ကဏ္ဍများ

တူးမြောင်းတွေအပြင် ခရစ်ယာန်အထိမ်းအမှတ်နေရာတွေကြောင့် နာမည်ကြီးနေတဲ့ ယူထရက်မြို့

ယူထရက် (Utrecht) မြို့သည် နယ်သာလန်နိုင်ငံတွင် စတုတ္တမြောက်အကြီးဆုံးမြို့တစ်မြို့ဖြစ်ပြီး ယူထရက်ပြည်နယ်၏ မြို့တော်နှင့် လူဦးရေ အထူထပ်ဆုံးမြို့ တစ်မြို့ဖြစ်ကာ သစ်ပင်များတန်းစီ စိုက်ပျိုးထားသော တူးမြောင်းများ၊ ခရစ်ယာန်ဘာသာ အထိမ်းအမှတ်နေရာများကြောင့် နာမည်ကျော် ကြားသည်။ ယူထရက်မြို့၏ မြူနီစီပယ်သည် Randstadconurbation မြို့ရွာများရပ်ဝန်း၏ အရှေ့ဘက်ပိုင်းနှင့် နယ်သာလန်ပြည်မကြီး၏ ဗဟိုတို့တွင်တည်ရှိပြီး Haarzuilens ၊ Vleuten နှင့် De Meern မြို့ပြ ရွာတို့ဖြင့် ဖွဲ့စည်းထားသည်။(၂၀၂၁)ခုနှစ် ဒီဇင်ဘာလအထိ ယူထရက်မြို့၏ လူဦးရေမှာ (၃၆၁၆၉၉)ဦးသာ ရှိကြောင်းလည်းသိရသည်။ ယူထရက်၏ရှေးဟောင်း

ယူထရက် (Utrecht) မြို့သည် နယ်သာလန်နိုင်ငံတွင် စတုတ္တမြောက်အကြီးဆုံးမြို့တစ်မြို့ဖြစ်ပြီး ယူထရက်ပြည်နယ်၏ မြို့တော်နှင့် လူဦးရေ အထူထပ်ဆုံးမြို့ တစ်မြို့ဖြစ်ကာ သစ်ပင်များတန်းစီ စိုက်ပျိုးထားသော တူးမြောင်းများ၊ ခရစ်ယာန်ဘာသာ အထိမ်းအမှတ်နေရာများကြောင့် နာမည်ကျော် ကြားသည်။ ယူထရက်မြို့၏ မြူနီစီပယ်သည် Randstadconurbation မြို့ရွာများရပ်ဝန်း၏ အရှေ့ဘက်ပိုင်းနှင့် နယ်သာလန်ပြည်မကြီး၏ ဗဟိုတို့တွင်တည်ရှိပြီး Haarzuilens ၊ Vleuten နှင့် De Meern မြို့ပြ ရွာတို့ဖြင့် ဖွဲ့စည်းထားသည်။(၂၀၂၁)ခုနှစ် ဒီဇင်ဘာလအထိ ယူထရက်မြို့၏ လူဦးရေမှာ (၃၆၁၆၉၉)ဦးသာ ရှိကြောင်းလည်းသိရသည်။ ယူထရက်၏ရှေးဟောင်းမြို့လယ်ခေါင်တွင် အဆောက်အအုံများစွာပါရှိပြီး အလယ်ခေတ်များတည်းကတည်ရှိခဲ့သည့် အဆောက်အအုံ များစွာပါဝင်ကြောင်းလည်းသိရသည်။ ယူထရက်မြို့သည် (၈)ရာစုကတည်းက နယ်သာလန်၏ ဘာသာ ရေးအချက်အချာနေရာတစ်ခု ဖြစ်ခဲ့ ပြီး(၁၅၇၉)ခုနှစ်တွင် ဒတ်ချ်ပြည်သူ့သမ္မတနိုင်ငံအတွက် အုတ်မြစ်ချရန် Union of Utrecht သဘောတူ စာချုပ်ကို ယူထရက်မြို့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။ ယူထရက်မြို့သည် ဒတ်ချ် ရွှေခေတ်မတိုင်မီအချိန်အထိ နယ်သာလန်နိုင်ငံတွင် အရေးအကြီးဆုံးမြို့တစ်မြို့ဖြစ်ခဲ့ပြီး နိုင်ငံ၏ယဉ်ကျေးမှုအချက်အချာနေရာနှင့် လူဦးရေအများဆုံး မြို့တစ်မြို့အဖြစ် အမ်စတာဒမ်မြို့ကို ကျော်တက်ခဲ့ကြောင်းလည်း သိရသည်။ ထို့ပြင် ယူထရက်မြို့သည် နယ်သာလန်ရှိ အကြီးဆုံးတက္ကသိုလ်ဖြစ်သော ယူထရက်တက္ကသိုလ်နှင့် အခြားအဆင့်မြင့်ပညာရေးဆိုင်ရာ တက္ကသိုလ်များစွာ၏ နေအိမ်လည်းဖြစ်သည်။ နိုင်ငံအတွင်းတွင် ၎င်း၏အချက်အချာကျသော အနေအထားကြောင့် ယူထရက်မြို့သည် ရထားလမ်းနှင့် လမ်းပန်းဆက်သွယ်ရေးအတွက် အရေးကြီးသော အချက်အချာနေရာတစ်ခုဖြစ်ခဲ့ပြီး နိုင်ငံတွင်းတွင် အလုပ်အများဆုံးရထားဘူတာရုံ Utrecht Centraal လည်း တည်ရှိကြောင်းသိရသည်။ ယူထရက်မြို့သည် အမ် စတာဒမ်မြို့ပြီးလျှင် နယ်သာလန်နိုင်ငံ၏ ယဉ်ကျေးမှုဆိုင်ရာပွဲတော်များ ဒုတိယမြောက်အများဆုံးရှိသည့် မြို့တစ်မြို့လည်း ဖြစ်သည်။ (၂၀၁၂)တွင် Lonely Planet ကုမ္ပဏီက ထုတ်ဝေခဲ့သော ခရီးသွားလမ်းညွှန်စာအုပ်တွင် ယူထရက်မြို့သည် ကမ္ဘာပေါ်ရှိ အထင်ကရနေရာများ၏ ထိပ်တန်းနေရာ(၁၀)ခု စာရင်းတွင် ပါဝင်ခဲ့ကြောင်းလည်းသိရသည်။

