ကဏ္ဍများ

စိုက်ရေးပျိုးရေးတွင် အေအိုင်ကို ကျွမ်းကျင်စွာသုံး

Artificial Intelligence (AI) ဆိုသည်မှာ ဖန်တီးပြုလုပ်ထားသည့် အသိဉာဏ်ဖြစ်ပြီး ရံဖန်ရံခါဉာဏ်ရည်တုဟူ၍ မြန်မာဘာသာ ပြန်ဆိုသည်။ သို့ရာတွင် နေ့စဉ်လူမှုဘဝနယ်ပယ်များတွင် အေအိုင်က တစ်စတစ်စ ကျယ်ပြန့်စွာ နေရာယူလာနေသလို ဉာဏ်ရည်တုဟူသော ဝေါဟာရထက် အေအိုင်ဟူ၍သာ ခေါ်ဝေါ်သုံးစွဲနေကြသည်ကို တွေ့ရသည်။ အေအိုင်သည် လူသားတို့၏ အသိဉာဏ်ကို တုပထားပြီး ကွန်ပျူတာများနှင့် စက်ရုပ်များတွင် ထည့်သွင်းထားသည့် ပရိုဂရမ်များပင်ဖြစ်သည်။ အေအိုင်နည်းပညာသုံးစွဲထားသည့် စက်များက လူသားများကဲ့သို့ သင်ယူနိုင်ခြင်း၊ ခွဲခြမ်းစိတ်ဖြာသုံးသပ်နိုင်ခြင်း၊ ပြဿနာကို ဖြေရှင်းနိုင်ခြင်း၊ ဆုံးဖြတ်ချက်ချနိုင်ခြင်းတို့ ပြုလုပ

Artificial Intelligence (AI) ဆိုသည်မှာ ဖန်တီးပြုလုပ်ထားသည့် အသိဉာဏ်ဖြစ်ပြီး ရံဖန်ရံခါဉာဏ်ရည်တုဟူ၍ မြန်မာဘာသာ ပြန်ဆိုသည်။ သို့ရာတွင် နေ့စဉ်လူမှုဘဝနယ်ပယ်များတွင် အေအိုင်က တစ်စတစ်စ ကျယ်ပြန့်စွာ နေရာယူလာနေသလို ဉာဏ်ရည်တုဟူသော ဝေါဟာရထက် အေအိုင်ဟူ၍သာ ခေါ်ဝေါ်သုံးစွဲနေကြသည်ကို တွေ့ရသည်။ အေအိုင်သည် လူသားတို့၏ အသိဉာဏ်ကို တုပထားပြီး ကွန်ပျူတာများနှင့် စက်ရုပ်များတွင် ထည့်သွင်းထားသည့် ပရိုဂရမ်များပင်ဖြစ်သည်။ အေအိုင်နည်းပညာသုံးစွဲထားသည့် စက်များက လူသားများကဲ့သို့ သင်ယူနိုင်ခြင်း၊ ခွဲခြမ်းစိတ်ဖြာသုံးသပ်နိုင်ခြင်း၊ ပြဿနာကို ဖြေရှင်းနိုင်ခြင်း၊ ဆုံးဖြတ်ချက်ချနိုင်ခြင်းတို့ ပြုလုပ်နိုင်စွမ်းရှိလာသည်။

အေအိုင်ကို Artificial Narrow Intelligence (ANI)၊ Artificial General Intelligence (AGI)၊ Artificial Super Intelligence (ASI) ဟူ၍ ပုံစံသုံးမျိုးခွဲခြားနိုင်သည့်အနက် လက်ရှိအခြေအနေတွင် ANI နည်းပညာက အရှိန်အဟုန်ရရှိနေခြင်းဖြစ်သည်။ ANI သည် ကျဉ်းမြောင်းသည့် အေအိုင်၊ အားနည်းသည့် အေအိုင်ဟုဆိုထားသော်လည်း လုပ်ငန်းတစ်ခုခုအတွက် အထူးဖန်တီးပြုလုပ်ထားသည့် အေအိုင်မျိုးဖြစ်ပြီး လတ်တလောတွင် နယ်ပယ်ကဏ္ဍအများအပြား၌ တွင်ကျယ်နေသည့် အေအိုင်ဖြစ်သည်။ AGI ခေါ် အထွေထွေအေအိုင်ကိုမူ အားကောင်းသည့် အေအိုင် (Strong AI) အဖြစ်သတ်မှတ်ထားပြီး လူသားတစ်ဦး၏ ဦးနှောက်အတိုင်း အလုပ်လုပ်နိုင်သည့် စွမ်းရည်ရှိမည့်အေအိုင်ဖြစ်သည်။ လောလောဆယ်တွင်မူ AGI သည် စိတ်ကူးထည်မျှသာဖြစ်ပြီး အကောင်အထည်ပေါ်မလာသေး။ ထို့အတူလူသားတို့၏ ဉာဏ်စွမ်းရည်ထက် ပိုမိုသည့် မဟာဉာဏ်ကြီးရှင်အေအိုင် (ASI) သည်လည်း အနာဂတ်တွင် ဖြစ်လာမည့်အခြေအနေတစ်ရပ်ဟုဆိုသည်။

လက်ရှိ ANI သည်ပင်လျှင် အားနည်းသည့်အေအိုင်၊ ကျဉ်းမြောင်းသည့်အေအိုင်၊ အလုပ်တစ်ခုကို အထူးပြုသည့် အေအိုင်ဟုဆိုစေကာမူ လူ့အဖွဲ့အစည်းအပေါ် ကောင်းကျိုး ဆိုးကျိုးအမျိုးမျိုးဖြင့် လှုပ်လှုပ်ရှားရှားဖြစ်နေစေသည်။ နယ်ပယ်အသီးသီးတွင် အေအိုင်နည်းပညာကို အသုံးပြုနေကြသည်နှင့်အမျှ အေအိုင်သည် လူတို့နှင့် ပို၍ပို၍ပတ်သက်လာနေသည်။ အေအိုင်ကို ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်တွင် ရောဂါရှာဖွေခြင်း၊ ကုသခြင်း၊ စီမံခန့်ခွဲခြင်း၊ လူနာစောင့်ရှောက်ခြင်း စသည်တို့တွင် အသုံးချလျက်ရှိသကဲ့သို့ စက်မှုကုန်ထုတ်လုပ်ငန်းများ၊ လူမှုကွန်ရက်များ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ဘဏ္ဍာရေးနှင့်ငွေကြေးဈေးကွက်များ၊ ဖျော်ဖြေရေးလုပ်ငန်းများ၊ ပညာသင်ကြားရေးလုပ်ငန်းများ စသည်ဖြင့် နယ်ပယ်များစွာတို့တွင် တစ်နေ့တခြား ပိုမိုသုံးစွဲလာနေသည်။

စိုက်ပျိုးရေးသည် နိုင်ငံ၏အဓိကစီးပွားရေးလုပ်ငန်းဖြစ်ရာ တောင်သူများအတွက် စိုက်ပျိုးထုတ်လုပ်မှုအထောက်အကူပြု အေအိုင်နည်းပညာပြန့်ပွားရေးလုပ်ငန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိပြီး တောင်သူများအား အေအိုင်နည်းပညာများ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။ စိုက်ပျိုးရေးနှင့်စပ်လျဉ်း၍ မိမိတို့သိရှိလိုသမျှကို အနားတွင် ဆရာတစ်ဆူရှိနေသကဲ့သို့ နေ့ညအချိန်အခါမရွေး အားမနာတမ်းမေးနိုင်သည့် အေအိုင်နည်းပညာကို တောင်သူလယ်သမားတိုင်း ရင်းနှီးကျွမ်းဝင်နေကြဖို့လိုသည်။ တောင်သူတို့ အေအိုင်ကို ကျွမ်းကျွမ်းကျင်ကျင် နေရာကျစွာ သုံးစွဲနိုင်ကြသည်နှင့်အမျှ စိုက်သမျှအထွက်တိုးကာ အကျိုးစီးပွားကြီးမားစွာ ဖြစ်ထွန်းနိုင်ကြပါမည့်အကြောင်း။ ။

MOI

Photo- Cysparks

ငလျင်အလွန်မြန်မာနိုင်ငံ၏ပြန်လည်ထူထောင်ရေးတိုးတက်မှုနှေးကွေးနေ

ဇွန် ၁၉

မတ်လအတွင်းက လှုပ်ခတ်ခဲ့သော ပြင်းထန်သည့်ငလျင်ဒဏ်ကြောင့် ပျ-က်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာတစ်ဘီလျံရှိမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပြီး မြန်မာနိုင်ငံသည် ကပ်ရောဂါဖြစ်ပွားပြီး နောက်ပိုင်း အဆိုးရွားဆုံး အခြေအနေသို့ ဦးတည်နေသည်ဟုဆိုသည်။

မတ်လ၂၈ ရက် နေ့က ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် လူ ၁၇ သန်းကျော် ထိခိုက်ခဲ့ပြီး မြန်မာ့ဂျီဒီပီ၏ သုံးပုံတစ်ပုံခန့်ရှိသည့် ဒေသများရှိ လူနေအိမ် အဆောက်အအုံများ၊ အများပြည်သူဆိုင်ရာ အခြေခံအဆောက်အဦးများနှင့် အမွေအနှစ်နေရာများ ပျ-က်စီးခဲ့ရသည်။

