Artificial Intelligence (AI) ဆိုသည်မှာ ဖန်တီးပြုလုပ်ထားသည့် အသိဉာဏ်ဖြစ်ပြီး ရံဖန်ရံခါဉာဏ်ရည်တုဟူ၍ မြန်မာဘာသာ ပြန်ဆိုသည်။ သို့ရာတွင် နေ့စဉ်လူမှုဘဝနယ်ပယ်များတွင် အေအိုင်က တစ်စတစ်စ ကျယ်ပြန့်စွာ နေရာယူလာနေသလို ဉာဏ်ရည်တုဟူသော ဝေါဟာရထက် အေအိုင်ဟူ၍သာ ခေါ်ဝေါ်သုံးစွဲနေကြသည်ကို တွေ့ရသည်။ အေအိုင်သည် လူသားတို့၏ အသိဉာဏ်ကို တုပထားပြီး ကွန်ပျူတာများနှင့် စက်ရုပ်များတွင် ထည့်သွင်းထားသည့် ပရိုဂရမ်များပင်ဖြစ်သည်။ အေအိုင်နည်းပညာသုံးစွဲထားသည့် စက်များက လူသားများကဲ့သို့ သင်ယူနိုင်ခြင်း၊ ခွဲခြမ်းစိတ်ဖြာသုံးသပ်နိုင်ခြင်း၊ ပြဿနာကို ဖြေရှင်းနိုင်ခြင်း၊ ဆုံးဖြတ်ချက်ချနိုင်ခြင်းတို့ ပြုလုပ
Artificial Intelligence (AI) ဆိုသည်မှာ ဖန်တီးပြုလုပ်ထားသည့် အသိဉာဏ်ဖြစ်ပြီး ရံဖန်ရံခါဉာဏ်ရည်တုဟူ၍ မြန်မာဘာသာ ပြန်ဆိုသည်။ သို့ရာတွင် နေ့စဉ်လူမှုဘဝနယ်ပယ်များတွင် အေအိုင်က တစ်စတစ်စ ကျယ်ပြန့်စွာ နေရာယူလာနေသလို ဉာဏ်ရည်တုဟူသော ဝေါဟာရထက် အေအိုင်ဟူ၍သာ ခေါ်ဝေါ်သုံးစွဲနေကြသည်ကို တွေ့ရသည်။ အေအိုင်သည် လူသားတို့၏ အသိဉာဏ်ကို တုပထားပြီး ကွန်ပျူတာများနှင့် စက်ရုပ်များတွင် ထည့်သွင်းထားသည့် ပရိုဂရမ်များပင်ဖြစ်သည်။ အေအိုင်နည်းပညာသုံးစွဲထားသည့် စက်များက လူသားများကဲ့သို့ သင်ယူနိုင်ခြင်း၊ ခွဲခြမ်းစိတ်ဖြာသုံးသပ်နိုင်ခြင်း၊ ပြဿနာကို ဖြေရှင်းနိုင်ခြင်း၊ ဆုံးဖြတ်ချက်ချနိုင်ခြင်းတို့ ပြုလုပ်နိုင်စွမ်းရှိလာသည်။
အေအိုင်ကို Artificial Narrow Intelligence (ANI)၊ Artificial General Intelligence (AGI)၊ Artificial Super Intelligence (ASI) ဟူ၍ ပုံစံသုံးမျိုးခွဲခြားနိုင်သည့်အနက် လက်ရှိအခြေအနေတွင် ANI နည်းပညာက အရှိန်အဟုန်ရရှိနေခြင်းဖြစ်သည်။ ANI သည် ကျဉ်းမြောင်းသည့် အေအိုင်၊ အားနည်းသည့် အေအိုင်ဟုဆိုထားသော်လည်း လုပ်ငန်းတစ်ခုခုအတွက် အထူးဖန်တီးပြုလုပ်ထားသည့် အေအိုင်မျိုးဖြစ်ပြီး လတ်တလောတွင် နယ်ပယ်ကဏ္ဍအများအပြား၌ တွင်ကျယ်နေသည့် အေအိုင်ဖြစ်သည်။ AGI ခေါ် အထွေထွေအေအိုင်ကိုမူ အားကောင်းသည့် အေအိုင် (Strong AI) အဖြစ်သတ်မှတ်ထားပြီး လူသားတစ်ဦး၏ ဦးနှောက်အတိုင်း အလုပ်လုပ်နိုင်သည့် စွမ်းရည်ရှိမည့်အေအိုင်ဖြစ်သည်။ လောလောဆယ်တွင်မူ AGI သည် စိတ်ကူးထည်မျှသာဖြစ်ပြီး အကောင်အထည်ပေါ်မလာသေး။ ထို့အတူလူသားတို့၏ ဉာဏ်စွမ်းရည်ထက် ပိုမိုသည့် မဟာဉာဏ်ကြီးရှင်အေအိုင် (ASI) သည်လည်း အနာဂတ်တွင် ဖြစ်လာမည့်အခြေအနေတစ်ရပ်ဟုဆိုသည်။
လက်ရှိ ANI သည်ပင်လျှင် အားနည်းသည့်အေအိုင်၊ ကျဉ်းမြောင်းသည့်အေအိုင်၊ အလုပ်တစ်ခုကို အထူးပြုသည့် အေအိုင်ဟုဆိုစေကာမူ လူ့အဖွဲ့အစည်းအပေါ် ကောင်းကျိုး ဆိုးကျိုးအမျိုးမျိုးဖြင့် လှုပ်လှုပ်ရှားရှားဖြစ်နေစေသည်။ နယ်ပယ်အသီးသီးတွင် အေအိုင်နည်းပညာကို အသုံးပြုနေကြသည်နှင့်အမျှ အေအိုင်သည် လူတို့နှင့် ပို၍ပို၍ပတ်သက်လာနေသည်။ အေအိုင်ကို ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်တွင် ရောဂါရှာဖွေခြင်း၊ ကုသခြင်း၊ စီမံခန့်ခွဲခြင်း၊ လူနာစောင့်ရှောက်ခြင်း စသည်တို့တွင် အသုံးချလျက်ရှိသကဲ့သို့ စက်မှုကုန်ထုတ်လုပ်ငန်းများ၊ လူမှုကွန်ရက်များ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ဘဏ္ဍာရေးနှင့်ငွေကြေးဈေးကွက်များ၊ ဖျော်ဖြေရေးလုပ်ငန်းများ၊ ပညာသင်ကြားရေးလုပ်ငန်းများ စသည်ဖြင့် နယ်ပယ်များစွာတို့တွင် တစ်နေ့တခြား ပိုမိုသုံးစွဲလာနေသည်။
စိုက်ပျိုးရေးသည် နိုင်ငံ၏အဓိကစီးပွားရေးလုပ်ငန်းဖြစ်ရာ တောင်သူများအတွက် စိုက်ပျိုးထုတ်လုပ်မှုအထောက်အကူပြု အေအိုင်နည်းပညာပြန့်ပွားရေးလုပ်ငန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိပြီး တောင်သူများအား အေအိုင်နည်းပညာများ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။ စိုက်ပျိုးရေးနှင့်စပ်လျဉ်း၍ မိမိတို့သိရှိလိုသမျှကို အနားတွင် ဆရာတစ်ဆူရှိနေသကဲ့သို့ နေ့ညအချိန်အခါမရွေး အားမနာတမ်းမေးနိုင်သည့် အေအိုင်နည်းပညာကို တောင်သူလယ်သမားတိုင်း ရင်းနှီးကျွမ်းဝင်နေကြဖို့လိုသည်။ တောင်သူတို့ အေအိုင်ကို ကျွမ်းကျွမ်းကျင်ကျင် နေရာကျစွာ သုံးစွဲနိုင်ကြသည်နှင့်အမျှ စိုက်သမျှအထွက်တိုးကာ အကျိုးစီးပွားကြီးမားစွာ ဖြစ်ထွန်းနိုင်ကြပါမည့်အကြောင်း။ ။
MOI
Photo- Cysparks

အစ္စရေးနိုင်ငံနှင့် အီရန်နိုင်ငံတို့ကြား ဖြစ်ပွားနေသော ပဋိပက္ခမြင့်တက်မှုနှင့်အတူ ကမ္ဘာ့ရေနံဈေးနှုန်းလည်း ဆက်လက် မြင့်တက်လာလျက်ရှိကြောင်းသိရသည်။
ဇွန်လ ၁၇ ရက်ကမ္ဘာ့ရေနံဈေးနှုန်းသည် ပျမ်းမျှအားဖြင့် ၅ ရာခိုင်နှုန်းနီးပါးမြင့်တက်လာသည်ကိုတွေ့ရသည်။ ဘရန့်ရေနံစိမ်း ဈေးနှုန်းသည် တစ်စည်လျှင် ၄ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ကာ ၇၆ ဒသမ ၄၅ ဒေါ်လာအထိရောက်ရှိလာသည်။ အဆိုပါ ပမာဏသည် ပြီးခဲ့သည့်သီတင်းပတ်တွင် အစ္စရေးနှင့်အီရန်တို့ကြား ပဋိပက္ခစတင်ဖြစ်ပွားပြီးနောက်ပိုင်း ၁၀ ရာခိုင်နှုန်းအထိမြင့်တက်လာခြင်းဖြစ်သည်။