၎င်း၏ဗဟိုတည်နေရာကြောင့် ယူထရက်မြို့သည် ကျန်ရှိနေသော နယ်သာလန်နိုင်ငံ၏ အစိတ်အပိုင်းများနှင့် ကောင်းစွာချိတ်ဆက်ထားပြီး ကောင်းမွန်စွာဖွံ့ဖြိုးတိုးတက်သော အများသူငှာသယ်ယူပို့ ဆောင်ရေးကွန်ရက်တစ်ခုလည်းရှိသည်။

Utrecht Centraal ဘူတာရုံသည် ယူထရက်မြို့၏ အဓိကမီးရထားဘူတာဖြစ်ပြီး နိုင်ငံတွင်းအကြီးဆုံး ရထားဘူတာရုံဖြစ်ကြောင်းသိရသည်။ Schiphol လေဆိပ်သို့ တိုက်ရိုက်ဝန်ဆောင်မှုများအပါအဝင် နယ်သာလန်နိုင်ငံတွင်းရှိ အဓိကမြို့ကြီး များအားလုံးသို့ ပုံမှန်အဝေးပြေးဝန်ဆောင်မှုများရှိကြောင်းသိရသည် ။ Utrecht Centraal ဘူတာရုံသည် Schiphol လေဆိပ်၊ အမ်စတာဒမ်မြို့နှင့် ရော့ တာဒမ်မြို့တို့ကို သီတင်းပတ်တစ်ပတ်လျှင် ခုနစ်ရက်လုံးအထိ ညလုံးပေါက်ဝန်ဆောင်မှုပေးသည့် ဘူတာတစ်ခုလည်းဖြစ်သည်။ ထို့ပြင့် Utrecht Centraal ဘူတာရုံတွင် Arnhem မြို့ မှတဆင့် ဂျာမနီသို့ သွားသော International InterCity Express(ICE) မြန်နှုန်းမြင့် မီးရထားလမ်းစနစ် ဝန်ဆောင်မှုများ လည်းရှိပြီး ယူထရက်မြို့အနီးတစ် ဝိုက်ရှိ ဒေသအားလုံးသို့ သွားရောက်သော ပုံမှန်ပြည်တွင်း ရထားများ သည်လည်း Utrecht Centraal ဘူတာရုံမှ ထွက်ခွာကြောင်းသိရသည်။ ယူထရက်မြို့ အာဏာပိုင်များ သည် ဘူတာရုံဟောင်း Utrecht Maliebaan ကို (၁၉၃၉)ခုနှစ်တွင် ပိတ်ခဲ့ပြီး အဆိုပါ အချိန်မှစတင်ကာ ဒတ်ချ် မီးရထားပြတိုက်အဖြစ်သို့ ပြောင်းလဲခဲ့ကြောင်းလည်းသိရသည်။ ယူထရက်မြို့သည် နယ်သာလန်ရှိ အကြီးဆုံးရထားလမ်းအော်ပရေတာဖြစ်သော Nederlandse Spoorwegen နှင့် နိုင်ငံပိုင် ရထား လမ်းအခြေခံအဆောက်အအုံများ ဆောက်လုပ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းမှုအတွက် တာဝန်ယူထားသည့် နိုင်ငံပိုင်ကုမ္ပဏီ ProRail တို့ တည်ရှိရာနေရာလည်းဖြစ်သည်။

