅) ခုနှစ်တွင် အဆိုးဆုံးသောနေ့အဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 
အမှိုက်များ မီးရှို့ခြင်း၊ စိုက်ပျိုးရေးအတွက် မီးရှို့ရိတ်သိမ်းခြင်းများ၊ မီးစက်အသုံးများခြင်းနှင့် မော်တော်ယာဉ် အသုံးပြုများပြားခြင်းတို့ကြောင့် လေထုညစ်ညမ်းမှုပိုမိုများပြားလာခြင်းဖြစ်ကြောင်း သိရသည်။ 
“လေထုညစ်ညမ်းမှုကတော့ အဓိက က မီးရှို့တာတွေ၊ လောင်စာဆီ လောင်ကျွမ်းလို့ ထွက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ ဒါတွေကနေပြီးတော့ လေထုထဲကိုရောက်တာပေါ့နော်။ ဘာကြောင့် မနက်စောစော လေထဲမှာ များသလဲ။ နေ့လယ်ဘက်ကျတော့ ပျောက်သွားသလဲဆိုတော့ မနက်စောစောဆိုရင် သူကလေထုရဲ့ အပူချိန်ကအေးနေတဲ့အတွက် လေထုသည်အပေါ်ကို လေစီးကြောင်းတိုက်တာမရှိဘူး။ လေထဲမှာတွဲလဲခိုနေတဲ့အမှုန်တွေ ပိုပြီးတော့များတယ်။ ဒါကြောင့်မို့ AQI Index ကလည်း ပိုပြီးတော့ များတာဖြစ်တယ်။ အဲဒီတော့ နေ့လည် (၁၂)နာရီ၊ (၁)နာရီလောက်အထိကို AQI Index က များနေပါတယ်” ဟု မိုးလေဝသပညာရှင် ဦးဝင်းနိုင်က NP News ကို ပြောသည်။ 
ထိုသို့ လေထုညစ်ညမ်းမှုကြောင့် ချောင်းဆိုးခြင်း ၊ နှာရည်ယိုခြင်းနှင့် အသက်ရှူကြပ်ခြင်းအပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်းလည်း သိရသည်။ 
“လေထုညစ်ညမ်းမှုက ကျွန်တော်တို့ပတ်ဝန်းကျင်မှာ အသံတိတ်လူသတ်သမားဖြစ်နေတယ်ဆိုတာ ဘယ်သူမှသတိမထားမိဘူး။ အမှုန်လေးတွေက အဆုတ်ထဲကို ရောက်သွားပြီးတော့ အသက်ရှူလမ်းကြောင်းနဲ့ မျက်စိ ၊ နား၊ နှားခေါင်း၊ လည်ချောင်း ဒါတွေမှာ ယားတာတွေ ဖြစ်လာနိုင်တယ်။ ချောင်းဆိုးတာ ၊ နှာချေတာ၊ နှာရည်ယိုတာနဲ့ အသက်ရှူကြပ်လာတာဆိုတဲ့ ကျန်းမာရေးထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ တော်တော်ကိုသေးတဲ့ အမှုန်အမွှားလေးတွေ ဖြစ်တာကြောင့် အသက်ရှူတဲ့အချိန်မှာ ပါးစပ် နှားခေါင်းတွေကနေ အလွယ်တကူ ဝင်သွားနိုင်တယ်။ ကိုဗစ်ဗိုင်းရပ်ကိုတောင် ကာကွယ်ဖို့အတွက် Mask တပ်ခဲ့ရတယ်။ အခုလည်း အသက်ရှူ လမ်းကြောင်းနဲ့ပတ်သက်တဲ့အတွက် Mask တတ်ကြပါ။ အသက်ရှူလမ်းကြောင်းအတွက် အန္တရာယ်ဖြစ်တဲ့အချိန် သည် ဆောင်းအကုန် နွေအကူး ဖေဖော်ဝါရီလ၊ မတ်လပြီးရင်တော့ သူလျော့သွားမှာပေါ့နော်။ (၂)လ (၃)လ လောက်ကို Mask တတ်ကြပါ” ဟု ဦးဝင်းနိုင်က ဆက်လက်ပြောသည်။ 
ယခုကာလအတွင်း ကလေးသူငယ်များ၊ အသက်ကြီးရွယ်အိုများနှင့် ရောဂါအခံရှိသူများအနေဖြင့် ပြင်ပသို့ လုံးဝ မထွက်သင့်ကြောင်း၊ အပြင်ထွက်မည်ဆိုပါက PM2.5 ကိုကာကွယ်ပေးနိုင်မည့် Mask များကိုမဖြစ်မနေဝတ်ဆင်ရန် လိုအပ်ကြောင်း EHS Myanmar က ဆိုထားသည်။