ထို့အတူ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က အီရန်နိုင်ငံနှင့်ပတ်သက်၍ တင်းမာမှုပိုမိုမြင့်တက်စေမည့် မှတ်ချက် ပြုစကားပြောပြီးနောက် ရေနံဈေးနှုန်း ပိုမိုမြင့်တက်လာခြင်းဖြစ်သည်။
အထူးသဖြင့် ရေနံဈေးကွက်က ဟော်မု ရေလက်ကြားတွင်ဖြစ်ပေါ်လာနိုင်သည့် အခြေအနေအပေါ်မူတည်၍ ပိုမိုစိုးရိမ်နေ ရကြောင်း ဈေးကွက်ကျွမ်းကျင်သူတစ်ဦး ကပြောထားသည်။
Ref: RT
Photo - CNBC

တရုတ်နိုင်ငံသည် ၎င်း၏တစ်ဦးတည်းပိုင် ဟိုက်ဘရစ်ကွန်ပြူတာနည်းပညာကို လေကြောင်းနှင့် စက်မှုလုပ်ငန်းစနစ်များအပါအဝင် အရေးပါသောကဏ္ဍများတွင် ပေါင်းစပ်ထည့်သွင်းထားသည့် သုညနှင့်တစ်ဂဏန်းနှစ်လုံးတည်းဖြင့်ကိန်းများကိုရေးသည့်စနစ်ကို မသုံးသော AI ချစ်ပ်များကို ကမ္ဘာ၌ပထမဆုံး အကြိမ်အဖြစ် အများအပြား ထုတ်လုပ်လိုက်ပြီ ဖြစ်သည်။

ပေကျင်းရှိ Beihang တက္ကသိုလ်မှ ပါမောက္ခ လီဟွန်းဂီ ၏ အဖွဲ့က ဦးဆောင်သော ဤအောင်မြင်မှုသည် အမေရိကန် ချစ်ပ်များ၏ ကန့်သတ်ချက်များကို ကျော်လွန်ကာ ထိတွေ့မျက်နှာပြင်များနှင့် ပျံသန်းမှုစနစ်များကဲ့သို့ ဉာဏ်ရည်တု ထိန်းချုပ်မှုဆိုင်ရာ အပလီကေးရှင်းများတွင် မကြုံဖူးသော အမှားအယွင်းများကို ရှောင်ရှားခြင်းဖြင့် ရိုးရာကွန်ပြူတာနည်းပညာများ၏ အခြေခံအတားအဆီးများကို ကျော်လွှားနိုင်မည်ဖြစ်သည်။
ယနေ့ခေတ် ချစ်ပ်နည်းပညာများသည် ပါဝါ အခက်အခဲနှင့် ဗိသုကာပိုင်းဆိုင်ရာ အတားအဆီးဟူသော စိန်ခေါ်မှုနှစ်ခုကို ရင်ဆိုင်နေရကြောင်း လီက ပေကျင်း အခြေစိုက် အစိုးရ သတင်းစာ Guangming Daily ကို ပြီးခဲ့သည့်လက ပြောကြားခဲ့သည်။
ပါဝါအခက်အခဲသည် အခြေခံကျသော ဆန့်ကျင်ဘက်တစ်ခုမှ ဖြစ်ပေါ်လာသည်။ ဘိုင်နရီစနစ်ဟုခေါ်သော သုညနှင့် တစ်ဂဏန်း နှစ်လုံးတည်းဖြင့် ကိန်းများကို ရေးရသောစနစ်သည် သတင်းအချက်အလက်များကို သယ်ဆောင်ရာတွင် ထိရောက်သော်လည်း စွမ်းအင်ပါဝါအများအပြားကို အသုံးပြုရသည်။ ဗိသုကာ အတားအဆီးမှာ ဆီလီကွန်မဟုတ်သော ချစ်ပ်အသစ်များသည် CMOS (သို့မဟုတ်) ဖြည့်စွက်သတ္တုအောက်ဆိုဒ်-တစ်ပိုင်းလျှပ်ကူးပစ္စည်းများကို အခြေခံ၍ ရိုးရာစနစ်များနှင့် အလွယ်တကူ ဆက်သွယ်နိုင်ခြင်း မရှိခြင်းဖြစ်သည်။
လီ၏အဖွဲ့သည် ၂၀၂၂ ခုနှစ်ကတည်းက အခြားရွေးချယ်စရာနည်းလမ်းများကို ရှာဖွေနေခဲ့သည်။ ၎င်းတို့၏အောင်မြင်မှုများသည် ဒွိနံပါတ်(ဘိုင်နရီ)များကို ရိုးရာ(stochastic) သို့မဟုတ် ဖြစ်နိုင်ခြေရှိသောအခြေခံနံပါတ်များနှင့် ပေါင်းစပ်ထားသည့် ဂဏန်းစနစ်အသစ် – Hybrid Stochastic Number (HSN) ၏ အဆိုပြုချက်နှင့်အတူ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ယနေ့ခေတ်တွက်ချက်မှု၏ အခြေခံအုတ်မြစ်ဖြစ်သော ဘိုင်နရီ လော့ဂျစ်သည်ကိန်းမှန်သမျှကို ၀ နှင့် ၁ တို့ကို သာ အသုံးပြု၍ ကိန်းများကို ကိုယ်စားပြု ရေးသားပြီး တိကျသောဂဏန်းသင်္ချာ တွက်ချက်မှုများကို အသုံးပြုထားသည်။ သို့သော်၊ ပမာဏကြီးမားသောဘိုင်နရီ စနစ်တွက်ချက်မှုများသည် ကျယ်ပြန့်သော ကွန်ပျူတာဆိုင်ရာ ဟာ့ဒ်ဝဲအရင်းအမြစ်ပစ္စည်းများ ကို လိုအပ်သည်။
ဖြစ်တန်စွမ်းသီအိုရီကို သုံး၍တွက်ချက်သောကွန်ပြူတာသည် တန်ဖိုးများကို ကိုယ်စားပြုရန်အတွက် သတ်မှတ်ထားသောအချိန်တစ်ခုအတွင်း “အဆင့်မြင့်” ဗို့အားလှိုင်းများ၏ ကြိမ်နှုန်းကို အသုံးချပြီး ကွန်ပျူတာဟာ့ဒ်ဝဲသုံးစွဲမှုကို သိသိသာသာ လျှော့ချပေးနိုင်သည်။ ၎င်းကို ရုပ်ပုံပြင်ဆင်ခြင်း(image processing)၊ အာရုံကြောကွန်ရက်များ(Neural Networks) နှင့် နက်ရှိုင်းစွာသင်ယူခြင်း(deep learning)ကဲ့သို့သော နယ်ပယ်များတွင် အသုံးပြုနှင့်ထားပြီးဖြစ်သည်။ သို့သော် ကွန်ပျူတာသည် ၎င်း၏ ကြိမ်နှုန်းအခြေခံတန်ဖိုးများကို ကိုယ်စားပြုခြင်းကြောင့် တွက်ချက်မှုတွင် ကာလကြာရှည်စွာ နှောင့်နှေးမှုပြသာနာများကို ကြုံတွေ့နေရသည်။
ယင်းပြသာနာကိုဖြေရှင်းရန်အတွက် လီ၏အဖွဲ့သည် stochastic logic ၏ထိရောက်သော စွမ်းဆောင်ရည်နှင့်အတူ ဒွိစနစ် (binary) တွက်ချက်ခြင်း၏အမြန်နှုန်းကိုပေါင်းစပ်ထားသည့် hybrid probabilistic logic ကိုမိတ်ဆက် ပေးခဲ့ခြင်းဖြစ်သည်။
ဤအယူအဆကိုအခြေခံ၍ လီ၏အဖွဲ့သည် ထိတွေ့မှုနှင့် မျက်နှာပြင်အတွက် စမတ်ချစ်ပ်တစ်ခုကို ထိပ်တန်းတရုတ်ချစ်ပ်ထုတ်လုပ်သူ Semiconductor Manufacturing International Corporation ၏ ဆန်းသစ်သော ၁၁၀ နာနိုမီတာ(110-nanometer) လုပ်ငန်းစဉ်နည်းပညာကို အသုံးပြု၍ ၂၀၂၃ ခုနှစ်တွင် တီထွင်ခဲ့သည်။
ပရောဂျက်ရလဒ်များကို IEEE Journal of Solid-State Circuits တွင် လွန်ခဲ့သောနှစ်နှစ်က ထုတ်ဝေခဲ့သည်။ ၎င်းတို့အဖွဲ့သည် ၂၈နာနိုမီတာ (28nm CMOS) လုပ်ငန်းစဉ်ကို အသုံးပြု၍ ဖန်တီးထားသည့် စက်သင်ယူမှုအတွက် အထူးစွမ်းဆောင်ရည်မြင့်ချပ်စ်ကို အမြောက်အမြားထုတ်လုပ် ခဲ့ကြောင်း ယခုနှစ် ဇန်နဝါရီလတွင် ထုတ်ပြန်သည့် Microelectronics ဂျာနယ်တွင် ဖော်ပြထားသော ရလဒ်များအရ သိရသည်။
Guangming Daily ၏ အဆိုအရ ဤသုတေသနသည် ဒွိစနစ်(binary)၊ ရိုးရာ stochastic နှင့် hybrid stochastic ဂဏန်းစနစ်များ၏ ပထမဆုံး ပေါင်းစည်းခြင်းဖြစ်ပြီး တစ်ခုချင်းစီ၏ သင်္ချာဆိုင်ရာ ကိုယ်စားပြုမှုများနှင့် အမှားအယွင်းခံနိုင်ရည်ရှိမှု၊ နှောင့်ယှက်မှုကို ခံနိုင်ရည်ရှိမှုနှင့် စွမ်းအင်ထိရောက်မှုတို့တွင် ၎င်းတို့၏ ဝိသေသလက္ခဏာများကို ခွဲခြမ်းစိတ်ဖြာခြင်း စသည့်အချက်များကို ဆန်းစစ်သုံးသပ်နိုင်ခဲ့သည်။
၎င်းသည် အနာဂတ်တွင် ဖြစ်နိုင်ချေရှိသော ပေါင်းစပ်ချစ်ပ်များ ဖွံ့ဖြိုးတိုးတက်မှုအတွက် ခိုင်မာသော သီအိုရီအခြေခံအုတ်မြစ်ကို ပံ့ပိုးပေးပါသည်။
HSN အပြင် ချစ်ပ်သည် သမားရိုးကျ ဗိသုကာလက်ရာများတွင် မှတ်ဉာဏ်နှင့် ပရိုဆက်ဆာများကြားတွင် စွမ်းအင်အသုံးများသော ဒေတာများ ပိတ်ဆို့ခြင်းကို လျှော့ချပေးသည့် မူလတွက်ချက်မှု အယ်လ်ဂိုရစ်သန် (in-memory computing algorithms) ပါဝင်ပါသည်။
၎င်းတွင် အလုပ်များစွာကို အပြိုင်ကိုင်တွယ်ရန်၊ သမားရိုးကျ တစ်သားတည်းဖြစ်နေသော ဗိသုကာလက်ရာများ၏ ကန့်သတ်ချက်များမှ ကင်းလွတ်ကာ လုပ်ငန်းမျိုးစုံကို အပြိုင်ကိုင်တွယ်ရန် ကွန်ပြူတာယူနစ်စနစ်အမျိုးမျိုးကို ပေါင်းစပ်ထားသည့် စနစ်-on-chip (SoC) ဒီဇိုင်းလည်း ပါရှိသည်။
အားနည်းသောအချက်ပြမှုများကို သိရှိနိုင်စေရန်နှင့် အသုံးပြုသူ အပြန်အလှန်ဆက်ဆံရေးကို မြှင့်တင်ရန် ဆူညံသံများကို စစ်ထုတ်သည့် ထိတွေ့အသိအမှတ်ပြုမှုအပါအဝင် အသိဉာဏ်ရှိသော ထိန်းချုပ်မှုအခြေအနေများတွင် ချစ်ပ်ကို အသုံးပြုထားသည်။
စွမ်းဆောင်ရည်နှင့် ယုံကြည်စိတ်ချရမှုကို မြှင့်တင်ရန် တိကျသော၊ စွမ်းအင်ပါဝါနည်းပါးသော ဒေတာစီမံဆောင်ရွက်ပေးမှုကို လုပ်ဆောင်နိုင်သည့် ပြသမှုများတွင် ၎င်းကို အသုံးပြုထားပြီး တိကျပြီး တည်ငြိမ်သော လေကြောင်းလမ်းညွှန်မှုအတွက် ခိုင်မာသော တွက်ချက်မှုဆိုင်ရာပံ့ပိုးမှုပေးသည့် ပျံသန်းခြင်းထိန်းချုပ်မှုစနစ်များကိုလည်း အသုံးပြုထားသည်။
လီ၏အဖွဲ့သည် ပေါင်းစပ်ဖြစ်နိုင်ချေရှိသော ကွန်ပျူတာအတွက် အံဝင်ခွင်ကျဖြစ်စေမည့် သီးသန့် ညွှန်ကြားချက် ဗိသုကာ (ISA) နှင့် microarchitecture ကို လုပ်ဆောင်နေကြောင်း လီက Guangming Daily သို့ ပြောကြားခဲ့သည်။ ၎င်းတို့သည် ချစ်ပ်၏စွမ်းဆောင်ရည်များကို တိုးတက်ခြင်းနှင့် ရုပ်ပုံလုပ်ဆောင်ခြင်း၊ ဉာဏ်ရည်တုနည်းပညာကြီးမားသောမော်ဒယ်အရှိန်မြှင့်ခြင်းနှင့် အခြားရှုပ်ထွေးသော ကွန်ပျူတာလုပ်ဆောင်ခြင်းများအတွက် ရည်ရွယ်သည်။
“လက်ရှိ ချစ်ပ်သည် မိုက်ခရိုစက္ကန့် (microsecond) အဆင့်တွင် on-chip computing latency ကိုရရှိထားပြီးဖြစ်ပြီး၊ စွမ်းဆောင်ရည်မြင့် ဟတ်ဝဲအရှိန်မြင့်တင်ခြင်း (hardware acceleration) နှင့် ဆော့ဖ်ဝဲပြောင်းလွယ်ပြင်လွယ်ခြင်း (flexible software programmability) အကြားတွင် ချိန်ညှိ လုပ်ဆောင်နိုင်သည်။
Source: Popular Myanmar

ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ကမ္ဘာ့ရေခဲတောင်များ အရည်ပျော်မှု မြင့်တက်လျက်ရှိသည်ဖြစ်ရာ ယခုနှုန်းအတိုင်းဆိုလျှင် ရေခဲတောင်များသည် ၂၁ ရာစုကုန်သည်အထိပင် ရှင်သန်နိုင်မည်မဟုတ်ကြောင်း ပညာရှင်များက သတိပေးလိုက်သည်။
ကမ္ဘာပေါ်ရှိ ရေခဲတောင် ၂၇၅၀၀၀ နီးပါးသည် ကမ္ဘာ့ရေချို ၇၀ ရာခိုင်နှုန်းကို ထိန်းသိမ်းပေးထားပြီး လူ သန်း ၂၀၀၀ ကျော် မှီခိုအားထားနေရသည့် တောင်များဖြစ်သည်။ ကမ္ဘာ့မိုးလေဝသဌာနကြီး၏ တွေ့ရှိမှုအရ လွန်ခဲ့သည့်ခြောက်နှစ်အတွင်း ငါးနှစ်မှာ ရေခဲတောင်များ စံချိန်တင်ဆုတ်ယုတ်မှုနှင့် ရင်ဆိုင်ခဲ့ရသည်ဟု သိရသည်။