ယူထရက်မြို့၏ အဓိကပြည်တွင်းနှင့်ဒေသဆိုင် ရာဘတ်စ်ကားဂိတ်သည့် Utrecht Centraal မီး ရထားဘူတာရုံ၏ အရှေ့နှင့်အနောက်ဝင်ပေါက်များနှင့် ကပ်လျက်တည်ရှိကြောင်းသိရသည်။ Utrecht Centraal မီးရထားဘူတာရုံတွင် အကြီးစားပြုပြင်မွမ်းမံခြင်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ် ဆောင်ခြင်းကြောင့် ယူထရက်မြို့၏ ဘတ်စ်ကားမှတ်တိုင်များကို မကြာခဏ ပြောင်းလဲရလေ့ရှိ ကြောင်း သိရသည်။ ယေဘုယျအားဖြင့် အနောက်ဘက်သို့ ထွက်ခွာသော ဘတ်စ်ကားများသည် ဘူတာရုံ အနောက်ဝင်ပေါက်ရှိ ဘတ်စ်ကားဂိတ်မှထွက်ခွာကြပြီး အခြားဘတ်စကားများသည် အရှေ့ဘက် ဘူတာမှထွက်ခွာကြသည်။ ထို့ပြင် ယူထရက်မြို့ရှိဒေသတွင်းဘတ်စ်ကားများ ကို Qbuzz ကုမ္ပဏီက လည်ပတ်ဆောင်ရွက်ပေးပြီး ၎င်း၏ဝန်ဆောင်မှုများတွင် Uithof တက္ကသိုလ် ခရိုင်သို့သွားသော ဝန်ဆောင်မှုတစ်ခု ပါဝင်ကြောင်း လည်းသိရသည်။ ဒေသတွင်းဘတ်စ်ကားယာဉ်စုသည် ယူရို-VI စံနှုန်းနှင့် ကိုက်ညီသော ဘတ်စ်ကားများသာမက မြို့တွင်းသယ်ယူပို့ဆောင်ရေးအတွက် လျှပ်စစ်ဘတ်စ်ကားများကိုပါ အသုံးပြုသည့် ဥရောပ၏ အကောင်းဆုံး ယာဉ်စုများထဲမှတစ်ခုဖြစ်ကြောင်း လည်းသိရသည်။ ယူထရက်မြို့မှ ဒေသဆိုင်ရာ ဘတ်စ် ကားများကို Arriva နှင့် Connexxion ကုမ္ပဏီတို့ကလည်ပတ် ဆောင်ရွက်ပေးခြင်းလည်းဖြစ်သည်။