Source: NP News

ပြည်ပသွားရောက်မည့် မြန်မာခရီးသွားများအတွက် သတိမူရမည့် အချက်အလက်များ

ယခုအခါ မြန်မာနိုင်ငံသားများသည် နိုင်ငံရပ်ခြားဒေသများသို့ စီးပွားရေးအခွင့်အလမ်းများ ရှာဖွေခြင်း၊ အလည်အပတ်ခရီး၊ ဘုရားဖူးခရီး အစရှိသည့် ပြည်ပခရီးသွားရောက်မှုများ ပိုမိုများပြားလျက်ရှိကြပြီး၊ ခရီးသွားအုပ်စုများအတွင်း ခါးပိုက်နှိုက်ခံရခြင်း၊ မြန်မာနိုင်ငံကူးလက်မှတ် ပျောက်ဆုံးခြင်းများ ကြုံရလေ့ရှိပါသည်။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံကူးလက်မှတ်ပျောက်ဆုံးခဲ့ပါက မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူ မြန်မာနိုင်ငံသားများ (ခရီးသွားများ/ သင်တန်းသားများ/ တာဝန်ဖြင့်သွားရောက်သူများ)အနေဖြင့် မြန်မာသံရုံးသို့ ဆက်သွယ်ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူ မြန်ဆန်စေရန်အတွက် အောက်ပါအချက်အလက်များကို သိရှိထားရန် လိုအပ်မည်ဖြစ်ပါသည် –

(က) မြန်မာနိုင်ငံကူးလက်မှတ် မိတ္တူကူးထား၍ သီးသန့်သိမ်းထားရန် လိုအပ်ပါသည်။ ဖြစ်နိုင်က မိမိ၏ မြန်မာ နိုင်ငံကူးလက်မှတ်ကို အီလက်ထရောနစ်မိတ္တူ (Soft Copy) အနေဖြင့် မိမိ၏ email (သို့မဟုတ်) အခြားလုံခြုံစိတ်ချရသည့် အွန်လိုင်းတွင် ထိန်းသိမ်းထားနိုင်မည့် ဝက်ဘ်ဆိုက် (ဥပမာ – Google Drive)တွင် ထိန်းသိမ်းထားပါက ပိုမိုအဆင်ပြေစေမည် ဖြစ်ပါသည်။ ပျောက်ဆုံးကြောင်း လာရောက်တိုင်ကြားလျှင် မြန်မာနိုင်ငံကူးလက်မှတ်အမှတ် ထုတ်ပေးသည့်နေ့စွဲများလည်း လိုအပ်ပါသည်။

(ခ) ခါးပိုက်နှိုက်ခံရကြောင်း (သို့မဟုတ်) ပျောက်ဆုံးကြောင်းကို ပျောက်ဆုံးသည့်နေရာရှိ ရဲစခန်းသို့ တိုင်ကြားထားသည့် စာလိုအပ်ပါသည်။

(ဂ)   လိုင်စင်ဓါတ်ပုံ(၃)ပုံ လိုအပ်ပါသည်။

ထို့အပြင် ခရီးသွားအေဂျင်စီများအနေဖြင့် ခရီးသွားမည့်နိုင်ငံအလိုက် မြန်မာသံရုံးလိပ်စာ၊ ဖုန်းအမှတ်များ ပေးထားသင့် ကြောင်း၊ သက်ဆိုင်ရာနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဌာနမှ မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာ အထောက်အထားများနှင့် စပ်လျဉ်း၍ မသဲကွဲခြင်း၊ စိစစ်မှု မရနိုင်ခြင်းများ ရှိလာပါက မြန်မာသံရုံးများသို့ ဆက်သွယ်သင့်ကြောင်းနှင့် သက်ဆိုင်ရာနိုင်ငံအလိုက် မြန်မာသံရုံးလိပ်စာများ၊ ဆက်သွယ်ရန်ဖုန်းအမှတ်များကို နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက် www.mofa.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

မြန်မာသံရုံးအခြေစိုက်ရာနိုင်ငံများရှိ မြန်မာသံရုံးများအနေဖြင့် အခက်အခဲ ကြုံတွေ့ရသူ မိမိနိုင်ငံသားများဖြစ်သည့် မြန်မာခရီး သွားများအတွက် ရုံးပိတ်ရက်များတွင်ပင် (C of I) ထုတ်ပေးခြင်းနှင့် လိုအပ်ပါက နေထိုင်စားသောက်ရေးတို့ကိုပါ ကူညီထောက်ပံ့ပေး လျက်ရှိပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေ ပြည် တော်

ယူနန်ပြည်နယ်တွင် မက်ထရစ်တန်ချိန် ၁.၁၅ သန်းရှိ မြေရှားသတ္တု တွေ့ရှိ

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ဟုန်ဟဲမြို့တွင် မက်ထရစ်တန်ချိန် ၁.၁၅ သန်းရှိသော မြေရှားသတ္တုသိုက်အား တွေ့ရှိခဲ့ကြောင်း သယံဇာတဝန်ကြီးဌာန၊ တရုတ်နိုင်ငံ ဘူမိဗေဒဆိုင်ရာ စစ်တမ်းကောက်ယူမှုဌာန(China Geological Survey -CGS) က သောကြာနေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ 