ငလျင်၏သက်ရောက်မှုသည် လူနေမှုဘဝနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို အနှောင့်အယှက်ဖြစ်‌နေစေပြီး “ဘေးဒဏ်သင့်ဒေသများရှိ ခက်ခဲသောအခြေအနေများကို ပိုမိုဆိုးရွားစေသည်” ဟု ကမ္ဘာ့ဘဏ်က ကြာသပတေးနေ့တွင်ထုတ်ပြန်သော အစီရင်ခံစာတစ်စောင်၌ ရေးသား‌‌ဖော်ပြထားသည်။

မြေငလျင်ကြောင့် ပျ-က်စီးဆုံးရှုံးမှုသည် ၂၀၂၆ ခုနှစ် မတ်လကုန် ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ ဂျီဒီပီ၏ ၄ ရာခိုင်နှုန်းခန့်နှင့် ညီမျှမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။ ပြန်လည်တည်ဆောက်ရေး ကြိုးပမ်းမှုများနှင့် အခြေခံနိမ့်ကျမှုကြောင့် နောက်နှစ်တွင် တိုးတက်မှု ၃ ရာခိုင်နှုန်းသို့ ပြန်လည်မရောက်ရှိမီ စီးပွားရေးသည် ၂၀၂၅-၂၀၂၆ တွင် ၂.၅ % ကျဆင်းသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မန္တလေးနှင့် နေပြည်တော် အပါအဝင် မြို့နယ်များတွင် လူပေါင်း ၃,၈၀၀ ‌သေဆုံးပြီး လူပေါင်း ၂၀၇,၀၀၀ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည့် ငလျင်မတိုင်မီက ကမ္ဘာ့ဘဏ်က ယခုနှစ်တွင် ၂ ရာခိုင်နှုန်း တိုးလာမည်ဟု ခန့်မှန်းထားသည်။ အဆိုးရွားဆုံး ဒဏ်ခံရသော ဒေသများသည် ဧပြီလမှ စက်တင်ဘာလအတွင်း ၎င်းတို့၏ ထုတ်လုပ်မှု၏ သုံးပုံတစ်ပုံခန့် ဆုံးရှုံးဖွယ်ရှိကြောင်း ၎င်းက‌ ‌‌ ပြောကြားထားသည်။

“ငလျင်ကြောင့် စီးပွားရေး နောက်ဆက်တွဲ လှုပ်ခတ်မှုတွေက ပဋိပက္ခတွေကနေ ဆက်ပြီး စိန်ခေါ်မှုတွေ ကြုံလာရပြီ” ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။

ယခုနှစ် ဧပြီလအထိ တစ်နှစ်အတွင်း ၃၄.၁% သို့ အမြန်ရောက်ရှိခဲ့သော ငွေကြေးဖောင်းပွမှုသည် ငလျင်လှုပ်ခတ်မှုနှင့် ပဋိပက္ခဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် ဆက်နွှယ်နေသော ထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်မှုများကြောင့် လက်ရှိဘဏ္ဍာရေးနှစ်တွင် ငွေကြေးဖောင်းပွမှုသည် ၃၁% ဝန်းကျင်တွင် ဆက်လက်မြင့်မားနေနိုင်သည်။ ဆင်းရဲနွမ်းပါးမှုနှုန်းသည် ယမန်နှစ်က ၃၁ ရာခိုင်နှုန်း မြင့်မားသောအချိုးမှ ၂ ဒသမ ၈ ရာခိုင်နှုန်းအထိ ပိုမိုတက်လာနိုင်သည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

မြန်မာနိုင်ငံ၏ ဘတ်ဂျက်လိုငွေပြမှုသည် လာမည့်နှစ် မတ်လကုန်တွင် ၆ ဒသမ ၉ ရာခိုင်နှုန်းအထိ တိုးလာကာ ဗဟိုဘဏ်မှ လိုငွေပြမှု အများစုသည် ဘဏ္ဍာငွေများ ထောက်ပံ့မှုဖြင့် ယခင်နှစ်ထက် ၅.၁ ရာခိုင်နှုန်းအထိ တိုးလာသည်ဟု အစီရင်ခံစာက ဆိုသည်။

“မြေငလျင်ကြောင့် အသက်ဆုံးရှုံးမှုတွေ သိသိသာသာ များလာပြီး ခက်ခဲတဲ့ စီးပွားရေး အခြေအနေတွေ ပိုဆိုးလာနေချိန်မှာ မြန်မာနိုင်ငံက ပြည်သူတွေရဲ့ ခံနိုင်ရည်စွမ်းကို စမ်းသပ်နေပါတယ်” ဟု ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်ဌာနခွဲ ဒါရိုက်တာ မလင်ဒါ ဂွတ် က သတင်းထုတ်ပြန်ချက်တွင်ပြောကြားထားသည်။ “ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုများသည် ထိခိုက်လွယ်သော လူဦးရေကို ကူညီရန် မရှိမဖြစ် အလိုအပ်ဆုံးဖြစ်ပါသည်။”

Source: Popular Myanmar

သဘာဝပတ်ဝန်းကျင်ဝိုင်းဝန်းထိန်းသိမ်း စွန့်ပစ်ပစ္စည်းများ စနစ်တကျခွဲခြားစွန့်ပစ်

မျက်မှောက်ကာလတွင် ရာသီဥတုပြောင်းလဲခြင်းကြောင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ကမ္ဘာတစ်ဝန်း ရင်ဆိုင်ကြုံတွေ့နေရသည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးကို နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့နိုင်ငံများက ဆောင်ရွက်နေကြသလို သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုမရှိစေဘဲ ပိုမိုကောင်းမွန်သည့် ပတ်ဝန်းကျင်ဖြစ်လာစေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

ယနေ့ကာလတွင် ကမ္ဘာတစ်ဝန်း နှစ်စဉ်တိုးပွားလာသော လူဦးရေနှင့် လူမှုဘဝများ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာသောကြောင့် ပတ်ဝန်းကျင်ယိုယွင်းထိခိုက်မှုအန္တရာယ်မှာ တစ်စတစ်စ ကြီးထွားလာသည်ကို မြင်တွေ့ကြရမည်ဖြစ်သည်။ အထူးသဖြင့် မြို့ပြဒေသများ၌ နေထိုင်ကြသည့် ပြည်သူများအသုံးပြုပြီး စွန့်ပစ်ကြသော အမှိုက်သရိုက်များကြောင့် နောက်ဆက်တွဲဖြေရှင်းနေရသည့် ပြဿနာများမှာ တစ်နေ့တခြား ကြီးထွားလာသည်။ အဆိုပါပြဿနာကို မြို့ပြ စည်ပင်သာယာရေးအဖွဲ့များက နေ့စဉ်ဖြေရှင်းပေးလျက်ရှိသော်လည်း ဖြေရှင်း၍ မဆုံးသည့် ကြီးမားသည့်စိန်ခေါ်မှုဖြစ်လာသည်။

နိုင်ငံတစ်ဝန်းမှထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုဖြစ်ပေါ်စေပြီး မြေဆီလွှာများ၊ မြစ်၊ ချောင်းများ၊ ရေအရင်းအမြစ်များပေါ်တွင် ထိခိုက်မှုများရှိနေသည်။ စုပုံစွန့်ပစ်ထားသည့်အရာများမှ ထွက်ရှိလာသော ရေဆိုးများနှင့် အမှိုက်သရိုက်များ မီးရှို့ဖျက်ဆီးမှုကြောင့် မြေထု၊ လေထုညစ်ညမ်းမှုကို ဆိုးဆိုးရွားရွားဖြစ်စေပြီး ပြည်သူများ၏ ကျန်းမာရေးထိခိုက်မှုများရှိနေသည်။

လက်ရှိတွင် မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ထွက်ရှိသော စွန့်ပစ်ပစ္စည်းများမှာ တစ်ရက်လျှင် မက်ထရစ်တန် နှစ်သောင်းခန့်ရှိကြောင်း သိရသည်။ ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီးများတွင် လူတစ်ဦးစီအနေဖြင့် တစ်ရက်လျှင် စွန့်ပစ်ပစ္စည်း သုည ဒသမ ၈ ကီလိုဂရမ်ရှိကြောင်း၊ ယခု ၂၀၂၅ ခုနှစ်တွင် လူတစ်ဦး တစ်နေ့လျှင် စွန့်ပစ်ပစ္စည်း တစ်ကီလိုဂရမ် ထွက်ရှိမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအေဂျင်စီက ခန့်မှန်းထားသည်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးသုံးမြို့မှ ထွက်ရှိသော စွန့်ပစ်ပစ္စည်းပမာဏသည် တစ်နိုင်ငံလုံး စုစုပေါင်းပမာဏ၏ ထက်ဝက်ခန့်ရှိမည်ဟု ခန့်မှန်းထားသည်။ ရန်ကုန်မြို့တွင် တစ်ရက်လျှင် စွန့်ပစ်ပစ္စည်း တန် ၂၀၀၀ ခန့်၊ မန္တလေးတွင် တစ်ရက်လျှင် တန် ၉၀၀ ကျော်ခန့်၊ နေပြည်တော်တွင် တစ်ရက်လျှင် တန် ၂၀၀ ခန့်ထွက်ရှိသည်ဟု ခန့်မှန်းထားသည်။