နယ်သာလန်နိုင်ငံတွင်းရှိမြို့အများစုကဲ့သို့ပင် ယူထရက်မြို့တွင် စက်ဘီးလမ်းကြောင်းများ ကျယ်ကျယ်ပြန့်ပြန့်ရှိသောကြောင့် စက်ဘီးစီးခြင်းကို ဘေးကင်းစေပြီး လူကြိုက်များကြကြောင်းသိရသည်။ မြို့တွင်းခရီးများ၏ (၃၃)ရာခိုင်နှုန်းသည် စက်ဘီး ဖြင့်ဖြစ်ပြီး အခြားသော သယ်ယူပို့ဆောင်ရေး နည်းလမ်းများထက် ပိုများကြောင်းလည်းသိရသည်။ ယူထရက်မြို့တွင် စက်ဘီးများကို လူရွယ်၊ လူကြီး၊ တစ်ဦးချင်းစီနှင့် မိသားစုများအားလုံးက အသုံးပြုကြသည်။ အဆိုပါစက်ဘီးများသည် အများအားဖြင့် စတီးဖြင့်ပြုလုပ်ထားသော စက်ဘီးများဖြစ်ပြီး ဂီယာအနည်းငယ်သာရှိကာ ကုန်ခြောက်များ သို့မဟုတ် ကလေးငယ်များကို သယ်ယူရန်အတွက် ပုံးပါသည့် စက်ဘီးများလည်း ရှိကြောင်းသိရသည်။ ယူထရက် မြို့လူဦးရေ၏ (၁၀ဝ)ရာခိုင်နှုန်းသည် (၁၅)မိနစ်ခန့်သာသွားရသောမြို့တွင်းတွင်နေထိုင်ကြပြီး (၉၀) ရာခိုင်နှုန်းကျော်သည် ၎င်းတို့အလိုရှိ သောဦးတည်ရာနေရာများသို့ (၁၀)မိနစ်အတွင်း သွားလာနိုင်ကြ ကြောင်းသိရသည်။ (၂၀၁၄)ခုနှစ်တွင် ယူထရက်မြို့ကောင်စီသည် Centraal မီးရထားဘူတာရုံအနီးတွင် ကမ္ဘာ့အကြီးဆုံး စက်ဘီးရပ်နားစခန်းကို တည်ဆောက်ရန် ဆုံးဖြတ်ခဲ့သည်။ အဆိုပါ အထပ် သုံးထပ် စက်ဘီးရပ်နားစခန်းဆောက်လုပ်ရေးသည် ယူရိုသန်း (၃၀)ကျော်ကုန်ကျပြီး စက်ဘီးအစီး ရေ (၁၂၅၀ဝ) ခန့် ထားရှိနိုင်ကြောင်းလည်းသိရသည်။ စက်ဘီးရပ်နားစခန်းကို အဆင့်ဆင့်တည်ဆောက်ခဲ့ပြီး ပထမပိုင်း ကို (၂၀၁၇) ခုနှစ် ဩဂုတ်လတွင် ဖွင့်လှစ်ခဲ့ကာ ကြန့်ကြာမှုအချို့ရှိခဲ့ပြီးနောက် နောက်ဆုံး အပိုင်းကို (၂၀၁၉) ခုနှစ် ဩဂုတ်လ (၁၉)ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

ယူထရက်မြို့သည် ဒတ်ချ်လမ်းကွန်ရက်နှင့် ကောင်းမွန်စွာချိတ်ဆက်ထားသည့်မြို့တစ်မြို့လည်း ဖြစ်သည်။ ယူထရက်မြို့အတွက် အရေးအကြီးဆုံး လမ်းနှစ်လမ်း ဖြစ်သည့် A12 နှင့် A2 ကားလမ်းများသည် အမ်စတာဒမ်၊ Arnhem ၊ The Hague နှင့် Maastricht မြို့တို့အပြင် ဘယ်လ်ဂျီယံ၊ ဂျာမနီနိုင်ငံ တို့နှင့်လည်း ဆက်သွယ်ပေးထားကြောင်းသိရသည်။ အဆိုပါဧရိယာအတွင်းရှိ အခြားသော အဓိက ကားလမ်းများမှာ Almere-BredaA27 နှင့် Utrecht-Groningen A28 တို့ဖြစ်သည်။ ယာဉ်ကြောပိတ်ဆို့မှုများ များပြားလာခြင်းနှင့် ရှေးဟောင်းမြို့သစ်စီမံကိန်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုသည် ယူထရက်မြို့ အနီးတစ်ဝိုက်တွင် ဖြစ်လေ့ဖြစ်ထရှိသော ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်ပြီး လေထုညစ်ညမ်းမှုအဆင့်ကို ပိုမို မြင့်မားလာစေခဲ့သည်။ အဆိုပါအချက်ကြောင့် ယူထရက်မြို့၏ လေထုအရည်အသွေးကိုမြှင့်တင်ရန် အကောင်းဆုံးနည်းလမ်းနှင့်ပတ်သက်ပြီး ငြင်းခုံမှုများစွာကို ဖြစ်ပေါ်စေခဲ့ကြောင်းလည်း သိရသည်။