CGS ၏ ထုတ်ပြန်ချက်အရ ထိုမြေရှားသတ္တုသည် ပရာစီအိုဒီမီယမ်၊ နီအိုဒီမီယမ် ၊ ဒိုင်ပရိုစီယမ်နှင့် တာဘီယမ်သတ္တုများအပါအဝင် အခြားရှားပါးသတ္တုတန်ချိန်ပေါင်း ၄၇၀,၀၀၀ ကျော်ဖြင့် ဖွဲ့စည်း တည်ဆောက်ထားသည်ဟု သိရှိရပါသည်။

ထိုသတ္တုတွင် အလတ်စားနှင့် လေးလံသော မြေရှားသတ္တုများပါဝင်သည့်အတွက် တရုတ်တွင် အကြီးဆုံးမြေရှားသတ္တုဖြစ်လာမည်ဟု မှတ်ချက်ပေးထားကြပါသည်။ CGS ၏ ထုတ်ပြန်ချက်အရ လျှပ်စစ် ကားများထုတ်လုပ်ခြင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်ခြင်းနှင့် ကာကွယ်ရေးနှင့် နည်းပညာ ကဏ္ဍတို့တွင် အလတ်စားနှင့် လေးလံသော မြေရှားသတ္တုများကို အသုံးပြုရပါသည်။ 

“လျှပ်စစ်ကားတစ်စီးထုတ်လုပ်ရာတွင် အလတ်စားနှင့်လေးလံသောမြေရှားသတ္တု ၀.၈ ကီလိုဂရမ် အသုံးပြုရသည့်အတွက် ယင်းသတ္တုများသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုလိုအပ်လာပါတယ်” ဟု တရုတ် သိပ္ပံသင်တန်းကျောင်းမှ ပညာရှင် Hou Zengqian က ပြောကြားခဲ့ပါသည်။ 

၁၉၆၉ ခုနှစ်တွင် တရုတ်နိုင်ငံ၊ ကျန်းရှီးပြည်နယ်၌ မြေရှားသတ္တုကို ပထမအကြိမ် တွေ့ရှိပြီးနောက် ယခုအခါ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင် ဒုတိယအကြိမ် ထပ်မံတွေ့ရှိခြင်း ဖြစ်ပါသည်။ အလတ်စားနှင့် လေးလံသော မြေရှားသတ္တုများသည် ဓာတ်သတ္တုပါဝင်မှုနည်းပါးခြင်းနှင့် တူးဖော်ရသည့်တွင်းများတွင် ဓါတ်သတ္တုတည်ရှိမှုမှာ ထင်ရှားမှု မရှိခြင်းတို့ကြောင့် ရှာဖွေတူးဖော်ရရှိရန် လွန်စွာခက်ခဲပါသည်။

မြေရှားသတ္တုများကို သံနှင့်ခဲသတ္တုရိုင်းများကဲ့သို့ သံလိုက် သို့မဟုတ် လျှပ်စစ်ဖြင့် လျင်မြန်စွာ ခွဲထုတ်တူးဖော်၍ မရသောကြောင့် တိကျသော ကွင်းဆင်းတိုင်းတာမှုများနှင့် ဓာတ်ခွဲခန်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုများအပေါ် လေ့လာပြီး တူးဖော်ရပါသည်။ 

အကြီးဆုံးဟု ယူဆရသော ယခုမြေရှားသတ္တုကို တရုတ်သိပ္ပံပညာရှင်များ၏ ဘူမိဓာတုဆိုင်ရာ ခြေရာခံနိုင်စွမ်းနှင့် တူးဖော်စွမ်းရည်တို့ကြောင့် တွေ့ရှိနိုင်ခဲ့ခြင်းဖြစ်သည်ဟု ပညာရှင် Hou က ဆက်လက် ပြောကြားခဲ့ပါသည်။

လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း CGS သည် အမျိုးသားပထဝီဝင်ဓာတုကို အခြေခံထားသော ကွန်ရက်ကိုတည်ဆောက်ခဲ့ပြီး မြေရှားသတ္တုများကို လျင်မြန်တိကျပြီး ဂေဟစနစ်ကို ထိန်းသိမ်းသည့် နည်းလမ်းများဖြင့် တူးဖော်နိုင်အောင် ကြိုးပမ်းနိုင်ခဲ့ပါသည်။ “ကျွန်တော်တို့ရဲ့ တူးဖော်ရေးနည်းလမ်းတွေကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုမရှိနိုင်ဘူး” ဟု CGS မှ ထိပ်တန်းသိပ္ပံပညာရှင်တစ်ဦးက  ပြောကြားခဲ့ပါသည်။