အဆိုပါပမာဏသည် သက်ဆိုင်ရာဒေသအလိုက် စည်ပင်သာယာရေးအဖွဲ့များက သိမ်းဆည်းနိုင်သောပမာဏသာဖြစ်ပြီး စည်ပင်သာယာရေးအဖွဲ့က မသိမ်းဆည်းနိုင်သော စွန့်ပစ်ပစ္စည်းများ၊ အခြားနေရာများသို့ စွန့်ပစ်လိုက်သည့်ပစ္စည်းများနှင့် ပြန်လည်အသုံးပြု၊ ပြုပြင်သုံးစွဲလိုက်သည့်ပစ္စည်းများ မပါဝင်သေးပေ။ အမှန်တကယ်ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းပမာဏမှာ ခန့်မှန်းထားသည်ထက် ပိုမိုများပြားပေသည်။ စွန့်ပစ်ပစ္စည်းများကို အကျိုးရှိထိရောက်စွာ ဆောင်ရွက်နိုင်မှသာ တစ်နေ့တခြား ကြီးမားလာသော စွန့်ပစ်ပစ္စည်းပြဿနာကို ဖြေရှင်းနိုင်မည်ဖြစ်သည်။ ယခုအခါ စွန့်ပစ်ပစ္စည်းများကို စနစ်တကျ ခွဲခြားစွန့်ပစ်နိုင်ရေးအတွက် နိုင်ငံတစ်ဝန်း၌ အသိပညာပေးလှုံ့ဆော်မှုများ ပြုလုပ်နေသည်ကို တွေ့ရမည် ဖြစ်သည်။

အစီအစဉ်မှာ အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားစွန့်ပစ်အသိပညာပေးခြင်းဖြစ်သည်။ အဆိုပါအစီအစဉ်ကို အစောပိုင်းကတည်းက အကောင်အထည်ဖော်လျက်ရှိသော်လည်း လိုက်နာဆောင်ရွက်မှုအားနည်းသဖြင့် အောင်မြင်မှုမရှိသေးပေ။ ယခုအခါ အမှိုက်အမျိုးအစားအလိုက် အမှိုက်ပုံးအရောင်များသတ်မှတ်၍ ခွဲခြားစွန့်ပစ်ခြင်း သရုပ်ပြလေ့ကျင့်မှုများပြုလုပ်သည့် လှုပ်ရှားမှုများကို နယ်မြို့များမှ စတင်၍ ပြုလုပ်လာသည်ကို တွေ့ရသည်။ အမှိုက်စိုများဖြစ်သော မီးဖိုချောင်ထွက်ပစ္စည်းများနှင့် တစ်ကိုယ်ရေသုံး သန့်ရှင်းရေးပစ္စည်းများအတွက် အစိမ်းရောင်အမှိုက်ပုံး၊ အမှိုက်ခြောက်ဖြစ်သည့် ခြောက်သွေ့သောစက္ကူ၊ ကတ်ထူစက္ကူ၊ သံတိုသံစ၊ ပိတ်စ၊ သစ်သား စသည့်စွန့်ပစ်ပစ္စည်းများအတွက် အဝါရောင်အမှိုက်ပုံး၊ ပလတ်စတစ်အမှိုက်အတွက် အပြာရောင်အမှိုက်ပုံး၊ လျှပ်စစ်နှင့် ဓာတုဆိုင်ရာဘေးအန္တရာယ်ပစ္စည်းများအတွက် အနီရောင်အမှိုက်ပုံးစသည်ဖြင့် အမှိုက်ပုံးများကို အရောင်ခွဲခြား ၍ စွန့်ပစ်သည့် အလေ့အထဖြစ်လာအောင် နမူနာဆောင်ရွက်လျက်ရှိသည်။

မြို့ပြဒေသများတွင် စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် ပြည်သူလူထုအနေဖြင့် အသိတရားဖြင့် ပူးပေါင်းပါဝင်လာမှုသည် အရေးကြီးသည်။ စွန့်ပစ်ပစ္စည်း အမှိုက်သရိုက်စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ပြည်သူလူထုအနေဖြင့် အသိအမြင် ဗဟုသုတနည်းပါးခြင်း၊ အစဉ်အဆက်ကတည်းက အလွယ်တကူလုပ်ကိုင်တတ်သည့် အလေ့အကျင့်ပါလာခြင်း၊ ထိုအလေ့အကျင့်ကြောင့် အမှိုက်များအားလုံးကို ရောနှောပေါင်းစပ် စွန့်ပစ်လေ့ရှိခြင်း၊ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ရန်အားနည်းခြင်း တို့ကြောင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာအစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စိန်ခေါ်မှုနှင့် အခက်အခဲများ ရှိနေမည်ဖြစ်သည်။

သို့ဖြစ်ရာ စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းစဉ်များသည် ပြည်သူများ၏ လူမှုဘဝနှင့် မြို့ပြဒေသများ ဖွံ့ဖြိုးတိုးတက်သာယာလှပရေးကို များစွာအထောက်အကူပြုသဖြင့် အမှိုက်အမျိုးအစားအလိုက် အမှိုက်ပုံးအရောင်များ သတ်မှတ်၍ ခွဲခြားစွန့်ပစ်ခြင်းအစီအစဉ် အောင်မြင်ရေးအတွက် အသိတရားကိုယ်စီဖြင့် အလေးထားပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။

MNP

အဂတိလိုက်စားမှုသည် မကောင်းမှုဒုစရိုက်တစ်ခုဖြစ်

“အဂတိလိုက်စားမှုသည် လူ့ဘောင်လောကကို အရုပ်ဆိုးအကျည်းတန်စေပြီး ကောင်းမွန်သည့် လူမှုစီးပွားဘဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသည့် မကောင်းမှုဒုစရိုက်တစ်ခုပင်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က (၂၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ အဂတိလိုက်စားမှုကို ဒုစရိုက်မှုတစ်ခုအဖြစ် ရှုမြင်နိုင်သည့်တိုင်အောင် မိမိတို့နိုင်ငံအပါအဝင် နိုင်ငံတကာ၌ပါ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို နာတာရှည်တစ်ခုသဖွယ် ကြိုးပမ်းဆောင်ရွက်နေရဆဲဖ

“အဂတိလိုက်စားမှုသည် လူ့ဘောင်လောကကို အရုပ်ဆိုးအကျည်းတန်စေပြီး ကောင်းမွန်သည့် လူမှုစီးပွားဘဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသည့် မကောင်းမှုဒုစရိုက်တစ်ခုပင်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က (၂၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ အဂတိလိုက်စားမှုကို ဒုစရိုက်မှုတစ်ခုအဖြစ် ရှုမြင်နိုင်သည့်တိုင်အောင် မိမိတို့နိုင်ငံအပါအဝင် နိုင်ငံတကာ၌ပါ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို နာတာရှည်တစ်ခုသဖွယ် ကြိုးပမ်းဆောင်ရွက်နေရဆဲဖြစ်သည်။

မိမိတို့နိုင်ငံတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို စတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၄ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ တိုင်ကြားစာများအပေါ် အရေးယူမှုများဆောင်ရွက်ခဲ့ရာတွင် နိုင်ငံရေးရာထူး လက်ရှိဖြစ်သူ ၆၇ ဦး၊ အဆင့်မြင့်အရာရှိ ၂၃ ဦး၊ အရာထမ်း ၁၀၁ ဦး၊ အမှုထမ်း ၈၆ ဦး၊ ပြည်သူ့ဝန်ထမ်း ၁၈ ဦး၊ အခြားပုဂ္ဂိုလ် ၅၃ ဦးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူခဲ့ပြီး နိုင်ငံ့ဝန်ထမ်း ၃၀၃၀ ကို နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်အညီ ဝန်ထမ်းစည်းကမ်းအရ အရေးယူခဲ့သည်။ တာဝန်နှင့်လုပ်ပိုင်ခွင့်ကို အကြောင်းပြု၍ အဂတိလိုက်စားမှုပြုရာတွင် ငွေကြေးသို့မဟုတ် တံစိုးလက်ဆောင်ကို လက်ခံရယူသူသာမက ပေးသူပါအပြစ်ရှိပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူ ခံကြရသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆောင်ရွက်ရာတွင် ဥပဒေအရ စုံစမ်းစစ်ဆေးအရေးယူခြင်းနှင့်အတူ တစ်ဖက်တွင်လည်း ကိုယ်ကျင့်တရားစံနှုန်းများ မြင့်မားရေးဆောင်ရွက်ကြရန်လိုအပ်သည်။ အဂတိလိုက်စားမှုကို ကိုယ်ကျင့်တရားဆိုင်ရာ ပြဿနာ၊ ကိုယ်ကျင့်တရားပျက်ယွင်းခြင်းအဖြစ် သိမြင်နားလည်ပြီး အဂတိလိုက်စားမှုပြုရန်အတွက် ရှက်တတ်၊ ကြောက်တတ်လာစေရန်မှာ ငယ်စဉ်ကပင် အသိတရားပြည့်ဝလာကြရန်အတွက် သွန်သင်ဆုံးမမှု၊ အသိပညာပေးမှုများလိုသည်။ သို့ဖြစ်ရာ နိုင်ငံ့ဝန်ထမ်းများနှင့် ကျောင်းသူကျောင်းသားများအား အဂတိလိုက်စားမှုနှင့်စပ်လျဉ်း၍ လုံးဝလက်မခံကြရန်နှင့် ကိုယ်ကျင့်တရားပျက်ယွင်းမှုအဖြစ် သိမြင်နားလည်လာစေရန် ပညာပေးမှုများကို ပိုမို၍ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြရမည်ဖြစ်သည်။