လက်ရှိအချိန်ထိ ရေချိုတန် ၉၀၀၀ ဘီလီယံကို ဆုံးရှုံးလိုက်ရပြီ
၁၉၇၅ ခုနှစ်မှ စတင်ခဲ့သော မှတ်တမ်းများအရ ရေခဲတောင်များသည် လက်ရှိအချိန်ထိ ရေချိုတန် ၉၀၀၀ ဘီလီယံကို ဆုံးရှုံးလိုက်ရပြီဖြစ်သည်။ ယင်းမှာ ဂျာမနီနိုင်ငံလောက်ကျယ်ပြီး ဒု ၁၅ မိုင်ရှိသော ရေခဲထုကြီး၏ ပမာဏနှင့် တူညီသည်။
၂၀၀၀ ပြည့်နှစ်မှ ၂၀၂၃ ခုနှစ်အတွင်းမှာပင် ဥရောပ ရေခဲတောင်များသည် ရေပမာဏ ၄၀ ရာခိုင်နှုန်းကို ဆုံးရှုံးထားရပြီဖြစ်ပြီး လက်ရှိဆက်လက် အရည်ပျော်နေသည့်နှုန်းအရ လူ ၁၀ သန်းခန့်မှာ ရေခဲတောင်များ အရည်ပျော်ခြင်းကြောင့် ဖြစ်လာသည့် ရေကြီးမှုများနှင့် ရင်ဆိုင်ရနိုင်ကြောင်း ပညာရှင်များက သတိပေးထားသည်။
၂၀၂၄ ခုနှစ်တွင် ရေခဲတောင်များသည် ရေပမာဏတန်ချိန် ဘီလီယံ ၄၅၀ ကို ဆုံးရှုံးခဲ့ရပြီး ယင်းမှာ နှစ်အလိုက် စတုတ္ထအများဆုံး ပမာဏဖြစ်သည်။ ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ သုံးနှစ်ဆက်တိုက် ရေခဲတောင်ပျော်ကျမှု အများဆုံး ကာလဖြစ်သည်ဟုလည်း ဆိုသည်။
ပုံမှန်အားဖြင့် ရေခဲတောင်များသည် နွေရာသီတွင် အရည်ပျော်ကြပြီး ဆောင်းရာသီတွင် နှင်းကျမှုနှင့်အတူ ရေခဲများ ပြန်လည်ဖြစ်တည်ကြသည်။ ယခုကြုံနေရသည်မှာ အရည်ပျော်မှုများပြီး ရေခဲပြန်ဖြစ်မှုနည်းသွားခြင်းဖြစ်သည်။ ထိုသို့ ဆက်တိုက်လျော့နည်းလာပါက ၂၁ ရာစု မကုန်ခင်မှာပင် ရေခဲတောင်များ ပျောက်ကွယ်သွားမည်ဟုလည်း ဆိုလိုသည်။
Ref: Daily Mail
Source: ကြေးမုံသတင်းစာ

ရုရှားနှင့် မြန်မာနိုင်ငံတို့သည် စွမ်းအင်ကဏ္ဍတွင် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး စွမ်းအင်၏အခြားသော ကဏ္ဍများအနက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍရှိ စီမံကိန်းလုပ်ငန်းများမှတစ်ဆင့် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာတီမာပူတင်က နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကရင်မလင်၌ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ပြောကြားခဲ့ပါသည်။

စွမ်းအင်ကဏ္ဍသည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအတွက် မဟာဗျူဟာကျသည့် ကဏ္ဍတစ်ရပ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွက် လိုအပ်သည့်စွမ်းအင်အရင်းအမြစ်များကို ရုရှားနိုင်ငံက ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ပြီးခဲ့သည့်၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏လောင်စာဆီဈေးကွက်တွင် ၉၀ ရာခိုင်နှုန်းကို ရုရှားနိုင်ငံက တင်သွင်းခဲ့ကြောင်းနှင့် မိမိတို့အနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်များ အသုံးချရေးအပါအဝင် အခြားသောစွမ်းအင်ကဏ္ဍ များတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် ဖြစ်နိုင်ချေများကို ရှာဖွေဆောင်ရွက်လျက်ရှိကြောင်း သမ္မတပူတင်က ထုတ်ဖော်ပြောကြားခဲ့ပါသည်။
ထို့အပြင်သမ္မတပူတင်က နှစ်နိုင်ငံအကြား အကျိုးတူပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်များပါဝင်သည့် ပူးတွဲကြေညာချက်တစ်ရပ်ကို အတည်ပြုနိုင်ခဲ့ကြောင်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးကဏ္ဍတွင် နက်ရှိုင်းစွာပိုမို ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စများကို ဆွေးနွေးနိုင်ခဲ့ကြောင်း၊ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှုမှာ၄၀ ရာခိုင်နှုန်းထိ တိုးတက်လာခဲ့ပြီး အမေရိကန်ဒေါ်လာ ၂ ဘီလီယံခန့်အထိရှိခဲ့ကြောင်းနှင့် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းမည့် ကုန်သွယ်ရေး ကဏ္ဍများကို တိုးမြှင့်လုပ်ဆောင်ရွက်ရန်လည်း အဆင်သင့်ရှိကြောင်း ထပ်လောင်းပြောကြား ခဲ့သည်ဟု TASS သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။
ကိုးကား- TASS
အလွတ်သဘောဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင်(နစက-၄)

ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်း၊ အီဝါ့တဲခရိုင်၊ အိုဖူနာတိုမြို့၏ တောမီးလောင်ကျွမ်းမှုဧရိယာသည် လက်ရှိတွင် ၂,၁၀၀ ဟက်တာခန့် တိုးချဲ့လာကြောင်း ဂျပန်ကျိုဒိုသတင်းဌာန၏ မတ် ၃ ရက် သတင်းအရ သိရသည်။

အိုဖူနာတိုမြို့အစိုးရသည် လူပေါင်း ၄,၅၀၀ ကျော်ကို ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးရန် ညွှန်ကြားခဲ့ပြီးဖြစ်ကြောင်း သိရသည်။ စာရင်းအင်းအရ မတ်လ ၃ ရက်၊ နံနက် ၇ နာရီအထိ လူပေါင်း ၁,၂၀၀ ခန့်ကို ယာယီ နေရာချထားရေး စခန်းသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်းသိရသည်။ ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှိဂဲရုအီရှီဘာက မီးသတ်ဌာနနှင့် ကိုယ်ပိုင် ကာကွယ်ရေးတပ်(JSDF)များကို တတ်နိုင်သမျှ ကြိုးပမ်းစုစည်းကာ တောမီးလောင်မှုကြောင့် နေအိမ်အဆောက်အအုံ များပေါ် ထိခိုက်မှုများကို ကြိုးစားတားဆီးသွားမည်ဟု မတ်လ ၃ ရက်တွင် အောက်လွှတ်တော် ဘတ်ဂျက် ကော်မတီ အစည်းအဝေး၌ ပြောကြားခဲ့သည်။
လက်ရှိတွင် မီးငြှိမ်းသတ်ရာတွင် မီးသတ်သမား ၂,၀၀၀ ကျော်ပါဝင်လျက်ရှိကြောင်း ဂျပန်နိုင်ငံ ပြည်ထဲရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနရှိ မီးသတ်ဌာန၏ မတ်လ ၃ ရက် သတင်းအရသိရသည်။ ယခု အကြိမ် တောမီးလောင်မှု သည် ဖေဖော်ဝါရီ ၂၆ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ရာ အဆိုပါ တောမီးကြောင့် လူ ၁ ဦး သေဆုံးခဲ့ပြီး အဆောက်အအုံ အများအပြားနှင့် သစ်တောဧရိယာအများအပြား မီးလောင်ခဲ့ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ News Agency

ပုဂ္ဂလိက အာကာသယာဉ်တစ်စီး လကမ္ဘာပေါ် ဆင်းသက်ခဲ့ပြီး ဒုတိယမြောက် လပေါ်ရောက်သည့် စီးပွားဖြစ် အာကာသယာဉ် ဖြစ်လာပါသည်။
ကမ္ဘာမြေပေါ်က ဇန်န၀ါရီလ ၁၅ ရက်တွင် ထွက်ခွာသွားသည့် သရဲပြာ အာကာသယာဉ်ကို အမေရိကန်မှ ပိုးစုန်းကြူး အာကာသယာဉ် ကုမ္ပဏီက လွှင့်တင်ခဲ့ခြင်း ဖြစ်ပြီး ကမ္ဘာပေါ်ကနေ လှမ်းမြင်ရသည့် လကမ္ဘာက Sea of Crises ချိုင့်ခွက်ကြီးကို စူးစမ်းလေ့လာရန် ဖြစ်ပါသည်။
အဆိုပါစီမံချက်ကို နာဆာ အမေရိကန် အာကာသအေဂျင်စီနှင့် ပုဂ္ဂလိက ကုမ္ပဏီများ ပူးပေါင်း ဆောင်ရွက်ခဲ့ ကြခြင်း ဖြစ်ပါသည်။