Wang နှင့်အဖွဲ့သည် မြစ်ချောင်းများကဲ့သို့သော နေရာများမှ နုန်းအနည်များကို စုဆောင်းခဲ့သည်။ ထို့ပြင် အချင်း ၁၀ စင်တီမီတာခန့်ရှိသည့် အပေါက်ငယ်များအား Infrastructure မလိုအပ်ဘဲ ဖောက်ပေးသည့် လက်ဆွဲကိရိယာ Gannan drill ကို အသုံးပြုကြောင်းနှင့် ထိုသို့ဆောင်ရွက်ရာတွင် သဘာဝအလျောက် ပေါက်ရောက်နေသော အပင်များကိုလည်း မထိခိုက်စေရန် သတိထား ဆောင်ရွက်ရကြောင်း Wang က ပြောကြားခဲ့သည်။ 

အိုင်းယွန်းစုပ်ယူမှု မြေရှားသတ္တုများ ထုတ်ယူခြင်းဆိုသည်မှာ မူလရှိပြီးသား အပင်များကို မထိခိုက်စေဘဲ တောင်ကုန်းငယ်တစ်ခုတွင် တွင်းများတူးခြင်း၊ ဓာတုပစ္စည်းအရည်များဖြင့် ထိုးသွင်းခြင်းနှင့် မြေရှားဒြပ်စင်များ စုဆောင်းခြင်းတို့ ပါဝင်သည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ 

မြေရှားသတ္တုထုတ်ယူခြင်းလုပ်ငန်းကွင်းဆက်ကို ခိုင်မာအားကောင်းစေပြီး နိုင်ငံတကာယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်ရန် မြေရှားများကို စနစ်တကျ ခွဲထုတ်ယူခြင်းနှင့် မြေရှားအသုံးပြုမှု တန်ဖိုးမြင့်မားလာရေးအတွက် နည်းပညာများမြှင့်တင်ရန် သိပ္ပံပညာရှင်များက အလေးထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း Hou က ပြောကြားခဲ့သည်။

ကိုးကား-China daily

တူးမြောင်းတွေအပြင် ခရစ်ယာန်အထိမ်းအမှတ်နေရာတွေကြောင့် နာမည်ကြီးနေတဲ့ ယူထရက်မြို့

ယူထရက် (Utrecht) မြို့သည် နယ်သာလန်နိုင်ငံတွင် စတုတ္တမြောက်အကြီးဆုံးမြို့တစ်မြို့ဖြစ်ပြီး ယူထရက်ပြည်နယ်၏ မြို့တော်နှင့် လူဦးရေ အထူထပ်ဆုံးမြို့ တစ်မြို့ဖြစ်ကာ သစ်ပင်များတန်းစီ စိုက်ပျိုးထားသော တူးမြောင်းများ၊ ခရစ်ယာန်ဘာသာ အထိမ်းအမှတ်နေရာများကြောင့် နာမည်ကျော် ကြားသည်။ ယူထရက်မြို့၏ မြူနီစီပယ်သည် Randstadconurbation မြို့ရွာများရပ်ဝန်း၏ အရှေ့ဘက်ပိုင်းနှင့် နယ်သာလန်ပြည်မကြီး၏ ဗဟိုတို့တွင်တည်ရှိပြီး Haarzuilens ၊ Vleuten နှင့် De Meern မြို့ပြ ရွာတို့ဖြင့် ဖွဲ့စည်းထားသည်။(၂၀၂၁)ခုနှစ် ဒီဇင်ဘာလအထိ ယူထရက်မြို့၏ လူဦးရေမှာ (၃၆၁၆၉၉)ဦးသာ ရှိကြောင်းလည်းသိရသည်။ ယူထရက်၏ရှေးဟောင်း