ယူထရက်မြို့တွင် Amsterdam Rijnkanaal တူးမြောင်း တွင်တည်ရှိသော စက်မှုဆိပ်ကမ်း တစ်ခု လည်းတည်ရှိသည်။ အဆိုပါ ကွန်တိန်နာ ဆိပ်ကမ်းဂိတ်သည် တစ်နှစ်လျှင် ကွန်တိန်နာ (၈၀ဝဝဝ)ကို လက်ခံ လျက်ရှိကြောင်းလည်း သိရ သည်။ (၂၀ဝ၃)ခုနှစ်တွင် အဆိုပါ ဆိပ်ကမ်းသည် ကုန်စည်တန်ချိန် လေးသန်းအထိ ပို့ဆောင်နိုင်ခဲ့ပြီး အများစုမှာ သဲ၊ ကျောက်စရစ်၊ ဓာတ်မြေဩဇာနှင့် အစားအစာများ ဖြစ်သည်။ ထို့ပြင် အချို့သော ကမ္ဘာလှည့်ခရီးသည် သင်္ဘောခရီးစဉ်များကို ယူထ ရက်မြို့တွင်းရှိ တူး မြောင်းများတွင် နေရာအမျိုးမျိုးမှ စီစဉ်ပေးထားပြီး ရေလွှဲပေါက်များမှတစ်ဆင့် ခရီးသွားသင်္ဘောလမ်းကြောင်းများနှင့် ချိတ်ဆက်ထား ကြောင်းလည်း သိရသည်။

ထုတ်လုပ်မှုလုပ်ငန်းသည် ယူထရက်မြို့၏စီးပွားရေး၏သေးငယ်သောအစိတ်အပိုင်းတစ်ခုဖြစ်သည်။ ယူထရက်မြို့ ၏စီးပွားရေးသည် မြို့တွင်းတွင် တည်ရှိသော ကြီးမားသောအဖွဲ့အစည်းများအပေါ် မှီခိုနေရကြောင်းလည်းသိရသည်။ ထို့ပြင် ယူထရက်မြို့သည် ဒတ်ချ်မီးရထားကွန်ရက်၏ အချက်အချာ နှင့် Nederlandse Spoorwegen မီးရထားအော်ပရေတာ၏ ရုံးချုပ်တည်ရှိရာနေရာလည်းဖြစ်သည်။ ယူထရက်မြို့တွင် ဘဏ်ကြီးတစ်ခုဖြစ်သည့် Rabobank ၏ ရုံးချုပ်တည်ရှိကြောင်းလည်းသိရသည်။ ယူထရက်မြို့ကို ဒတ်ချ်ဂိမ်းစက်မှုလုပ်ငန်း၏ “မြို့တော်” အဖြစ်လည်း သတ်မှတ်ထားကြပြီး (၂၀၂၃) ခုနှစ်တွင် ဥရောပဂိမ်းစက်မှုလုပ်ငန်းတစ်ခုလုံးအတွက် မြို့တော်များထဲမှ တစ်ခုအဖြစ် Business Finland အဖွဲ့အစည်းက အမည်တပ်ခဲ့ သည်။ အဆိုပါနယ်ပယ်တွင် ယူထရက်မြို့၏ ဩဇာ လွှမ်းမိုးမှု သည် (၂၀ဝ၂)ခုနှစ်တွင် စတင်ခဲ့သော ဥရောပရှိ ပထမဆုံးသော လမ်းကြောင်းများဖြစ်သည့် ၎င်း၏ တက္ကသိုလ်များရှိ ဗီဒီယိုဂိမ်းဆိုင်ရာ ဖန်တီးမှုလမ်းကြောင်းများကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ (၂၀ဝ၈)ခုနှစ်မှစတင်ပြီး ယူထရက်မြို့ သည် ဗီဒီယိုဂိမ်းစတူဒီယို incubator ပရိုဂရမ် Dutch Game Garden ၏ နေအိမ်လည်းဖြစ်ခဲ့ပြီး အဆိုပါပရိုဂရမ်သည် အလုပ်အကိုင်ပေါင်း(၂၀ဝ)ကို ဖန်တီးပေးနိုင်ခဲ့ကြောင်းသိရသည်။ ထို့ပြင် ယူထရက်မြို့သည် Nixxes Software (Play Station Studios လုပ်ငန်းခွဲ) နှင့် ဗီဒီယိုဂိမ်း ဖန်တီးမှုစတူဒီယို Sokpop Collective တို့ တည်ရှိရာနေရာ တစ်ခုလည်းဖြစ်သည်။