စင်စစ် နိုင်ငံ့ဝန်ထမ်းများတွင် ကျင့်ဝတ်များ၊ စည်းမျဉ်းစည်းကမ်းများနှင့် ထိန်းကျောင်းထားပြီးဖြစ်ရာ ဝန်ထမ်းတိုင်းက မိမိတို့၏ ခါးဝတ်ပုဆိုး၊ ခါးဝတ်လုံချည်များကဲ့သို့ မြဲမြံစွာ စောင့်ထိန်းကြရမည်ဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းများ၏ ကျင့်ဝတ်များတွင် ပြည်သူပိုင်ပစ္စည်းများနှင့် ပြည်သူ့ဘဏ္ဍာငွေ ယိုဖိတ်ဆုံးရှုံးမှုမရှိစေရန် ထိန်းသိမ်း‌စောင့်ရှောက်ရေး၊ တာဝန်အရအပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍ ကိုယ်ကျိုးရှာခြင်း၊ လာဘ်ပေးလာဘ်ယူပြုခြင်းတို့ကို ရှောင်ကြဉ်ရေး၊ တရားသဖြင့်ရရှိအပ်သော ဝင်ငွေမှတစ်ပါး မရိုးသားသောနည်းဖြင့် အခြားဝင်ငွေရှာခြင်းကို ရှောင်ကြဉ်ရေးစသော အချက်များပါဝင်ပြီး နိုင်ငံ့ဝန်ထမ်းတိုင်း ကျင့်ဝတ်လိုက်နာသူ၊ စာရိတ္တမြင့်မားသူများ ဖြစ်ရန်လိုသည်။

အဂတိလိုက်စားခြင်းသည် နိုင်ငံ၏အုပ်ချုပ်မှုစနစ်ကောင်းမွန်ရေးကို စိန်ခေါ်နေသည့် ပြဿနာတစ်ရပ်ဖြစ်ရာ ဝန်ထမ်းအဖွဲ့အစည်းများအတွင်း တစ်နည်းနည်းဖြင့် ကျူးလွန်နေသည့် အဂတိလိုက်စားမှုများကို ထိထိရောက်ရောက် ဖယ်ရှားကြရမည်ဖြစ်သည်။ အဂတိလိုက်စားမှုအသေးအဖွဲမှသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးတို့အထိ အရေးပါ၊ အ‌ရေးကြီးသည့် အဂတိလိုက်စားမှုများကို ပြတ်ပြတ်သားသား တိုက်ဖျက်သွားကြရပါမည့်အကြောင်း။ ။

MOI

Photo - Goldberg & de Villiers

အစ္စရေးနှင့်အီရန်တို့ကြား ပဋိပက္ခမြင့်တက်မှုနှင့်အတူ ကမ္ဘာ့ရေနံဈေးနှုန်း ဆက်လက်မြင့်တက်လာ

အစ္စရေးနိုင်ငံနှင့် အီရန်နိုင်ငံတို့ကြား ဖြစ်ပွားနေသော ပဋိပက္ခမြင့်တက်မှုနှင့်အတူ ကမ္ဘာ့ရေနံဈေးနှုန်းလည်း ဆက်လက် မြင့်တက်လာလျက်ရှိကြောင်းသိရသည်။
ဇွန်လ ၁၇ ရက်ကမ္ဘာ့ရေနံဈေးနှုန်းသည် ပျမ်းမျှအားဖြင့် ၅ ရာခိုင်နှုန်းနီးပါးမြင့်တက်လာသည်ကိုတွေ့ရသည်။ ဘရန့်ရေနံစိမ်း ဈေးနှုန်းသည် တစ်စည်လျှင် ၄ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ကာ ၇၆ ဒသမ ၄၅ ဒေါ်လာအထိရောက်ရှိလာသည်။ အဆိုပါ ပမာဏသည် ပြီးခဲ့သည့်သီတင်းပတ်တွင် အစ္စရေးနှင့်အီရန်တို့ကြား ပဋိပက္ခစတင်ဖြစ်ပွားပြီးနောက်ပိုင်း ၁၀ ရာခိုင်နှုန်းအထိမြင့်တက်လာခြင်းဖြစ်သည်။

ထို့အတူ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က အီရန်နိုင်ငံနှင့်ပတ်သက်၍ တင်းမာမှုပိုမိုမြင့်တက်စေမည့် မှတ်ချက် ပြုစကားပြောပြီးနောက် ရေနံဈေးနှုန်း ပိုမိုမြင့်တက်လာခြင်းဖြစ်သည်။

အထူးသဖြင့် ရေနံဈေးကွက်က ဟော်မု ရေလက်ကြားတွင်ဖြစ်ပေါ်လာနိုင်သည့် အခြေအနေအပေါ်မူတည်၍ ပိုမိုစိုးရိမ်နေ ရကြောင်း ဈေးကွက်ကျွမ်းကျင်သူတစ်ဦး ကပြောထားသည်။

Ref: RT

Photo - CNBC

တရုတ်သည်သုညနှင့်တစ်ဂဏန်းနှစ်လုံးတည်းဖြင့်‌ကိန်းများကို‌ရေးသည့် စနစ်မသုံးသောAIချစ်ပ်အမြောက်အမြားထုတ်လုပ်

တရုတ်နိုင်ငံသည် ၎င်း၏တစ်ဦးတည်းပိုင် ဟိုက်ဘရစ်ကွန်ပြူတာနည်းပညာကို လေကြောင်းနှင့် စက်မှုလုပ်ငန်းစနစ်များအပါအဝင် အရေးပါသောကဏ္ဍများတွင် ပေါင်းစပ်ထည့်သွင်းထားသည့် သုညနှင့်တစ်ဂဏန်းနှစ်လုံးတည်းဖြင့်ကိန်းများကိုရေးသည့်စနစ်ကို မသုံးသော AI ချစ်ပ်များကို ကမ္ဘာ၌ပထမဆုံး အကြိမ်အဖြစ် အများအပြား ထုတ်လုပ်လိုက်ပြီ ဖြစ်သည်။

ပေကျင်းရှိ Beihang တက္ကသိုလ်မှ ပါမောက္ခ လီဟွန်းဂီ ၏ အဖွဲ့က ဦးဆောင်သော ဤအောင်မြင်မှုသည် အမေရိကန် ချစ်ပ်များ၏ ကန့်သတ်ချက်များကို ကျော်လွန်ကာ ထိတွေ့မျက်နှာပြင်များနှင့် ပျံသန်းမှုစနစ်များကဲ့သို့ ဉာဏ်ရည်တု ထိန်းချုပ်မှုဆိုင်ရာ အပလီကေးရှင်းများတွင် မကြုံဖူးသော အမှားအယွင်းများကို ရှောင်ရှားခြင်းဖြင့် ရိုးရာကွန်ပြူတာနည်းပညာများ၏ အခြေခံအတားအဆီးများကို ကျော်လွှားနိုင်မည်ဖြစ်သည်။

ယနေ့ခေတ် ချစ်ပ်နည်းပညာများသည် ပါဝါ အခက်အခဲနှင့် ဗိသုကာပိုင်းဆိုင်ရာ အတားအဆီးဟူသော စိန်ခေါ်မှုနှစ်ခုကို ရင်ဆိုင်‌နေရကြောင်း လီက ပေကျင်း အခြေစိုက် အစိုးရ သတင်းစာ Guangming Daily ကို ပြီးခဲ့သည့်လက ပြောကြားခဲ့သည်။

ပါဝါအခက်အခဲသည် အခြေခံကျသော ဆန့်ကျင်ဘက်တစ်ခုမှ ဖြစ်ပေါ်လာသည်။ ဘိုင်နရီစနစ်ဟုခေါ်သော သုညနှင့် တစ်ဂဏန်း နှစ်လုံးတည်းဖြင့် ကိန်းများကို ရေးရသောစနစ်သည် သတင်းအချက်အလက်များကို သယ်ဆောင်ရာတွင် ထိရောက်သော်လည်း စွမ်းအင်ပါဝါအများအပြားကို အသုံးပြုရသည်။ ဗိသုကာ အတားအဆီးမှာ ဆီလီကွန်မဟုတ်သော ချစ်ပ်အသစ်များသည် CMOS (သို့မဟုတ်) ဖြည့်စွက်သတ္တုအောက်ဆိုဒ်-တစ်ပိုင်းလျှပ်ကူးပစ္စည်းများကို အခြေခံ၍ ရိုးရာစနစ်များနှင့် အလွယ်တကူ ဆက်သွယ်နိုင်ခြင်း မရှိခြင်းဖြစ်သည်။