ယူထရက် (Utrecht) မြို့သည် နယ်သာလန်နိုင်ငံတွင် စတုတ္တမြောက်အကြီးဆုံးမြို့တစ်မြို့ဖြစ်ပြီး ယူထရက်ပြည်နယ်၏ မြို့တော်နှင့် လူဦးရေ အထူထပ်ဆုံးမြို့ တစ်မြို့ဖြစ်ကာ သစ်ပင်များတန်းစီ စိုက်ပျိုးထားသော တူးမြောင်းများ၊ ခရစ်ယာန်ဘာသာ အထိမ်းအမှတ်နေရာများကြောင့် နာမည်ကျော် ကြားသည်။ ယူထရက်မြို့၏ မြူနီစီပယ်သည် Randstadconurbation မြို့ရွာများရပ်ဝန်း၏ အရှေ့ဘက်ပိုင်းနှင့် နယ်သာလန်ပြည်မကြီး၏ ဗဟိုတို့တွင်တည်ရှိပြီး Haarzuilens ၊ Vleuten နှင့် De Meern မြို့ပြ ရွာတို့ဖြင့် ဖွဲ့စည်းထားသည်။(၂၀၂၁)ခုနှစ် ဒီဇင်ဘာလအထိ ယူထရက်မြို့၏ လူဦးရေမှာ (၃၆၁၆၉၉)ဦးသာ ရှိကြောင်းလည်းသိရသည်။ ယူထရက်၏ရှေးဟောင်းမြို့လယ်ခေါင်တွင် အဆောက်အအုံများစွာပါရှိပြီး အလယ်ခေတ်များတည်းကတည်ရှိခဲ့သည့် အဆောက်အအုံ များစွာပါဝင်ကြောင်းလည်းသိရသည်။ ယူထရက်မြို့သည် (၈)ရာစုကတည်းက နယ်သာလန်၏ ဘာသာ ရေးအချက်အချာနေရာတစ်ခု ဖြစ်ခဲ့ ပြီး(၁၅၇၉)ခုနှစ်တွင် ဒတ်ချ်ပြည်သူ့သမ္မတနိုင်ငံအတွက် အုတ်မြစ်ချရန် Union of Utrecht သဘောတူ စာချုပ်ကို ယူထရက်မြို့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။ ယူထရက်မြို့သည် ဒတ်ချ် ရွှေခေတ်မတိုင်မီအချိန်အထိ နယ်သာလန်နိုင်ငံတွင် အရေးအကြီးဆုံးမြို့တစ်မြို့ဖြစ်ခဲ့ပြီး နိုင်ငံ၏ယဉ်ကျေးမှုအချက်အချာနေရာနှင့် လူဦးရေအများဆုံး မြို့တစ်မြို့အဖြစ် အမ်စတာဒမ်မြို့ကို ကျော်တက်ခဲ့ကြောင်းလည်း သိရသည်။ ထို့ပြင် ယူထရက်မြို့သည် နယ်သာလန်ရှိ အကြီးဆုံးတက္ကသိုလ်ဖြစ်သော ယူထရက်တက္ကသိုလ်နှင့် အခြားအဆင့်မြင့်ပညာရေးဆိုင်ရာ တက္ကသိုလ်များစွာ၏ နေအိမ်လည်းဖြစ်သည်။ နိုင်ငံအတွင်းတွင် ၎င်း၏အချက်အချာကျသော အနေအထားကြောင့် ယူထရက်မြို့သည် ရထားလမ်းနှင့် လမ်းပန်းဆက်သွယ်ရေးအတွက် အရေးကြီးသော အချက်အချာနေရာတစ်ခုဖြစ်ခဲ့ပြီး နိုင်ငံတွင်းတွင် အလုပ်အများဆုံးရထားဘူတာရုံ Utrecht Centraal လည်း တည်ရှိကြောင်းသိရသည်။ ယူထရက်မြို့သည် အမ် စတာဒမ်မြို့ပြီးလျှင် နယ်သာလန်နိုင်ငံ၏ ယဉ်ကျေးမှုဆိုင်ရာပွဲတော်များ ဒုတိယမြောက်အများဆုံးရှိသည့် မြို့တစ်မြို့လည်း ဖြစ်သည်။ (၂၀၁၂)တွင် Lonely Planet ကုမ္ပဏီက ထုတ်ဝေခဲ့သော ခရီးသွားလမ်းညွှန်စာအုပ်တွင် ယူထရက်မြို့သည် ကမ္ဘာပေါ်ရှိ အထင်ကရနေရာများ၏ ထိပ်တန်းနေရာ(၁၀)ခု စာရင်းတွင် ပါဝင်ခဲ့ကြောင်းလည်းသိရသည်။

၎င်း၏ဗဟိုတည်နေရာကြောင့် ယူထရက်မြို့သည် ကျန်ရှိနေသော နယ်သာလန်နိုင်ငံ၏ အစိတ်အပိုင်းများနှင့် ကောင်းစွာချိတ်ဆက်ထားပြီး ကောင်းမွန်စွာဖွံ့ဖြိုးတိုးတက်သော အများသူငှာသယ်ယူပို့ ဆောင်ရေးကွန်ရက်တစ်ခုလည်းရှိသည်။