Source: NP News

အစ္စရေးသည် တောမီးအန္တရာယ်ကာကွယ်ပေးမည့် FIREDOME စနစ်ကို တီထွင်နေ

၁။ အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့တွင် တောမီးများလောင်ကျွမ်း၍ အကြီးအကျယ် ပျက်စီးဆုံးရှုံးခဲ့ရပြီးနောက် အစ္စရေးအခြေစိုက်ကုမ္ပဏီတစ်ခုသည် တောမီးများကို လျင်မြန်စွာငြိမ်းသတ်နိုင်သည့် ဆန်းသစ်တီထွင်မှုတစ်ရပ်ပြုလုပ်ခဲ့သည်။ အစ္စရေးအခြေစိုက်ကုမ္ပဏီဖြစ်သော FireDome သည် သဘာဝပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်ပြီး မီးလောင်ကျွမ်းမှုထိန်းချုပ်ရာတွင်ထိရောက်မှုရှိသည့် ဆန်းသစ်သောတောမီးကာကွယ်ရေးစနစ်အား တီထွင်ထုတ်လုပ်လျက်ရှိသည်။ မူပိုင်ခွင့်စောင့်ဆိုင်းဆဲဖြစ်သော အဆိုပါစနစ်သည် ကုမ္ပဏီ၏ဝဘ်ဆိုက်တွင်ဖော်ပြထားသည့်အတိုင်း ထိရောက်သော တောမီးလောင်ကျွမ်းမှုရှာဖွေထောက်လှမ်းခြင်း၊ ကာကွယ်ခြင်းနှ

၁။ အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့တွင် တောမီးများလောင်ကျွမ်း၍ အကြီးအကျယ် ပျက်စီးဆုံးရှုံးခဲ့ရပြီးနောက် အစ္စရေးအခြေစိုက်ကုမ္ပဏီတစ်ခုသည် တောမီးများကို လျင်မြန်စွာငြိမ်းသတ်နိုင်သည့် ဆန်းသစ်တီထွင်မှုတစ်ရပ်ပြုလုပ်ခဲ့သည်။ အစ္စရေးအခြေစိုက်ကုမ္ပဏီဖြစ်သော FireDome သည် သဘာဝပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်ပြီး မီးလောင်ကျွမ်းမှုထိန်းချုပ်ရာတွင်ထိရောက်မှုရှိသည့် ဆန်းသစ်သောတောမီးကာကွယ်ရေးစနစ်အား တီထွင်ထုတ်လုပ်လျက်ရှိသည်။ မူပိုင်ခွင့်စောင့်ဆိုင်းဆဲဖြစ်သော အဆိုပါစနစ်သည် ကုမ္ပဏီ၏ဝဘ်ဆိုက်တွင်ဖော်ပြထားသည့်အတိုင်း ထိရောက်သော တောမီးလောင်ကျွမ်းမှုရှာဖွေထောက်လှမ်းခြင်း၊ ကာကွယ်ခြင်းနှင့်ငြှိမ်းသတ်ခြင်းတို့ကို လုပ်ဆောင်နိုင်စေရန် အဆင့်မြင့် AI နည်းပညာနှင့်ကာကွယ်ရေးနည်းဗျူဟာများပေါင်းစပ်ထားသည်။ ၎င်းသည် မီးလောင်မှုဖြစ်ပွားနိုင်သည့်ဧရိယာများကို စဉ်ဆက်မပြတ်စောင့်ကြည့်စစ်ဆေးပေးနိုင်ပြီး ပြင်ပရင်းမြစ်များကို မှီခိုအားထားရန်မလိုသောစနစ်တစ်ခုဖြစ်သည်။ ၎င်းသည် မီးဘေးအန္တရာယ်ဖြစ်ပွားမှသာအလိုအလျောက် စတင်လုပ်ဆောင်မည်ဖြစ်သည်။ 