လီ၏အဖွဲ့သည် ၂၀၂၂ ခုနှစ်ကတည်းက အခြားရွေးချယ်စရာနည်းလမ်းများကို ရှာဖွေနေခဲ့သည်။ ၎င်းတို့၏အောင်မြင်မှုများသည် ဒွိနံပါတ်(ဘိုင်နရီ)များကို ရိုးရာ(stochastic) သို့မဟုတ် ဖြစ်နိုင်ခြေရှိသောအခြေခံနံပါတ်များနှင့် ပေါင်းစပ်ထားသည့် ဂဏန်းစနစ်အသစ် – Hybrid Stochastic Number (HSN) ၏ အဆိုပြုချက်နှင့်အတူ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ယနေ့ခေတ်တွက်ချက်မှု၏ အခြေခံအုတ်မြစ်ဖြစ်သော ဘိုင်နရီ လော့ဂျစ်သည်ကိန်းမှန်သမျှကို ၀ နှင့် ၁ တို့ကို သာ အသုံးပြု၍ ကိန်းများကို ကိုယ်စားပြု ရေးသားပြီး တိကျသောဂဏန်းသင်္ချာ တွက်ချက်မှုများကို အသုံးပြုထားသည်။ သို့သော်၊ ပမာဏကြီးမားသောဘိုင်နရီ စနစ်တွက်ချက်မှုများသည် ကျယ်ပြန့်သော ကွန်ပျူတာဆိုင်ရာ ဟာ့ဒ်ဝဲအရင်းအမြစ်ပစ္စည်းများ ကို လိုအပ်သည်။

ဖြစ်တန်စွမ်းသီအိုရီကို သုံး၍တွက်ချက်သောကွန်ပြူတာသည် တန်ဖိုးများကို ကိုယ်စားပြုရန်အတွက် သတ်မှတ်ထားသောအချိန်တစ်ခုအတွင်း “အဆင့်မြင့်” ဗို့အားလှိုင်းများ၏ ကြိမ်နှုန်းကို အသုံးချပြီး ကွန်ပျူတာဟာ့ဒ်ဝဲသုံးစွဲမှုကို သိသိသာသာ လျှော့ချပေးနိုင်သည်။ ၎င်းကို ရုပ်ပုံပြင်ဆင်ခြင်း(image processing)၊ အာရုံကြောကွန်ရက်များ(Neural Networks) နှင့် နက်ရှိုင်းစွာသင်ယူခြင်း(deep learning)ကဲ့သို့သော နယ်ပယ်များတွင် အသုံးပြုနှင့်ထားပြီးဖြစ်သည်။ သို့သော် ကွန်ပျူတာသည် ၎င်း၏ ကြိမ်နှုန်းအခြေခံတန်ဖိုးများကို ကိုယ်စားပြုခြင်းကြောင့် တွက်ချက်မှုတွင် ကာလကြာရှည်စွာ နှောင့်နှေးမှုပြသာနာများကို ကြုံတွေ့နေရသည်။

ယင်းပြသာနာကိုဖြေရှင်းရန်အတွက် လီ၏အဖွဲ့သည် stochastic logic ၏ထိရောက်သော စွမ်းဆောင်ရည်နှင့်အတူ ဒွိစနစ် (binary) တွက်ချက်ခြင်း၏အမြန်နှုန်းကိုပေါင်းစပ်ထားသည့် hybrid probabilistic logic ကိုမိတ်ဆက် ပေးခဲ့ခြင်းဖြစ်သည်။

ဤအယူအဆကိုအခြေခံ၍ လီ၏အဖွဲ့သည် ထိတွေ့မှုနှင့် မျက်နှာပြင်အတွက် စမတ်ချစ်ပ်တစ်ခုကို ထိပ်တန်းတရုတ်ချစ်ပ်ထုတ်လုပ်သူ Semiconductor Manufacturing International Corporation ၏ ဆန်းသစ်သော ၁၁၀ နာနိုမီတာ(110-nanometer) လုပ်ငန်းစဉ်နည်းပညာကို အသုံးပြု၍ ၂၀၂၃ ခုနှစ်တွင် တီထွင်ခဲ့သည်။

ပရောဂျက်ရလဒ်များကို IEEE Journal of Solid-State Circuits တွင် လွန်ခဲ့သောနှစ်နှစ်က ထုတ်ဝေခဲ့သည်။ ၎င်းတို့အဖွဲ့သည် ၂၈နာနိုမီတာ (28nm CMOS) လုပ်ငန်းစဉ်ကို အသုံးပြု၍ ဖန်တီးထားသည့် စက်သင်ယူမှုအတွက် အထူးစွမ်းဆောင်ရည်မြင့်ချပ်စ်ကို အ‌မြောက်အမြားထုတ်လုပ် ခဲ့ကြောင်း ယခုနှစ် ဇန်နဝါရီလတွင် ထုတ်ပြန်သည့် Microelectronics ဂျာနယ်တွင် ဖော်ပြထားသော ရလဒ်များအရ သိရသည်။

Guangming Daily ၏ အဆိုအရ ဤသုတေသနသည် ဒွိစနစ်(binary)၊ ရိုးရာ stochastic နှင့် hybrid stochastic ဂဏန်းစနစ်များ၏ ပထမဆုံး ပေါင်းစည်းခြင်းဖြစ်ပြီး တစ်ခုချင်းစီ၏ သင်္ချာဆိုင်ရာ ကိုယ်စားပြုမှုများနှင့် အမှားအယွင်းခံနိုင်ရည်ရှိမှု၊ နှောင့်ယှက်မှုကို ခံနိုင်ရည်ရှိမှုနှင့် စွမ်းအင်ထိရောက်မှုတို့တွင် ၎င်းတို့၏ ဝိသေသလက္ခဏာများကို ခွဲခြမ်းစိတ်ဖြာခြင်း စသည့်အချက်များကို ဆန်းစစ်သုံးသပ်နိုင်ခဲ့သည်။

၎င်းသည် အနာဂတ်တွင် ဖြစ်နိုင်ချေရှိသော ပေါင်းစပ်ချစ်ပ်များ ဖွံ့ဖြိုးတိုးတက်မှုအတွက် ခိုင်မာသော သီအိုရီအခြေခံအုတ်မြစ်ကို ပံ့ပိုးပေးပါသည်။

HSN အပြင် ချစ်ပ်သည် သမားရိုးကျ ဗိသုကာလက်ရာများတွင် မှတ်ဉာဏ်နှင့် ပရိုဆက်ဆာများကြားတွင် စွမ်းအင်အသုံးများသော ဒေတာများ ပိတ်ဆို့ခြင်းကို လျှော့ချပေးသည့် မူလတွက်ချက်မှု အယ်လ်ဂိုရစ်သန် (in-memory computing algorithms) ပါဝင်ပါသည်။

၎င်းတွင် အလုပ်များစွာကို အပြိုင်ကိုင်တွယ်ရန်၊ သမားရိုးကျ တစ်သားတည်းဖြစ်နေသော ဗိသုကာလက်ရာများ၏ ကန့်သတ်ချက်များမှ ကင်းလွတ်ကာ လုပ်ငန်းမျိုးစုံကို အပြိုင်ကိုင်တွယ်ရန် ကွန်ပြူတာယူနစ်စနစ်အမျိုးမျိုးကို ပေါင်းစပ်ထားသည့် စနစ်-on-chip (SoC) ဒီဇိုင်းလည်း ပါရှိသည်။

အားနည်းသောအချက်ပြမှုများကို သိရှိနိုင်စေရန်နှင့် အသုံးပြုသူ အပြန်အလှန်ဆက်ဆံရေးကို မြှင့်တင်ရန် ဆူညံသံများကို စစ်ထုတ်သည့် ထိတွေ့အသိအမှတ်ပြုမှုအပါအဝင် အသိဉာဏ်ရှိသော ထိန်းချုပ်မှုအခြေအနေများတွင် ချစ်ပ်ကို အသုံးပြုထားသည်။

စွမ်းဆောင်ရည်နှင့် ယုံကြည်စိတ်ချရမှုကို မြှင့်တင်ရန် တိကျသော၊ စွမ်းအင်ပါဝါနည်းပါးသော ဒေတာစီမံဆောင်ရွက်ပေးမှုကို လုပ်ဆောင်နိုင်သည့် ပြသမှုများတွင် ၎င်းကို အသုံးပြုထားပြီး တိကျပြီး တည်ငြိမ်သော လေကြောင်းလမ်းညွှန်မှုအတွက် ခိုင်မာသော တွက်ချက်မှုဆိုင်ရာပံ့ပိုးမှုပေးသည့် ပျံသန်းခြင်းထိန်းချုပ်မှုစနစ်များကိုလည်း အသုံးပြုထားသည်။

လီ၏အဖွဲ့သည် ပေါင်းစပ်ဖြစ်နိုင်ချေရှိသော ကွန်ပျူတာအတွက် အံဝင်ခွင်ကျဖြစ်စေမည့် သီးသန့် ညွှန်ကြားချက် ဗိသုကာ (ISA) နှင့် microarchitecture ကို လုပ်ဆောင်နေကြောင်း လီက Guangming Daily သို့ ပြောကြားခဲ့သည်။ ၎င်းတို့သည် ချစ်ပ်၏စွမ်းဆောင်ရည်များကို တိုးတက်ခြင်းနှင့် ရုပ်ပုံလုပ်ဆောင်ခြင်း၊ ဉာဏ်ရည်တုနည်းပညာကြီးမားသောမော်ဒယ်အရှိန်မြှင့်ခြင်းနှင့် အခြားရှုပ်ထွေးသော ကွန်ပျူတာလုပ်ဆောင်ခြင်းများအတွက် ရည်ရွယ်သည်။