Utrecht Centraal ဘူတာရုံသည် ယူထရက်မြို့၏ အဓိကမီးရထားဘူတာဖြစ်ပြီး နိုင်ငံတွင်းအကြီးဆုံး ရထားဘူတာရုံဖြစ်ကြောင်းသိရသည်။ Schiphol လေဆိပ်သို့ တိုက်ရိုက်ဝန်ဆောင်မှုများအပါအဝင် နယ်သာလန်နိုင်ငံတွင်းရှိ အဓိကမြို့ကြီး များအားလုံးသို့ ပုံမှန်အဝေးပြေးဝန်ဆောင်မှုများရှိကြောင်းသိရသည် ။ Utrecht Centraal ဘူတာရုံသည် Schiphol လေဆိပ်၊ အမ်စတာဒမ်မြို့နှင့် ရော့ တာဒမ်မြို့တို့ကို သီတင်းပတ်တစ်ပတ်လျှင် ခုနစ်ရက်လုံးအထိ ညလုံးပေါက်ဝန်ဆောင်မှုပေးသည့် ဘူတာတစ်ခုလည်းဖြစ်သည်။ ထို့ပြင့် Utrecht Centraal ဘူတာရုံတွင် Arnhem မြို့ မှတဆင့် ဂျာမနီသို့ သွားသော International InterCity Express(ICE) မြန်နှုန်းမြင့် မီးရထားလမ်းစနစ် ဝန်ဆောင်မှုများ လည်းရှိပြီး ယူထရက်မြို့အနီးတစ် ဝိုက်ရှိ ဒေသအားလုံးသို့ သွားရောက်သော ပုံမှန်ပြည်တွင်း ရထားများ သည်လည်း Utrecht Centraal ဘူတာရုံမှ ထွက်ခွာကြောင်းသိရသည်။ ယူထရက်မြို့ အာဏာပိုင်များ သည် ဘူတာရုံဟောင်း Utrecht Maliebaan ကို (၁၉၃၉)ခုနှစ်တွင် ပိတ်ခဲ့ပြီး အဆိုပါ အချိန်မှစတင်ကာ ဒတ်ချ် မီးရထားပြတိုက်အဖြစ်သို့ ပြောင်းလဲခဲ့ကြောင်းလည်းသိရသည်။ ယူထရက်မြို့သည် နယ်သာလန်ရှိ အကြီးဆုံးရထားလမ်းအော်ပရေတာဖြစ်သော Nederlandse Spoorwegen နှင့် နိုင်ငံပိုင် ရထား လမ်းအခြေခံအဆောက်အအုံများ ဆောက်လုပ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းမှုအတွက် တာဝန်ယူထားသည့် နိုင်ငံပိုင်ကုမ္ပဏီ ProRail တို့ တည်ရှိရာနေရာလည်းဖြစ်သည်။

ယူထရက်မြို့၏ အဓိကပြည်တွင်းနှင့်ဒေသဆိုင် ရာဘတ်စ်ကားဂိတ်သည့် Utrecht Centraal မီး ရထားဘူတာရုံ၏ အရှေ့နှင့်အနောက်ဝင်ပေါက်များနှင့် ကပ်လျက်တည်ရှိကြောင်းသိရသည်။ Utrecht Centraal မီးရထားဘူတာရုံတွင် အကြီးစားပြုပြင်မွမ်းမံခြင်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ် ဆောင်ခြင်းကြောင့် ယူထရက်မြို့၏ ဘတ်စ်ကားမှတ်တိုင်များကို မကြာခဏ ပြောင်းလဲရလေ့ရှိ ကြောင်း သိရသည်။ ယေဘုယျအားဖြင့် အနောက်ဘက်သို့ ထွက်ခွာသော ဘတ်စ်ကားများသည် ဘူတာရုံ အနောက်ဝင်ပေါက်ရှိ ဘတ်စ်ကားဂိတ်မှထွက်ခွာကြပြီး အခြားဘတ်စကားများသည် အရှေ့ဘက် ဘူတာမှထွက်ခွာကြသည်။ ထို့ပြင် ယူထရက်မြို့ရှိဒေသတွင်းဘတ်စ်ကားများ ကို Qbuzz ကုမ္ပဏီက လည်ပတ်ဆောင်ရွက်ပေးပြီး ၎င်း၏ဝန်ဆောင်မှုများတွင် Uithof တက္ကသိုလ် ခရိုင်သို့သွားသော ဝန်ဆောင်မှုတစ်ခု ပါဝင်ကြောင်း လည်းသိရသည်။ ဒေသတွင်းဘတ်စ်ကားယာဉ်စုသည် ယူရို-VI စံနှုန်းနှင့် ကိုက်ညီသော ဘတ်စ်ကားများသာမက မြို့တွင်းသယ်ယူပို့ဆောင်ရေးအတွက် လျှပ်စစ်ဘတ်စ်ကားများကိုပါ အသုံးပြုသည့် ဥရောပ၏ အကောင်းဆုံး ယာဉ်စုများထဲမှတစ်ခုဖြစ်ကြောင်း လည်းသိရသည်။ ယူထရက်မြို့မှ ဒေသဆိုင်ရာ ဘတ်စ် ကားများကို Arriva နှင့် Connexxion ကုမ္ပဏီတို့ကလည်ပတ် ဆောင်ရွက်ပေးခြင်းလည်းဖြစ်သည်။