Intuitive Machines ဆိုသည့် နောက်ကုမ္ပဏီက လွှတ်တင်သော အေသီနာ အာကာသယာဉ်သည်လည်း ရက်ပိုင်း အတွင်း လကမ္ဘာ တောင်ဝင်ရိုးစွန်းနားကို ဆင်းသက်မည်ဟု ခန့်မှန်းထားကြပါသည်။
Intuitive သည် ပထမဆုံး လပေါ် ဆင်းသက်သည့် ပုဂ္ဂလိက ကုမ္ပဏီ ဖြစ်ပြီး သြဒစ်ဆီးယပ်စ် အာကာသယာဉ်မှာ လပေါ်ကို ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်က ရောက်ရှိခဲ့ပါသည်။
သို့သော် ချိုင့်ခွက်၏ ကုန်းစောင်းပိုင်းကို ဆင်းသက်မိသောကြောင့် အဆင်းဂီယာတချို့ ကျိုးပြီး အာကာသယာဉ် တိမ်းမှောက်ခဲ့ပါသည်။
သရဲပြာ အာကာသယာဉ် ဆင်းသက်မှုမှာမူ ညင်သာပြီး ပြီးခဲ့သည့် နှစ်ပတ်အတွင်း လကမ္ဘာကို လှည့်ပတ် နေခဲ့ပါသည်။
ဆင်းသက်မှု အောင်မြင်ခဲ့သည့်အတွက် တက္ကဆက်က ပိုးစုန်းကြူး ကုမ္ပဏီရုံးချုပ်တွင် တာဝန်ထမ်းဆောင် နေသည့် ဝန်ထမ်းများ ဟစ်ကြွေး ဂုဏ်ပြုခဲ့ကြပါသည်။
သရဲပြာသည် လပေါ် ပထမဆုံး အောင်မြင်စွာ ဆင်းသက်သည့် ပုဂ္ဂလိက အာကာသယာဉ်ဖြစ်ကြောင်း Open University က ဂြိုဟ်ကမ္ဘာသိပ္ပံ သုတေသီ ဒေါက်တာ ဆီမီယန် ဘာဘာက ပြောကြားခဲ့ပါသည်။
အပိုလို အာကာသယာဉ် ခေတ်က အာကာသယာဉ်မှူးများ လပေါ် ဆင်းသက်ခဲ့ပြီးနောက် မေ့ပျောက်ထားခဲ့သည့် နည်းပညာကို ယခုအာကာသယာဉ်က ပြန်ပြီး သရုပ်ပြခဲ့ကြောင်း ၎င်းက ဘီဘီစီကို ပြောပါသည်။
အာကာသထဲက တခြားနေရာများကို စူးစမ်းလေ့လာရန် လကို အာကာသယာဉ်လွှတ်တင်သည့် စခန်းအဖြစ် သုံးချင်ကြသည့် ပုဂ္ဂလိက ကုမ္ပဏီများအတွက် လက အရေးကြီးကြောင်း ၎င်းက ပြောပါသည်။
လ၏ ပူလိုက် အေးလိုက်နှင့် ဖုန်ထူပြီး ရောင်ခြည်ထုတ်လွှတ်မှုများသည့် ကြမ်းတမ်းသော ပတ်ဝန်းကျင်တွင် အာကာသထဲရောက် စက်ရုပ်များ မည်ကဲ့သို့ လှုပ်ရှား ပြေးလွှားသလဲ သွားပြီး လေ့လာနိုင်ကြောင်း ၎င်းက ပြောပါသည်။
လူတွေ လပေါ် ပြန်သွားချင်ကြပေမယ့် ငွေကြေးအခက်အခဲကြောင့် ယခုလောက် ကြာခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြပါသည်။
နောက်ဆုံး လပေါ် လူများ ခြေချခဲ့သည်မှာ ၁၉၇၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်က ဖြစ်ပြီး အပိုလို ၁၇ အာကာသ ယာဉ်မှူးများ ဖြစ်ကြပါသည်။
အပိုလို ခရီးစဉ်များသည် အောင်မြင်မှု ကြီးမားသော်လည်း သွားပြီး ပြန်ရုံသက်သက် ခရီးစဉ်များသာ ဖြစ်ကြောင်း ဒေါက်တာ ဘာဘာက ဆိုပါသည်။
ထိုအချိန်တုန်းက အာကာသယာဉ်မှူးများသည် “လ” ပြန်မထွက်ခင် သုံးရက်ကြာအောင်နေရပြီး စရိတ်အနေဖြင့် ဒေါ်လာ ဘီလီယံနှင့်ချီ ကုန်ကျသဖြင့် ရေရှည် လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ကြောင်း ၎င်းက ပြောပါသည်။
ပုဂ္ဂလိက ကုမ္ပဏီများကို အာကာသစူးစမ်းလေ့လာရေးနယ်ထဲ ထည့်သွင်းသည့်အတွက် စီးပွားဖြစ် ပြိုင်ဆိုင်မှုများ ရှိလာပြီး ကုန်ကျစရိတ် သက်သာမည်ဟု ယုံကြည်ကြကြောင်း ဒေါက်တာဘာဘာက ပြောပါသည်။
အဆိုပါ ပြိုင်ဆိုင်မှုများကနေ လပေါ်ဆင်းသည့် စျေးသက်သာသော အာကာသယာဉ်များ ပေါ်လာသည်နှင့် လပေါ်ကနေ အာကာသယာဉ်မှူးများအတွက် သောက်ရေ ရရှိစေရန် အရင်းအမြစ်များ ထုတ်ယူခြင်းကဲ့သို့ တီထွင်မှုများ ဖြစ်လာနိုင်ပါသည်။
လပေါ်ရောက်ရှိရန် ကြိုးစားခဲ့သည့် ပထမဆုံး ပုဂ္ဂလိက ကုမ္ပဏီကလည်း နောက်ထပ် အမေရိကန် ကုမ္ပဏီတစ်ခုဖြစ်ပြီး Astrobotic နည်းပညာကုမ္ပဏီ ဖြစ်ပါသည်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီမှာ လပေါ်ကို ရောက်အောင် ကြိုးစားခဲ့သော်လည်း လောင်စာယိုစိမ့်မှုကြောင့် လပေါ် မဆင်းနိုင်ဘဲ ကမ္ဘာပေါ်ကို ပြန်ပျက်ကျခဲ့ပါသည်။
ကိုးကား - BBC News မြန်မာ
သတင်းအပြည့်အစုံကို ဆက်လက်ဖတ်ရှုရန်- https://www.bbc.com/burmese/articles/cx2g7qke5leo

ပေါ်တိုမြို့သည် ပေါ်တူဂီနိုင်ငံတွင် လစ္စဘွန်း မြို့ပြီးလျှင် ဒုတိယမြောက်အကြီးဆုံးမြို့တစ်မြို့ဖြစ်ပြီး ဝိုင်တင်ပို့မှုကြောင့် နာမည်ကျော်ကြားသည့် မြို့တစ်မြို့ဖြစ်သည်။ ပေါ်တိုမြို့သည် ပေါ်တိုခရိုင်၏ မြို့တော်ဖြစ်ပြီး Iberian ကျွန်းဆွယ်၏ အဓိကမြို့ပြ ဧရိယာများထဲမှ တစ်ခုဖြစ်ကြောင်းလည်းသိရသည်။ ပေါ်တိုမြို့သည် ပေါ်တိုမြို့ပြဧရိယာနှင့် နှိုင်းယှဉ်မည်ဆိုပါက သေးငယ်ပြီး နေထိုင်သူလူဦးရေမှာ (၂၄၈၇၆၉)ဦးရှိကာ စုစုပေါင်းအကျယ်အဝန်းမှာ (၄၁ ဒသမ ၄၂) စတုရန်းကီလိုမီတာရှိကြောင်းလည်း သိရသည်။