“လက်ရှိ ချစ်ပ်သည် မိုက်ခရိုစက္ကန့် (microsecond) အဆင့်တွင် on-chip computing latency ကိုရရှိထားပြီးဖြစ်ပြီး၊ စွမ်းဆောင်ရည်မြင့် ဟတ်ဝဲအရှိန်မြင့်တင်ခြင်း (hardware acceleration) နှင့် ဆော့ဖ်ဝဲပြောင်းလွယ်ပြင်လွယ်ခြင်း (flexible software programmability) အကြားတွင် ချိန်ညှိ လုပ်ဆောင်နိုင်သည်။

ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာလုပ်ငန်းတာဝန်များ ကျေပွန်စွာထမ်းဆောင်

ဥပဒေဆိုသည်မှာ နိုင်ငံတစ်နိုင်ငံလူ့အဖွဲ့အစည်းတစ်ခုအတွင်း လူတို့၏အပြုအမူများကို ထိန်းညှိပေးသည့် စည်းမျဉ်းစနစ်ဖြစ်သည်။ သာမန်စည်းမျဉ်းစည်းကမ်းများနှင့် ကွာခြားသည့်အချက်မှာ ဥပဒေတွင်ပြဋ္ဌာန်းထားသည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို လိုက်နာခြင်းမရှိဘဲ ဖောက်ဖျက်ကျူးလွန်ပါက ပြစ်မှုနှင့်ညီသည့် ပြစ်ဒဏ်ကိုပါ ထည့်သွင်းပြဋ္ဌာန်းထားခြင်းဖြစ်သည်။ သို့ဖြစ်ရာ ဥပဒေစိုးမိုးနေခြင်းက နိုင်ငံသူနိုင်ငံသားတို့ကို အဘက်ဘက်မှလုံခြုံမှုရရှိစေသည်။ နိုင်ငံသားတစ်ဦးအနေဖြင့် ရရှိထားသောအခွင့်အရေးများကို လူပုဂ္ဂိုလ်တစ်ဦးဦး၊ အဖွဲ့အစည်းတစ်ခုခုကဖြစ်စေ၊ အစိုးရကိုယ်တိုင်ကဖြစ်စေ ကျူးလွန်ဖောက်ဖျက်ခြင်းမှလည်

ဥပဒေဆိုသည်မှာ နိုင်ငံတစ်နိုင်ငံလူ့အဖွဲ့အစည်းတစ်ခုအတွင်း လူတို့၏အပြုအမူများကို ထိန်းညှိပေးသည့် စည်းမျဉ်းစနစ်ဖြစ်သည်။ သာမန်စည်းမျဉ်းစည်းကမ်းများနှင့် ကွာခြားသည့်အချက်မှာ ဥပဒေတွင်ပြဋ္ဌာန်းထားသည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို လိုက်နာခြင်းမရှိဘဲ ဖောက်ဖျက်ကျူးလွန်ပါက ပြစ်မှုနှင့်ညီသည့် ပြစ်ဒဏ်ကိုပါ ထည့်သွင်းပြဋ္ဌာန်းထားခြင်းဖြစ်သည်။ သို့ဖြစ်ရာ ဥပဒေစိုးမိုးနေခြင်းက နိုင်ငံသူနိုင်ငံသားတို့ကို အဘက်ဘက်မှလုံခြုံမှုရရှိစေသည်။ နိုင်ငံသားတစ်ဦးအနေဖြင့် ရရှိထားသောအခွင့်အရေးများကို လူပုဂ္ဂိုလ်တစ်ဦးဦး၊ အဖွဲ့အစည်းတစ်ခုခုကဖြစ်စေ၊ အစိုးရကိုယ်တိုင်ကဖြစ်စေ ကျူးလွန်ဖောက်ဖျက်ခြင်းမှလည်း ကာကွယ်ပေးသည်။

ဒီမိုကရေစီစနစ်တွင် တရားဥပဒေစိုးမိုးရေးသည် လွန်စွာအရေးကြီးသည့်အလျောက် လူတိုင်းတရားဥပဒေကို သိရှိနားလည်ရန်နှင့် လေးစားလိုက်နာရန်လိုသည်။ ထို့အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအသီးသီးတွင် ဥပဒေများကို ပြဋ္ဌာန်းဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာတာဝန်ရှိသူများက မိမိတို့တာဝန်ယူကိုင်တွယ်ဆောင်ရွက်ရသည့် တည်ဆဲဥပဒေများ နှင့်အညီ တာဝန်ကျေပွန်စွာ ဆောင်ရွက်ကြရန်လည်းလိုသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြင်ဦးလွင်ခရီးစဉ်အတွင်း တာဝန်ရှိသူများအား တွေ့ဆုံအမှာစကားပြောကြားရာ၌ “တာဝန် ရှိသူများအနေဖြင့် ဥပဒေကသတ်မှတ်ပေးထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ အချို့လမ်းနယ်များ၌ကျူးကျော်၍ မြေအသုံးချမှုများရှိနေပြီး လမ်းမကြီးများဥပဒေနှင့်အညီ ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်တွင် ပြဋ္ဌာန်းပေးထားသည့် ဥပဒေများနှင့်အညီ ကြပ်မတ်ဆောင်ရွက်ခဲ့ခြင်းများမရှိသဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲများကြုံတွေ့ရလျက်ရှိကြောင်း၊ ထို့ကြောင့် ထုတ်ပြန်ထားသည့်ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို သိရှိကြရန်၊ လိုက်နာကြရန် လိုအပ်မည်ဖြစ်ပြီး မိမိတို့လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ကြရန်လိုအပ်မည်ဖြစ်ကြောင်း”ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတွင်ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေများကို တာဝန်ရှိသူများကိုယ်တိုင်က သိရှိနားလည်ထားကြရန်နှင့် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ကိုင်တွယ်ကျင့်သုံးကြရန်လည်းလိုသည်။ မိမိတို့တာဝန်ယူဆောင်ရွက်ရသည့် ဥပဒေကို မိမိတို့ကိုယ်တိုင်က မသိနားမလည်၍ဖြစ်စေ၊ အဂတိတစ်ပါးပါးကြောင့်ဖြစ်စေ ပျက်ကွက်ခြင်း၊ တာဝန်မကျေပွန်ခြင်းက ရေရှည်တွင် အပ်ဖြင့်ထွင်း၍မရတော့ဘဲ ပုဆိန်ဖြင့်ပေါက်ရသည့် အခြေအနေသို့ရောက်ရှိစေသည်။ နိုင်ငံတော်အကြီးအကဲ၏ မှာကြားချက်တွင် လမ်းနယ်ကျူးကျော်မှုများသာမက အခြားလုပ်ငန်းနယ်ပယ်များလည်းပါရှိနေသည်ကို သတိချပ်ကြရန်လိုသည်။ ဥပဒေနှင့်အညီ ကိုင်တွယ်ထိန်းညှိရန်၊ အရေးယူဆောင်ရွက်ရန် လိုအပ်သော်လည်း မျက်ကွယ်ပြုနေခြင်း၊ လျစ်လျူရှုထားခြင်း၊ တာဝန်မကျေပွန်ခြင်း၊ အဂတိလိုက်စားခြင်းတို့က ဥပဒေကျူးလွန်ဖောက်ဖျက်မှုများကို ပိုမိုများပြားလာစေပြီး အစိုးရယန္တရားပေါ်တွင် အများပြည်သူ၏ ယုံကြည်မှုကို လျော့နည်းစေသည်။

နိုင်ငံတော်နှင့် နိုင်ငံ၏အဖွဲ့အစည်းအသီးသီးဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံသားပြည်သူများ လူမှုစီးပွားဘဝ တိုးတက်ကောင်းမွန်ရေးအတွက် အစိုးရယန္တရားအတွင်း ပါဝင်လုပ်ကိုင်ကြရသူများမှာ မိမိတို့၏ အခွင့်အာဏာများကို ကောင်းမွန်မှန်ကန်စွာ ကျင့်သုံးကြရသည်။ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဟူသော ဆောင်ပုဒ်နှင့်အညီ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံကို ကောင်းသည်ထက်ကောင်းအောင် တည်ဆောက်နိုင်ရေးအတွက် တာဝန်ကျေပွန်သူများ၊ စည်းကမ်းလိုက်နာသူများ၊ ကျင့်ဝတ်စောင့်ထိန်းသူများဖြစ်ကြရန် လိုအပ်သကဲ့သို့ မိမိတို့၏ အရည်အသွေးကို မြင့်သည်ထက်မြင့်မားအောင် မြှင့်တင်ကြရန်လည်းလိုသည်။ မိမိတို့ထမ်းဆောင်ရမည့် တာဝန်များကိုလည်း အချိန်မဆိုင်းဘဲ ဥပဒေနှင့်ညီညွတ်စွာ ကျေကျေပွန်ပွန်ထမ်းဆောင်ကြရပါမည့်အကြောင်း။ ။