နယ်သာလန်နိုင်ငံတွင်းရှိမြို့အများစုကဲ့သို့ပင် ယူထရက်မြို့တွင် စက်ဘီးလမ်းကြောင်းများ ကျယ်ကျယ်ပြန့်ပြန့်ရှိသောကြောင့် စက်ဘီးစီးခြင်းကို ဘေးကင်းစေပြီး လူကြိုက်များကြကြောင်းသိရသည်။ မြို့တွင်းခရီးများ၏ (၃၃)ရာခိုင်နှုန်းသည် စက်ဘီး ဖြင့်ဖြစ်ပြီး အခြားသော သယ်ယူပို့ဆောင်ရေး နည်းလမ်းများထက် ပိုများကြောင်းလည်းသိရသည်။ ယူထရက်မြို့တွင် စက်ဘီးများကို လူရွယ်၊ လူကြီး၊ တစ်ဦးချင်းစီနှင့် မိသားစုများအားလုံးက အသုံးပြုကြသည်။ အဆိုပါစက်ဘီးများသည် အများအားဖြင့် စတီးဖြင့်ပြုလုပ်ထားသော စက်ဘီးများဖြစ်ပြီး ဂီယာအနည်းငယ်သာရှိကာ ကုန်ခြောက်များ သို့မဟုတ် ကလေးငယ်များကို သယ်ယူရန်အတွက် ပုံးပါသည့် စက်ဘီးများလည်း ရှိကြောင်းသိရသည်။ ယူထရက် မြို့လူဦးရေ၏ (၁၀ဝ)ရာခိုင်နှုန်းသည် (၁၅)မိနစ်ခန့်သာသွားရသောမြို့တွင်းတွင်နေထိုင်ကြပြီး (၉၀) ရာခိုင်နှုန်းကျော်သည် ၎င်းတို့အလိုရှိ သောဦးတည်ရာနေရာများသို့ (၁၀)မိနစ်အတွင်း သွားလာနိုင်ကြ ကြောင်းသိရသည်။ (၂၀၁၄)ခုနှစ်တွင် ယူထရက်မြို့ကောင်စီသည် Centraal မီးရထားဘူတာရုံအနီးတွင် ကမ္ဘာ့အကြီးဆုံး စက်ဘီးရပ်နားစခန်းကို တည်ဆောက်ရန် ဆုံးဖြတ်ခဲ့သည်။ အဆိုပါ အထပ် သုံးထပ် စက်ဘီးရပ်နားစခန်းဆောက်လုပ်ရေးသည် ယူရိုသန်း (၃၀)ကျော်ကုန်ကျပြီး စက်ဘီးအစီး ရေ (၁၂၅၀ဝ) ခန့် ထားရှိနိုင်ကြောင်းလည်းသိရသည်။ စက်ဘီးရပ်နားစခန်းကို အဆင့်ဆင့်တည်ဆောက်ခဲ့ပြီး ပထမပိုင်း ကို (၂၀၁၇) ခုနှစ် ဩဂုတ်လတွင် ဖွင့်လှစ်ခဲ့ကာ ကြန့်ကြာမှုအချို့ရှိခဲ့ပြီးနောက် နောက်ဆုံး အပိုင်းကို (၂၀၁၉) ခုနှစ် ဩဂုတ်လ (၁၉)ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

ယူထရက်မြို့သည် ဒတ်ချ်လမ်းကွန်ရက်နှင့် ကောင်းမွန်စွာချိတ်ဆက်ထားသည့်မြို့တစ်မြို့လည်း ဖြစ်သည်။ ယူထရက်မြို့အတွက် အရေးအကြီးဆုံး လမ်းနှစ်လမ်း ဖြစ်သည့် A12 နှင့် A2 ကားလမ်းများသည် အမ်စတာဒမ်၊ Arnhem ၊ The Hague နှင့် Maastricht မြို့တို့အပြင် ဘယ်လ်ဂျီယံ၊ ဂျာမနီနိုင်ငံ တို့နှင့်လည်း ဆက်သွယ်ပေးထားကြောင်းသိရသည်။ အဆိုပါဧရိယာအတွင်းရှိ အခြားသော အဓိက ကားလမ်းများမှာ Almere-BredaA27 နှင့် Utrecht-Groningen A28 တို့ဖြစ်သည်။ ယာဉ်ကြောပိတ်ဆို့မှုများ များပြားလာခြင်းနှင့် ရှေးဟောင်းမြို့သစ်စီမံကိန်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုသည် ယူထရက်မြို့ အနီးတစ်ဝိုက်တွင် ဖြစ်လေ့ဖြစ်ထရှိသော ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်ပြီး လေထုညစ်ညမ်းမှုအဆင့်ကို ပိုမို မြင့်မားလာစေခဲ့သည်။ အဆိုပါအချက်ကြောင့် ယူထရက်မြို့၏ လေထုအရည်အသွေးကိုမြှင့်တင်ရန် အကောင်းဆုံးနည်းလမ်းနှင့်ပတ်သက်ပြီး ငြင်းခုံမှုများစွာကို ဖြစ်ပေါ်စေခဲ့ကြောင်းလည်း သိရသည်။