ပေါ်တိုမြို့ပြဧရိယာတွင် နေထိုင် သူလူဦးရေ (၁ ဒသမ ၈) သန်းရှိပြီး စုစုပေါင်းအကျယ် အဝန်းမှာ (၂၃၅၉) စတုရန်းကီလိုမီတာရှိပြီး ပေါ်တူဂီ နိုင်ငံတွင်းတွင် ဒုတိယမြောက်အကြီးဆုံးမြို့ပြဧရိ ယာဖြစ်ကြောင်းလည်းသိရသည်။ ထို့ပြင် ပေါ်တိုမြို့သည် ဂလိုဘယ်လိုက်ဇေးရှင်းနှင့် ကမ္ဘာ့မြို့ကြီးများ သုတေသနကွန်ရက်မှ Gamma+ အဆင့် သတ်မှတ်ချက်ဖြင့် ကမ္ဘာ့မြို့တစ်မြို့အဖြစ် အသိအမှတ် ပြု ထားသည့် မြို့တစ်မြို့လည်းဖြစ်သည်။ ပေါ်တူဂီ မြောက်ပိုင်းရှိ Douro မြစ်ကမ်းပါးတစ်လျှောက် တွင်တည်ရှိသော ပေါ်တိုမြို့သည် ရှေးအကျဆုံး ဥရောပစင်တာများထဲမှတစ်ခုဖြစ်ပြီး (၁၉၉၆) ခုနှစ်တွင် ပေါ်တို၏သမိုင်းဝင်စင်တာ၊ Luiz I တံတားနှင့် Serra do Pilar ဘုန်းတော်ကြီးကျောင်းတို့ကို ယူနက် စကိုက ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။ ပေါ်တိုမြို့ မြို့ပြ ဧရိယာ၏ အနောက်ဘက်သည် အတ္တလန္တိတ် သမုဒ္ဒရာ၏ ကမ်းရိုးတန်းအထိ ကျယ်ပြန့်ကြောင်းလည်း သိရသည်။ ပေါ်တိုမြို့၏ အခြေချနေထိုင်မှုသည် ဘီစီ(၂)ရာစုတွင် ရောမအင်ပါယာ၏ ကင်းစခန်း ဖြစ်ခဲ့သည့် အချိန်မှစတင်ခဲ့ခြင်းဖြစ်သည်။ ပေါ်တူဂီ ၏ အကျော်ကြားဆုံးပို့ကုန်များထဲမှတစ်ခုဖြစ်သော Port wine ကို ပေါ်တိုမြို့၏ မြေအောက်ခန်းများတွင် ထုပ်ပိုးခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် တင်ပို့ခြင်းတို့လုပ် ဆောင်ခဲ့ပြီးနောက် ပေါ်တိုမြို့သည် ဝိုင်တင်ပို့မှု နှင့်ပတ်သက်ပြီး နာမည်ကျော်ကြားသည့် မြို့တစ်မြို့ ဖြစ်လာခဲ့ခြင်းဖြစ်သည်။ ထို့ပြင် (၂၀၁၄)ခုနှစ် (၂၀၁၇) ခုနှစ်တို့တွင် ပေါ်တိုမြို့သည် Best European Destinations အေဂျင်စီ၏ အကောင်းဆုံးဥရောပနေရာတစ်ခုအဖြစ် ရွေးချယ်ခြင်းကိုခံခဲ့ရကြောင်းလည်း သိရသည်။
ပေါ်တိုမြို့သည် ပေါ်တူဂီမြို့နှင့် Iberian ကျွန်း ဆွယ်၏ အဓိကစက်မှုနှင့် ဘဏ္ဍာရေးစင်တာတစ်ခု ဖြစ်ကြောင်းလည်းသိရသည်။ ကြီးမားသော စက်မှုလုပ်ငန်းအတွက် အရေးအပါဆုံးနေရာတစ်ခု ဖြစ်သော ပေါ်တိုမြို့သည် Altri ၊ Ambar ၊ Amorim ၊ Bial ၊ BPI ၊ Cerealis ၊ CIN ၊ Cofina ၊ EFACEC ၊ Frulact ၊ Lactogal ၊ Millennium bcp ၊ Porto Editora ၊ RAR ၊ Sonae ၊ Bcp ၊ Superae ၊ Bcp ၊ Superaock Group တို့ကဲ့သို့သော အကြီးဆုံးပေါ်တူဂီကော်ပိုရေးရှင်းများစွာ အခြေ စိုက်သည့်နေရာ တစ်ခုလည်းဖြစ်သည်။ ပေါ်တိုမြို့၏ စတော့အိတ်ချိန်းဟောင်းသည် ပေါ်တူဂီမြို့၏ အကြီးဆုံးဖလှယ်မှုနေရာ တစ်ခုအဖြစ် ပြောင်းလဲခဲ့ကြောင်းလည်းသိရသည်။ ယခင်က စတော့အိတ်ချိန်း နေရာတစ်ခုအဖြစ် လုပ်ဆောင်ခဲ့သော အဆောက်အအုံသည် လက်ရှိအချိန်တွင် မြို့၏ခရီးသွား ဆွဲဆောင်မှုနေရာများထဲမှ တစ်ခုဖြစ်ပြီး ပေါ်တူဂီနိုင်ငံပိုင် ဖွံ့ဖြိုးရေးဘဏ်ကို (၂၀၂၀) ပြည့်နှစ်တွင် တည်ထောင်ခဲ့ကာ ပေါ်တို့မြို့တွင် အခြေစိုက်ထားကြောင်းလည်းသိရသည်။ ပေါ်တိုမြို့သည် နာမည်ကြီး ပေါ်တူဂီသတင်းစာ Jornal de Notícias ကို လက်ခံကျင်းပသည့်နေရာတစ်ခုဖြစ်ပြီး ရုံးချုပ်များတည် ရှိသည့် အဆောက်အအုံသည် ပေါ်တိုမြို့တွင်အမြင့်ဆုံးအဆောက်အအုံများထဲမှ တစ်ခုဖြစ်ခဲ့ကြောင်း လည်းသိရသည်။ Porto Editora သည် ပေါ်တိုမြို့တွင် အကြီးဆုံးသော ထုတ်ဝေသူများထဲမှ တစ်ခုဖြစ်ပြီး ၎င်း၏အဘိဓာန်များသည် နိုင်ငံအတွင်းအသုံးပြုသည့် ရေပန်းအစားဆုံးအကိုး အကား များထဲမှဖြစ်ပြီး ဘာသာပြန်ဆိုချက်များမှာလည်း အလွန်ရေပန်းစားကြောင်းသိရသည်။ ပေါ်တိုမြို့နှင့် Douro မြစ်အထက်ပိုင်းတို့ကြားတွင် စီးပွားရေးဆက်ဆံရေးမှာ အလယ်ခေတ်များထဲမှစတင်ခဲ့ပြီး ယနေ့ခေတ်အထိ အလွန်နက်ရှိုင်းစွာ ဆက်စပ်နေဆဲဖြစ်သည်။
sumach ၊ သစ်သီးခြောက်များ၊ အခွံမာသီးများနှင့် Douro သံလွင်ဆီများသည် ဒေသတွင်းနှင့် ပေါ်တိုမြို့အကြား ကြွယ်ဝသောဖလှယ် မှုများကို တည်တံ့စေခဲ့သည့်အရာများလည်းဖြစ် သည်။ အဆိုပါထုတ်ကုန်များကို Douro မြစ်ကမ်းစပ်ရှိ ကျောက် တံတားများမှတစ်ဆင့် အခြားဈေးကွက်နေရာများသို့တင်ပို့ခဲ့ပြီး ပေါ်တိုမြို့သည် ပေါ်တူဂီ၏ မြောက် ဘက်ဒေသနှင့် စပိန်နိုင်ငံ၏ မြောက်ပိုင်းနှင့် အနောက်ဘက်ဒေသများသို့ သွားရောက်သည့် ဝင်ပေါက် ထွက်ပေါက်နေရာတစ်ခုလည်းဖြစ်သည်။ ပေါ်တိုမြို့မှ အချိန်(၂)နာရီကြာ ကားမောင်းရသည့် အကွာ အဝေးအတွင်း ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာလေးခုနှင့် Santiago de Compostela ကဲ့သို့သော နာမည်ကြီး စပိန်ခရီးသွား နေရာများရှိကြောင်းလည်းသိရသည်။ ပေါ်တူဂီခရိုင် မြို့တော် (၁၈)ခု၏ ယှဉ်ပြိုင်နိုင်စွမ်းနှင့်ပတ်သက်သော လေ့လာမှုတစ်ခုတွင် ပေါ်တိုမြို့သည် အဆိုးရွားဆုံးအဆင့်ဖြစ်ပြီး လေ့လာမှုကို Minho တက္ကသိုလ်မှ စီးပွားရေးသုတေသီများက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ (၂၀ဝ၆)ခုနှစ် စက်တင်ဘာလ(၃၀) ရက်တွင် Público သတင်းစာမှာ ထုတ်ဝေခဲ့ကြောင်း သိရသည်။ အဆိုပါ လေ့လာမှု တွင် အဆင့်အကောင်းဆုံးမြို့များမှာ အီဗိုရာ၊ လစ္စဘွန်းနှင့် ကိုလံဘီယာမြို့တို့ ဖြစ်ကြောင်းလည်းသိရ သည်။ Expresso တွင် ထုတ်ဝေသော (၂၀ဝ၇)ခုနှစ် အဆင့်သတ်မှတ်ချက် တစ်ခုတွင် ပေါ်တိုမြို့ကို ပေါ်တူဂီတွင်နေထိုင်ရန် တတိယအကောင်းဆုံးမြို့တစ်မြို့အဖြစ် သတ်မှတ်ထားသည်။ ပေါ်တို့မြို့ပြဧရိယာသည် ဂျီဒီပီ ယူရို(၄၃ ဒသမ ၁)ဘီလျံရှိပြီး တစ်ဦးချင်းဂျီဒီပီမှာ (၂၄၀၇၅) ယူရိုဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း ပေါ်တိုမြို့တွင် သိသာသော ခရီးသွားလာမှုတိုးမြင့်မှုများကို ကြုံတွေ့ခဲ့ရပြီး (၂၀၁၂)ခုနှစ်၊ (၂၀၁၄)ခုနှစ်နှင့် (၂၀၁၇)ခုနှစ်တို့တွင် ဥရောပ၏အကောင်းဆုံး နေရာတစ်ခု အဖြစ် ဆုကိုရရှိခဲ့ကြောင်းသိရသည်။ ထို့ပြင် ပေါ်တိုမြို့သည် (၂၀၁၇)ခုနှစ် ဇန်နဝါရီလနှင့် နိုဝင်ဘာလ တို့တွင် ညအိပ်ခရီးသွား(၂ ဒသမ ၈)သန်း၊ နေ့ချင်းပြန်ခရီးသွား(၁ ဒသမ ၄)သန်းလာ ရောက်လည်ပတ်ခဲ့ပြီး (၇၃)ရာခိုင်နှုန်းမှာ အခြား နိုင်ငံများမှဖြစ်ကြောင်းသိရသည်။ (၂၀၁၈)ခုနှစ်တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ ပေါ်တိုမြို့၏ ခရီးသွားလုပ်ငန်းဝင်ငွေသည် (၁၁)ရာခိုင်နှုန်း တိုးလာခဲ့ကြောင်းလည်း သိရသည်။ (၂၀၁၉) ခုနှစ် ဖေဖော်ဝါရီလတွင်ထုတ်ပြန်ခဲ့သော အစီရင်ခံစာတစ်ခုအရ ပေါ်တိုမြို့ စီးပွား ရေးလုပ်ဆောင်မှု၏(၁၀)ရာခိုင်နှုန်းကျော်သည် ခရီးသွားလုပ်ငန်းမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်းသိရ သည်။(၂၀၁၇)ခုနှစ်တွင် ပေါ်တိုမြို့၏ဟိုတယ်နေထိုင်မှုနှုန်းသည် (၇၇)ရာခိုင်နှုန်းရှိပြီး (၂၀၁၉)ခုနှစ် ဇွန်လ တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာတစ်ခုအရ ပေါ်တိုမြို့ သည် မြို့ပြခရီးသွားများ ဝယ်လိုအားတွင် အဆမတန် တိုးပွားလာနေသော ဥရောပခရီးသွားနေရာများအနက်မှ တိုးတက်မှုအမြန်ဆုံးမြို့တစ်ခု အဖြစ် ဖော်ပြခဲ့ကြောင်းသိရသည်။ ပေါ်တိုမြို့ရှိ အကျော်ကြားဆုံး ခရီးသွားဆွဲဆောင်မှုနေရာများတွင် Porto Cathedral ၊ Dom Luís I ၊ တံတား၊ Café Majestic ၊ Livraria Lello ၊ နှင့် Jardins do Palácio de Cristal တို့ပါဝင်ကြောင်းသိရသည်။
Source: Pika (NP News)