Photo - CIVIS

ပြန်လည်ထူထောင်ရေးအတွက် ကူညီမှုများ

နိုင်ငံတကာတွင် သဘာဝဘေးအန္တရာယ်များအဖြစ် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ မေလအတွင်း နိုင်ငံပေါင်း ၄၆ နိုင်ငံတွင် မိုးခေါင်မှု ၂  ကြိမ်၊ ငလျင်  ၉  ကြိမ်၊ ရေကြီးမှု  ၃၂  ကြိမ်၊ မုန်တိုင်း ၃၄ ကြိမ်၊ မီးတောင်ပေါက်ကွဲမှု ၁  ကြိမ် နှင့် တောမီး ၉ ကြိမ် ဖြစ်ပွားခဲ့သည်။ ၂၀၁၅ ခုနှစ်မှ ၂၀၂၅ ခုနှစ် ၁၀ နှစ်ကို ပြန်ကြည့်မည်ဆိုပါက မိုးခေါင်ရေရှားမှု အနည်းဆုံး ၂ ကြိမ်မှ အများဆုံး ၁၂ ကြိမ်၊ ငလျင်ဘေး အနည်းဆုံး ၇ ကြိမ်မှ အများဆုံး ၁၉ ကြိမ်၊ ရေဘေးအနည်းဆုံး ၄၆ ကြိမ်မှ အများဆုံး ၉၇ ကြိမ်ဖြစ်ပွားခဲ့သည်။  ၎င်းတို့အနက် ၂၀၂၄ ခုနှစ်တွင် တစ်ကမ္ဘာလုံးအနေဖြင့် ရေဘေး ၇၁

နိုင်ငံတကာတွင် သဘာဝဘေးအန္တရာယ်များအဖြစ် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ မေလအတွင်း နိုင်ငံပေါင်း ၄၆ နိုင်ငံတွင် မိုးခေါင်မှု ၂  ကြိမ်၊ ငလျင်  ၉  ကြိမ်၊ ရေကြီးမှု  ၃၂  ကြိမ်၊ မုန်တိုင်း ၃၄ ကြိမ်၊ မီးတောင်ပေါက်ကွဲမှု ၁  ကြိမ် နှင့် တောမီး ၉ ကြိမ် ဖြစ်ပွားခဲ့သည်။ ၂၀၁၅ ခုနှစ်မှ ၂၀၂၅ ခုနှစ် ၁၀ နှစ်ကို ပြန်ကြည့်မည်ဆိုပါက မိုးခေါင်ရေရှားမှု အနည်းဆုံး ၂ ကြိမ်မှ အများဆုံး ၁၂ ကြိမ်၊ ငလျင်ဘေး အနည်းဆုံး ၇ ကြိမ်မှ အများဆုံး ၁၉ ကြိမ်၊ ရေဘေးအနည်းဆုံး ၄၆ ကြိမ်မှ အများဆုံး ၉၇ ကြိမ်ဖြစ်ပွားခဲ့သည်။  ၎င်းတို့အနက် ၂၀၂၄ ခုနှစ်တွင် တစ်ကမ္ဘာလုံးအနေဖြင့် ရေဘေး ၇၁ ကြိမ်  ကျရောက်ခဲ့ပြီး  မုန်တိုင်း အနည်းဆုံး ၂၁ ကြိမ်မှ အများဆုံး အကြိမ် ၆၀ အထိ ဖြစ်ပွားခဲ့သည်။   မီးတောင်ပေါက်ကွဲမှု ဖြစ်စဉ်မှာ ၃ ကြိမ်မှ ၅ ကြိမ်နှင့် တောမီးလောင်မှု ၁ ကြိမ်မှ ၉ ကြိမ်အထိဖြစ်ပွားခဲ့သည်။ အဆိုပါအကြောင်းအချက်များကို နှိုင်းယှဉ်ကြည့်မည်ဆိုပါက  ရေဘေးအန္တရာယ်နှင့်  မုန်တိုင်းအန္တရာယ်မှာ  အများဆုံးဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင်လည်း ယခုအခါ မိုးတွင်းကာလ ရောက်ရှိလာပြီဖြစ်သည့်အတွက် ဖြစ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို တွက်ချက်၍ ကြိုတင်ကာကွယ် တားဆီးခြင်းဖြင့် ထိခိုက်ပျက်စီးမှုအနည်းဆုံး ဖြစ်အောင် လုပ်ဆောင်ရမည်ဖြစ်သည်။ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အမျိုးသားအဆင့် စီမံချက်များလည်း ရေးဆွဲထားရှိပြီးဖြစ်သည့်အတွက် စီမံချက်များနှင့်အညီ ဇာတ်တိုက်လေ့ကျင့်ခြင်းများ လုပ်ဆောင်ရမည် ဖြစ်သည်။ ရေဘေးနှင့်အတူ  မုန်တိုင်းဘေးအန္တရာယ်ကိုလည်း  သတိထား ဆောင်ရွက်ရမည်ဖြစ်သည်။

မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ အနေဖြင့် ဇွန်လ ၆  ရက်အထိ  သေဆုံးသူ ၃၇၃၉ ဦး၊  ဒဏ်ရာရရှိသူ ၅၁၀၄ ဦး နှင့် ပျောက်ဆုံးသူ ၆၇ ဦး ရှိသည်။  ထို့ပြင် နေအိမ်အဆောက်အအုံ ၆၃၀၀၀ ကျော်နှင့် စာသင်ကျောင်းများ၊ ဘုရားကျောင်းကန်စေတီများ၊ လမ်းတံတားများ များစွာထိခိုက် ပျက်စီးခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ငလျင်လှုပ်ခတ်ပြီး နာရီပိုင်းအတွင်း  ဘေးဒုက္ခခံစားခဲ့ရသည့်  ပြည်သူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများကို အမြန်ဆုံး ကယ်ဆယ်နိုင်ရေး  စီမံဆောင်ရွက်ပေးခဲ့သည်။  အလားတူ ငလျင်ဒဏ်ခံခဲ့ကြရသည့်  ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ  ဝန်ကြီးချုပ် များကလည်း အချိန်နှင့်တစ်ပြေးညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

 ငလျင်ဘေးဒဏ်နှင့်ပတ်သက်၍   နိုင်ငံတကာ၏ ကူညီပံ့ပိုးမှုများကို ကြည့်မည်ဆိုပါက အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ စေလွှတ်ခဲ့ကြသည့်  နိုင်ငံပေါင်း ၂၅ နိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်ရေး အဖွဲ့ဝင် ၂၆၈၈ ဦးကို စေလွှတ်ခဲ့သည်။ အစောဆုံးအနေဖြင့် အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံက ရောက်ရှိပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။  အလားတူ တပ်မတော်သားများ၊  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဝင်များကလည်း နိုင်ငံတကာမှ အရေးပေါ်ကူညီ ကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည်။

နိုင်ငံတော်အကြီးအကဲအနေဖြင့်  ငလျင်လှုပ်ခတ်ပြီး  အချိန်ပိုင်းအတွင်း  နိုင်ငံတကာသို့  အကူအညီ တောင်းခံမှုအကျိုးဆက်အဖြစ် ငလျင်ကြောင့်ဘေးဒုက္ခ ခံစားနေကြရပြီး ပိတ်မိနေကြသည့် ပြည်သူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများကို အတတ်နိုင်ဆုံးနှင့်အမြန်ဆုံး အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သည်။ ထို့ပြင် ထောက်ပံ့ရေးပစ္စည်းများ အနေဖြင့် နိုင်ငံပေါင်း ၁၉ နိုင်ငံမှ စာနာထောက်ထားမှုပစ္စည်းနှင့် ဆေးဝါးစုစုပေါင်း တန်ချိန် ၂၄၇၂ တန်ကို လေယာဉ်အစင်းပေါင်း ၁၀၀၊  ရေယာဉ်ပေါင်း ၈  စင်းနှင့် မော်တော်ယာဉ် ၂ စီးဖြင့် ပို့ဆောင်ထောက်ပံ့ပေးခဲ့ကြသည်။  နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေး အဖွဲ့များ၏ လုပ်ငန်းအတွေ့အကြုံများနှင့် ဗဟုသုတများကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကူညီကယ်ဆယ်ရေး အဖွဲ့ဝင်တို့က ရရှိခဲ့သည့်အတွက် တန်ဖိုးမဖြတ်နိုင်သည့် ကိစ္စရပ်ပင်ဖြစ်သည်။  ကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုသော  နည်းပညာမြင့်မားသည့်  ပစ္စည်းကိရိယာများ၏ သုံးစွဲပုံ၊ သုံးစွဲနည်းများကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေဖြင့် အနီးကပ်ပူးပေါင်း ဆောင်ရွက်ခဲ့ရသည့်အတွက်  အတွေ့အကြုံကောင်းများ ရရှိခဲ့သည်မှာ အဆိုးထဲက အကောင်းတစ်ခုဖြစ်သည်။  ထိုကဲ့သို့  စွမ်းစွမ်းတမံ အကူအညီများ ရရှိခဲ့သည့်အတွက် ငလျင်ကြောင့် ဘေးဒုက္ခခံစားရသူများကို အမြန်ဆုံး ကယ်ဆယ်နိုင်ခဲ့ပြီး ပြန်လည်ထူထောင်ရေး ကိစ္စရပ်များကိုလည်း အမြန်ဆုံး ဆက်လက် ဆောင်ရွက်နိုင်ခဲ့သည်။