ယူထရက်မြို့တွင် Amsterdam Rijnkanaal တူးမြောင်း တွင်တည်ရှိသော စက်မှုဆိပ်ကမ်း တစ်ခု လည်းတည်ရှိသည်။ အဆိုပါ ကွန်တိန်နာ ဆိပ်ကမ်းဂိတ်သည် တစ်နှစ်လျှင် ကွန်တိန်နာ (၈၀ဝဝဝ)ကို လက်ခံ လျက်ရှိကြောင်းလည်း သိရ သည်။ (၂၀ဝ၃)ခုနှစ်တွင် အဆိုပါ ဆိပ်ကမ်းသည် ကုန်စည်တန်ချိန် လေးသန်းအထိ ပို့ဆောင်နိုင်ခဲ့ပြီး အများစုမှာ သဲ၊ ကျောက်စရစ်၊ ဓာတ်မြေဩဇာနှင့် အစားအစာများ ဖြစ်သည်။ ထို့ပြင် အချို့သော ကမ္ဘာလှည့်ခရီးသည် သင်္ဘောခရီးစဉ်များကို ယူထ ရက်မြို့တွင်းရှိ တူး မြောင်းများတွင် နေရာအမျိုးမျိုးမှ စီစဉ်ပေးထားပြီး ရေလွှဲပေါက်များမှတစ်ဆင့် ခရီးသွားသင်္ဘောလမ်းကြောင်းများနှင့် ချိတ်ဆက်ထား ကြောင်းလည်း သိရသည်။

ထုတ်လုပ်မှုလုပ်ငန်းသည် ယူထရက်မြို့၏စီးပွားရေး၏သေးငယ်သောအစိတ်အပိုင်းတစ်ခုဖြစ်သည်။ ယူထရက်မြို့ ၏စီးပွားရေးသည် မြို့တွင်းတွင် တည်ရှိသော ကြီးမားသောအဖွဲ့အစည်းများအပေါ် မှီခိုနေရကြောင်းလည်းသိရသည်။ ထို့ပြင် ယူထရက်မြို့သည် ဒတ်ချ်မီးရထားကွန်ရက်၏ အချက်အချာ နှင့် Nederlandse Spoorwegen မီးရထားအော်ပရေတာ၏ ရုံးချုပ်တည်ရှိရာနေရာလည်းဖြစ်သည်။ ယူထရက်မြို့တွင် ဘဏ်ကြီးတစ်ခုဖြစ်သည့် Rabobank ၏ ရုံးချုပ်တည်ရှိကြောင်းလည်းသိရသည်။ ယူထရက်မြို့ကို ဒတ်ချ်ဂိမ်းစက်မှုလုပ်ငန်း၏ “မြို့တော်” အဖြစ်လည်း သတ်မှတ်ထားကြပြီး (၂၀၂၃) ခုနှစ်တွင် ဥရောပဂိမ်းစက်မှုလုပ်ငန်းတစ်ခုလုံးအတွက် မြို့တော်များထဲမှ တစ်ခုအဖြစ် Business Finland အဖွဲ့အစည်းက အမည်တပ်ခဲ့ သည်။ အဆိုပါနယ်ပယ်တွင် ယူထရက်မြို့၏ ဩဇာ လွှမ်းမိုးမှု သည် (၂၀ဝ၂)ခုနှစ်တွင် စတင်ခဲ့သော ဥရောပရှိ ပထမဆုံးသော လမ်းကြောင်းများဖြစ်သည့် ၎င်း၏ တက္ကသိုလ်များရှိ ဗီဒီယိုဂိမ်းဆိုင်ရာ ဖန်တီးမှုလမ်းကြောင်းများကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ (၂၀ဝ၈)ခုနှစ်မှစတင်ပြီး ယူထရက်မြို့ သည် ဗီဒီယိုဂိမ်းစတူဒီယို incubator ပရိုဂရမ် Dutch Game Garden ၏ နေအိမ်လည်းဖြစ်ခဲ့ပြီး အဆိုပါပရိုဂရမ်သည် အလုပ်အကိုင်ပေါင်း(၂၀ဝ)ကို ဖန်တီးပေးနိုင်ခဲ့ကြောင်းသိရသည်။ ထို့ပြင် ယူထရက်မြို့သည် Nixxes Software (Play Station Studios လုပ်ငန်းခွဲ) နှင့် ဗီဒီယိုဂိမ်း ဖန်တီးမှုစတူဒီယို Sokpop Collective တို့ တည်ရှိရာနေရာ တစ်ခုလည်းဖြစ်သည်။