ထရမ့်အစိုးရသည် နယူးယောက်မြို့ရှိ ရွှေ့ပြောင်းနေထိုင်သူများ၏ ကုန်ကျစရိတ်တချို့ကို ကာမိဖို့ ရည်ရွယ်သည့် ဖက်ဒရယ်ရန်ပုံငွေကို ပြန်လည်ထိန်းချုပ်မည့် ၎င်းရဲ့ ကတိကဝတ်ကို လျင်မြန်စွာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ ပြီးခဲ့သည့်သီတင်းပတ်အတွင်း နယူးယောက်မြို့သို့ ဖက်ဒရယ်အရေးပေါ် စီမံခန့်ခွဲရေးအေဂျင်စီ(FEMA)က ခွင့်ပြုပေးခဲ့သည့် ဒေါ်လာသန်း ၈၀ လွှဲပြောင်းခြင်းကို တစ်ဖက်သတ်ရုတ်သိမ်းခဲ့သည်။

အဆိုပါ ဒေါ်လာ သန်း ၈၀ သည် မြို့တော်၏ ဘဏ်အကောင့်မှ ရုတ်တရက် ပျောက်ဆုံးသွားသည်ကို မိမိတို့ သတိပြုမိခဲ့ကြောင်းကို မြို့တော်အကြီးအကဲများက ဗုဒ္ဓဟူးနေ့တွင် ထုတ်ဖော်ပြောကြား ခဲ့ပါသည်။ ထို့နောက်တွင် အဆိုပါငွေများကို အင်္ဂါနေ့က ဘဏ်အကောင့်မှ ပြန်လည်ရုတ်သိမ်း ခဲ့ခြင်းဖြစ်ကြောင်းကို FEMA ၏ အမိမြေလုံခြုံရေးဌာနက အတည်ပြုပြောကြားခဲ့သည်။ ဤသည်မှာ ယခင်အစိုးရလက်ထက် လွှတ်တော်က အတည်ပြု ထားပြီးဖြစ်သည့် ဘဏ္ဍာငွေကိစ္စရပ်များအပေါ် ထရမ့်အစိုးရ၏ ရပ်ဆိုင်းရန်၊ သို့မဟုတ် ပယ်ဖျက်ရန် ကြိုးပမ်းမှု၏ ထင်သာမြင်သာရှိသည့် လုပ်ဆောင်ချက်ပင်ဖြစ်သည်။
Elon Musk က ၎င်း၏ Twitter Account တွင် FEMA ရန်ပုံငွေများ ပြန်လည်ထိန်းချုပ်ရေးကို အဓိကပစ်မှတ်ထား လုပ်ဆောင်သွားမည်ဖြစ်ပြီး ရွှေ့ပြောင်းနေထိုင်သူများအတွက် ဖက်ဒရယ် ရန်ပုံငွေများ အသုံးပြုမှုနှင့်သက်ဆိုင်သည့် FEMA အရာရှိ ၄ ဦး ကို ထုတ်ပယ်သွားရန် လှုံ့ဆော် ရေးသားခဲ့ပြီးနောက် ယခုကဲ့သို့ ဒေါ်လာသန်း ၈၀ ပြန်လည်ရုတ်သိမ်းမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ လွှတ်တော်က အတည်ပြုထားသည့် ရန်ပုံငွေကို ထရမ့်အစိုးရက ပြန်လည်ရုတ်သိမ်း ခြင်းဖြစ်စဉ်မျိုးသည် မကြုံစဖူးဖြစ်စဉ်ဖြစ်သဖြင့် တရားနည်းလမ်းကျသည့် လုပ်ရပ်ဟုတ်/မဟုတ် အပေါ် မြို့တော်တာဝန်ရှိသူများအနေဖြင့် မေးခွန်းထုတ်စရာပင် ဖြစ်သည်။
“ယခုဖြစ်စဉ်နှင့်ပတ်သက်၍ အမြန်ဆုံးဖြေရှင်းဆောင်ရွက်နိုင်ရေး” FEMA နှင့် အရေးပေါ်ဆွေးနွေးမှု တစ်ရပ် လုပ်ဆောင်ရန် မြို့တော်ခန်းမ(City Hall)က အိမ်ဖြူတော်နှင့်ဆက်သွယ်တောင်းဆိုခဲ့ကြောင်း နယူးယောက်မြို့တော်ဝန် Eric Adams ၏ ပြောရေးဆိုခွင့်ရှိသူ Liz Garcia က ပြောကြားခဲ့ပါသည်။
ထို့အပြင် City Hall အနေဖြင့် “ယခုဖြစ်စဉ် မည်ကဲ့သို့ဖြစ်ပေါ်ခဲ့သည်နှင့်စပ်လျဉ်း၍ ဌာနတွင်း စုံစမ်းစစ်ဆေးမှုတစ်ရပ်” လုပ်ဆောင်လျက်ရှိပြီး မြို့တော်၏ဥပဒေရေးရာဌာနအနေဖြင့်လည်း “တရားစွဲဆိုင်နိုင်ရေး ဖြစ်နိုင်ချေနည်းလမ်းများကို ရှာဖွေခြင်း”များကို လုပ်ဆောင်လျက်ရှိပါသည်။
ငွေပေးချေမှုများကို မသင့်လျော်ဟု ယူဆလျှင် သို့မဟုတ် ထောက်ပံ့မှု သဘောတူချက်ကို ချိုးဖောက်လျှင် ထောက်ပံ့မှုများမှတစ်ဆင့် ဖြန့်ဖြူးထားပြီးသား ရန်ပုံငွေများကို ပြန်လည်သိမ်းဆည်းရန် ဖက်ဒရယ်အစိုးရကို ပုံမှန်အားဖြင့် ခွင့်ပြုထားသော်လည်း အဆိုပါလုပ်ငန်းစဉ်သည် အေဂျင်စီများ အတွက် အချိန်ကြာမြင့်ပြီး စီမံခန့်ခွဲမှုအပိုင်းတွင် ဝန်ထုပ်ဝန်ပိုး ဖြစ်နိုင်သည်ဟု Congressional Research Service က ဆိုပါသည်။။
“မိမိအနေဖြင့် FEMA ၏ တက်ကြွသူများက နယူးယောက်ရှိ ရွှေ့ပြောင်းနေထိုင်သူဟိုတယ်များအတွက် ပေးအပ်ခဲ့မှုအားလုံးကို ပြန်လည်ရုတ်သိမ်းကြောင်း၊ မိမိ၏စကားအား မှတ်သားထားစေ လိုကြောင်း၊ အမေရိကန်ပြည်သူလူထု၏ အကျိုးစီးပွားနှင့် ဘေးကင်းလုံခြုံမှုကို ထိခိုက်စေမည့် မည်သို့သော သုံးစွဲမှုမျိုးကိုမျှ လုပ်ဆောင်မည်မဟုတ်ကြောင်း”ကို အမိမြေလုံခြုံရေးဝန်ကြီး Kristi Noem က Twitter စာမျက်နှာတွင် ရေးသားဖော်ပြခဲ့ပါသည်။
အချို့သော ဥပဒေရေးရာကျွမ်းကျင်သူများက ဖက်ဒရယ်အစိုးရသည် ချုပ်ဆိုထားသည့် စာချုပ်များကို လေးစားလိုက်နာရန် လိုအပ်ပြီး မြို့တော်နှင့် FEMA ကြား ထောက်ပံ့ကြေးပေးအပ်မှုဆိုင်ရာ သဘောတူညီချက်တွင် ပြန်လည်ရုတ်သိမ်းမှုကို ခွင့်ပြုခြင်းဆိုင်ရာအချက်အလက်မပါရှိပါက ယခုကဲ့သို့ ဒေါ်လာ သန်း ၈၀ အား ပြန်လည်ရယူခြင်းသည် တရားမဝင်ဖြစ်နိုင်ကြောင်း အကြံပြုထားသည်။
“ဒါ့အပြင် ယခုကဲ့သို့လုပ်ဆောင်ခြင်းသည် သိမ်းဆည်းခြင်းဆိုင်ရာဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာမှုမရှိဘဲ တရားသဖြင့်ခွင့်ပြုချထားပေးသည့် ရန်ပုံငွေအား ပြန်လည်ရုတ်သိမ်းရန် လုပ်ဆောင်ချက် တစ်ခုဖြစ်ပြီး တရားမဝင်သည့် လုပ်ဆောင်မှုမျိုးဆိုသည်မှာ ထင်ရှားပါသည်”ဟု Georgetown University ၏ အုပ်ချုပ်ရေးဆိုင်ရာဥပဒေ ပါမောက္ခ David A. Super က ထုတ်ဖော်ပြောကြားခဲ့ပါသည်။
မေးခွန်းထုတ်စရာဖြစ်နေသည့် ရန်ပုံငွေများသည် သမ္မတဟောင်း Joseph R.Biden Jr လက်ထက် ယခင်နှစ်က လွှတ်တော်၌ အတည်ပြု ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ယင်းငွေများကို ၂၀၂၃ ခုနှစ်တွင် လွှတ်တော်၏ ကမကထပြုမှု၊ FEMA ၏ စီမံခန့်ခွဲမှုတို့ဖြင့် နယ်စပ်ဖြတ်ကျော်ရောက်ရှိလာပြီးနောက် ဖက်ဒရယ်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် ရွှေ့ပြောင်းနေထိုင်သူများအား ဝန်ဆောင်မှုများပေးအပ်နိုင်ရန် နယူးယောက်မြို့တော်နှင့် အဖွဲ့အစည်းများထံသို့အကာအကွယ်ပေးရေးနှင့် ဝန်ဆောင်မှုအစီအစဉ်ခေါင်းစဉ်အောက်မှ ထောက်ပံ့ပေးအပ်ခြင်း ဖြစ်သည်။
နိုင်ငံတစ်ဝှမ်းရှိမြို့များကို သက်ရောက်မှုဖြစ်စေသည့် စံချိန်တင်နယ်စပ်ဖြတ်ကျော်မှုများကြားတွင် ဖန်တီးခဲ့သော အဆိုပါရန်ပုံငွေအစီအစဉ်သည် နိုင်ငံအတွက်တရားဝင်အခွန်တာဝန် ထမ်းဆောင် နေကြသူများ၏ အခွန်ငွေများကို ဟိုတယ်များနှင့် အခြားသောနေရာများရှိ ရွှေ့ပြောင်းနေထိုင်သူ များက သုံးစွဲနေခြင်းအပေါ် ဒေါသထွက်ကြောင်း ပြောဆိုကြသည့် သမ္မတ Trump နှင့် ၎င်း၏ ရီပတ်ဘလစ်ကန်မဟာမိတ်များအတွက် ပစ်မှတ်ထားစရာကိစ္စရပ်တစ်ခု ဖြစ်လာပြီး ထုတ်ဖော်ပြောဆိုခဲ့သည်။ ယင်းအကာအကွယ်ပေးရေးအစီအစဉ်သည် ဖက်ဒရယ်အေဂျင်စီဘတ်ဂျက်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့်အပြင် သီးခြားရန်ပုံငွေတွင်ပါဝင်သော်လည်း FEMA သည် ရွှေ့ပြောင်း နေထိုင်သူများအတွက် အိမ်ရာထောက်ပံ့ကြေးအား ၎င်း၏ဘတ်ဂျက်မှ ဖျက်သိမ်းခဲ့ပြီး သဘာဝဘေး ကယ်ဆယ်ရေးရန်ပုံငွေများမှ လွှဲပြောင်းသုံးစွဲခဲ့ကြောင်းကို Trump က ယမန်နှစ်က မှားယွင်းပြောဆိုခဲ့သည်။
ကိုးကား- The New York Times