ပြန်လည်ထူထောင်ရေးအတွက်  လှူဒါန်းမှုတွင်(ဇွန်လ  ၆ ရက်နေ့အထိ) စာရင်းများအရ ပြည်တွင်း၊ ပြည်ပစေတနာရှင် ပြည်သူများက   လှူဒါန်းမှုလေးကြိမ်အတွင်း  ငွေကျပ် ၁၄၄ ဘီလီယံကျော် ရရှိခဲ့သည်။ ထို့အတူ နိုင်ငံတကာမှ အစိုးရအဖွဲ့များ၊ မြန်မာနိုင်ငံမှ  ပြည်ပရောက်စေတနာရှင်များ  လှူဒါန်းမှုအနေဖြင့် အမေရိကန်ဒေါ်လာ  ၅  ဒသမ  ၁  သန်း၊ ကိုရီးယားဝမ် ၅ သန်း၊ အိန္ဒိယရူပီး ၁၆ သန်း၊ ထိုင်းဘတ် ၂ သန်း၊ စင်ကာပူဒေါ်လာ ၃၁၅၀၊ တရုတ်ယွမ် ၇၀၀ ၊ သီရိလင်္ကာရူပီး ၂ သိန်းခွဲ၊ နီပေါရူပီး ၃၇၀၀၀၊ ဘင်္ဂလားဒေ့ရှ် တာကာ ၃၁၆၀၊ ဗီယက်နမ်ဒေါင် ၉၇၉၀၀၀၊ အင်ဒိုနီးရှားရူပီး ၂၀၀၀၀၊  ကမ္ဘောဒီးယားရီရယ် ၇၁၆၅၀၀၊ လာအို ကစ် ၁ ဒသမ ၇ သန်းကျော်၊ ရုရှား  ရူဘယ် ၂၆၃၀၀၀ ကျော်  ရရှိခဲ့သည်။ ငလျင်ဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည်များ ပြန်လည်ထူထောင်နိုင်ရေးအတွက်  လုပ်အား၊ ငွေအား၊ ပစ္စည်းအားဖြင့် ကူညီပေးလှူကြသူများကို ကျေးဇူးအထူးပင် တင်ရှိပါကြောင်း ရေးသားလိုက်ရပေသည်။   ။

MWD Web Portal

ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ပတ္တမြားရပ်ကွက် စစ်ကိုင်းပညာရေးတက္ကသိုလ်အတွင်းရှိ Grade-12 စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား/သူများ အနီးကပ်စခန်းသွင်းလေ့ကျင့်နေမှုများနှင့် လေ့ကျင့်သင်ကြားပေးနေမှုများကို ကြည့်ရှုအားပေးပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော စာသင်ဆောင်များကို ကျောင်းဖွင့်ရာသီအမီ ပြင်ဆင်ထားရှိမှုများအား လိုက်လံကြည့်ရှု၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများ သည်ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော စစ်ကိုင်းမြို့ရှိ ဘုရားစေတီပုထိုးများ၊ သာသနိကအဆောက်အအုံများနှင့် ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် နေအိမ်အဆောက်အအုံများ၌ အပျက်အစီးများအား စက်ယန္တရားကြီးများဖြင့် မိုးမကျမီအရှိန်အဟုန်မြှင့် ဖယ်ရှားရှင်းလင်းနေမှုများ၊ စစ်ကိုင်းမြို့ရှိ ပြည်သူများအတွက် တပ်မတော်ရေသန့်စက်ဖြင့် ရေပေးဝေနေမှုနှင့် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် မောရဂီဝါရပ်ကွက်၊ ထင်းဝန်းရပ်ကွက်၊ ချမ်းအေးသာစံအလယ်ရပ်ကွက်များရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အန္တရာယ်ရှိအဆောက်အအုံများ၌ ဖြိုချရှင်းလင်းရန် ကျန်အဆောက်အအုံများအား လုပ်ငန်းဆောင်ရွက်ရန် ပြင်ဆင်ထားရှိမှု၊ ဖြိုချပြီးအပျက်အစီးများ အပြီးသတ်ရှင်းလင်းနေမှု၊ ဖြိုချဖျက်စီးဆဲ အန္တရာယ်ရှိ အဆောက်အအုံများ၌ စက်ယန္တရားကြီးများ အသုံးပြု၍ အင်တိုက်အားတိုက် ရှင်းလင်းရေးဆောင်ရွက်နေမှု၊ အများပြည်သူအသုံးပြုမှုများသည့် လမ်းမကြီးများ၌ လမ်းပိတ်ဆို့မှုမဖြစ်ပေါ်စေရေးနှင့် အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးဆောင်ရွက်ထားရှိမှုများနှင့် အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်နှင့် အောင်မြေသာစံရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော သာသနိကအဆောက်အအုံများအား ကြည့်ရှုစစ်ဆေး၍ ကျောင်းထိုင်ဆရာတော်ကြီးများအား အလှူငွေများဆက်ကပ်လှူဒါန်းပြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ အမရပူရမြို့နယ်၊ ငယ်တိုးကျေးရွာအုပ်စု၊ ရွှေလွန်းကျေးရွာနှင့် ဈေးချိုရပ်ကွက်တို့ရှိငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ဘုရားစေတီများနှင့် သာသနိကအဆောက်အအုံများ၌ အပျက်အစီးများအား တပ်မတော်သားများက အင်တိုက်အားတိုက် ရှင်းလင်းဖယ်ရှားနေမှု၊ စက်ယန္တရားကြီးများအသုံးပြု၍ ဖယ်ရှားရှင်းလင်းနေမှုနှင့် ပြန်လည်တူးဖော်ရရှိသော ရှေးဟောင်းဌာပနာပစ္စည်းများအား စနစ်တကျထိန်းသိမ်းဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားပြီး ကျောင်းထိုင်ဆရာတော်ကြီးများအား အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် ချမ်းမြသာစည်မြို့နယ်၊ သမ္ပဝတီရပ်ကွက်ရှိ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အပျက်အစီးများအား ဖယ်ရှားရှင်းလင်းပေးနေမှုများကို ကြည့်ရှုစစ်ဆေး၍ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ပင်းယဆောင်တွင် ပညာသင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်အားပေးစကားများ ပြောကြားသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်နှင့် တာဝန်ရှိသူများသည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကျောက်ဆည်မြို့၊ ဆူးကုန်းရပ်ကွက်နှင့် ကြက်မင်းတွန်ရပ်ကွက်များရှိ ခရိုင်/မြို့နယ် စိုက်ပျိုးရေး ဝန်ထမ်းအိမ်ရာအဆောက်အအုံများ၊ ဆူးကုန်းရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်ရုံးတို့အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ဆူးကုန်းရပ်ကွက်ရှိ ပြည်သူ့ဆေးရုံကြီး၌ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား Covid-19 ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုများ၊ ကျောက်ဆည်မြို့၊ စုကြီးရပ်ကွက်ရှိ ကျောက်သေတ္တာစေတီပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများအတွက် လိုအပ်သောပစ္စည်းများသယ်ယူရန် စတီးကြိုးတပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ကျောက်ဆည်မြို့နယ်အတွင်းရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ဘုရားစေတီများ၊ သာသနိကအဆောက်အအုံများနှင့် နေအိမ်အဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ရေးအတွက် လိုအပ်လျက်ရှိသော ဘိလပ်မြေ၊ သံချောင်းနှင့် အထပ်သားပြားများကို စက်ရုံထုတ်အထူးဈေးနှုန်းဖြင့် ရောင်းချပေးနေမှုများအား သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ဒုတိယဝန်ကြီး ဦးလူမွန် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Nizhny Novgorod မြို့၌ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ်ဖိုရမ်သို့ တက်ရောက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလူမွန်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Nizhny Novgorod မြို့၌ ဇွန် ၅ ရက်မှ ၆ ရက်အထိ ပထမအကြိမ် ကျင်းပပြုလုပ်သည့် ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ်ဖိုရမ်သို့ တက်ရောက်ခဲ့သည်။

ဇွန် ၅ ရက်က ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ်ဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်မစ္စတာ Dmitry Yuryevich Grigorenko ၊ Nizhny ဒေသအုပ်ချုပ်ရေးမှူးမစ္စတာ Gleb Nikitin နှင့် တာဝန်ရှိသူများ၊ နိုင်ငံပေါင်း ၁၁၀ မှ ကိုယ်စားလှယ်များနှင့် ပညာရှင်များ တက်ရောက်ခဲ့ကြသည်။

ဖိုရမ်ကျင်းပစဉ်ကာလအတွင်း ဒုတိယဝန်ကြီးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးဆက်သွယ်ရေးနှင့် မီဒီယာဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စ Bella Cherkesova နှင့် အလုပ်သဘောသီးခြားတွေ့ဆုံ၍ ကုန်စည်ကူးသန်းရောင်းဝယ်မှုကို ဒစ်ဂျစ်တယ်နည်းပညာဖြင့် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားကြရန်၊ ဒေသတွင်း နည်းပညာကွာဟမှုလျှော့ချရေးအပါ အဝင်အဆင်သင့်ဖြစ်မှု၊ အားသာချက်နှင့် စိန်ခေါ်မှုတို့နှင့် ရုရှား - မြန်မာနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် အခွင့်အလမ်းများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ Sergey Vershinin ဦးဆောင်ကျင်းပပြုလုပ်သည့် ဝန်ကြီးအဆင့် သီးခြားဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများသို့ တက် ရောက်ပြီး ပြခန်းများကို ကြည့်ရှုလေ့လာခဲ့သည်။

ဖိုရမ်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် တက်ရောက်လာကြသည့်နိုင်ငံများမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများအကြား ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များ၊ နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရှိရသည်။