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၂ ရက်တွင် တစ်ကမ္ဘာလုံး ဒေသအသီးသီးရှိ အမေရိကန်သံရုံးများ ဝန်ထမ်းလျှော့ချရေးအစီအစဉ်ရေးဆွဲရန် တောင်းဆိုခဲ့သည်ဟု အမေရိကန် ရုပ်သံလွှင့်ကုမ္ပဏီ (ABC) သတင်းဌာနက ယင်းနေ့တွင် သတင်းဖော်ပြခဲ့ကြောင်း သိရသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြည်ပအခြေစိုက်သံရုံးများအနေဖြင့် ဝန်ထမ်းအားလုံး၏ အမည်စာရင်းနှင့် ခန့်အပ်ထားမှုအခြေအနေအားတင်ပြရန်တောင်းဆိုခဲ့ပြီး သံရုံးများကလည်း တစ်ချိန်တည်းတွင် အမေရိကန်နိုင်ငံသားဝန်ထမ်းနှင့် ဒေသတွင်းခန့်အပ်ထားသော ဝန်ထမ်းများအား လျှော့ချသွားမည်ဟု သတင်းတွင် ဖော်ပြထားသည်။

ထို့ပြင် အိမ်ဖြူတော် ဝက်ဘ်ဆိုက်သတင်းအရ အမေရိကန်နိုင်ငံ သမ္မတထရမ့်သည် ဖေဖော်ဝါရီ ၁၂ ရက်တွင် အမိန့်ကြေညာချက်၌ လက်မှတ်ရေးထိုးခဲ့ကာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့် သမ္မတ၏ နိုင်ငံခြားရေးမူဝါဒကို သစ္စာရှိစွာဖော်ဆောင်ရန် တောင်းဆိုခဲ့ပြီး သို့မဟုတ်ပါက အလုပ်ဖြုတ်ခံရခြင်း စသည့်ပြစ်ဒဏ်ပေးမှုခံရမည်ဟု ဖော်ပြခဲ့ကြောင်းသိရသည်။ အဆိုပါအမိန့်တွင် နိုင်ငံခြားရေးဝန်ထမ်းများက သမ္မတ၏မူဝါဒ အကောင်အထည်ဖော်ဆောင်ခြင်းကို အာမခံနိုင်ရန်အတွက် နိုင်ငံခြားရေးဝန်ကြီးက နိုင်ငံခြားရေးဝန်ထမ်းများခန့်အပ်ခြင်း၊ အကဲဖြတ်ခြင်း၊ လေ့ကျင့်ခြင်း စသည့်လုပ်ငန်းများကို ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်ရန်လည်း တောင်းဆိုထားသည်။ အဆိုပါ လုပ်ရပ်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးစားပြင်ဆင်ဖွဲ့စည်းမှုအတွက် လမ်းခင်းခြင်းဖြစ်ပြီး အခွင့်အာဏာကို သမ္မတမှတိုက်ရိုက်ခန့်အပ်သည့် အရာရှိထံတွင် စုစည်းလိုက်ခြင်းပင်ဖြစ်သည်ဟု ABC က သတင်းဖော်ပြထားသည်။
လွန်ခဲ့သည့်နှစ်ပတ်အတွင်း အမေရိကန်ပြည်တွင်းနှင့် ပြည်ပအခြေစိုက် အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ဝန်ထမ်းအများစုသည် ခွင့်ယူရန်စီစဉ်ခံထားရခြင်းကြောင့် သံရုံး တာဝန်ခံများက ၎င်းတို့တွင် လည်ပတ်နေဆဲစီမံကိန်းများအား စီမံရန်လူလိုအပ်နေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့်အလွှာထံ ကန့်ကွက်တင်ပြခဲ့ကြသည်ဟု သတင်းဖော်ပြချက်အရ သိရသည်။
ကိုးကား- ဆင်ဟွာ