ကမ္ဘာလုံးဆိုင်ရာပြဿနာတစ်ရပ်ဖြစ်သောတောမီးအန္တရာယ်

၂။ အမေရိကန်နိုင်ငံတွင်ဖြစ်ပွားခဲ့သည့်တောမီးလောင်ကျွမ်းမှုသည် ၎င်း၏ဖျက်ဆီးနိုင်စွမ်းကို  ပြသလျက်ရှိသည်။ ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom က အဆိုပါမီးလောင်မှုသည် ကုန်ကျစရိတ်နှင့်ပမာဏအရ အမေရိကန်သမိုင်းတွင် အဆိုးရွားဆုံးသဘာဝဘေးအန္တရာယ်များထဲမှ တစ်ခုအပါအဝင်ဖြစ်နိုင်ကြောင်း သတိပေးခဲ့သည်။ ဤကဲ့သို့ မီးလောင်ကျွမ်းခဲ့မှုတစ်ခုတည်းကြောင့် ဘဏ္ဍာရေးအရဆုံးရှုံးမှုတန်ဖိုးသည် ခန့်မှန်းခြေ ဒေါ်လာ ၂၅၀ ဘီလီယံအထိရှိနိုင်ကြောင်း သိရသည်။ တောမီးလောင်ကျွမ်းမှုအတွင်း အနည်းဆုံး လူ ၂၄ ဦး အသက်ဆုံးရှုံးခဲ့ပြီး အခြားလူအများအပြား ထိခိုက်ဒဏ်ရာရခြင်း၊ အိုးမဲ့အိမ်မဲ့ဖြစ်ခြင်း သို့မဟုတ် ပျောက်ဆုံးနေခြင်းများရှိကြောင်း သိရသည်။ အစောပိုင်းအစီရင်ခံစာများအရ ၂၀၂၃ ခုနှစ်တစ်ခုတည်းတွင် တောမီးလောင်ကျွမ်းမှုကြောင့် ကမ္ဘာတစ်ဝန်းရှိ မြေဧကတစ်ဘီလီယံနီးပါးပျက်စီးခဲ့ပြီး လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ် တန်ချိန် ၆.၅ ဘီလီယံ ထုတ်လွှတ်ခဲ့ကြောင်း သိရသည်။ ထို့အပြင် တောမီးလောင်ကျွမ်းစဉ်အတွင်း ကာဗွန်မိုနော့ဆိုဒ်ကဲ့သို့ အန္တရာယ်ကြီးမားသော ဓာတ်ငွေ့များနှင့် မီးခိုးပြာအမြောက်အမြားလည်း ထွက်ပေါ်ခဲ့သည်။ ဤဓာတ်ငွေ့များသည် ကမ္ဘာကြီးပူနွေးလာစေရန် များစွာအထောက်အကူပြုသောကြောင့် ရာသီဥတု ပြောင်းလဲလာစေသည့် အဓိကအကြောင်းရင်းဖြစ်သည်ဟု ယူဆနိုင်သည်။ US Joint Economic Committee ၏ ၂၀၂၃ ခုနှစ်အစီရင်ခံစာအရ အမေရိကန်နိုင်ငံတွင် တောမီးလောင်ကျွမ်းမှုကြောင့် စုစုပေါင်းပျက်စီးဆုံးရှုံးမှုသည် နှစ်စဉ် ၃၉၄ ဘီလီယံမှ ၈၉၃ ဘီလီယံကြားရှိကြောင်း သိရသည်။  

FireDome ၏ တောမီးအန္တရာယ်ကာကွယ်မှုနည်းလမ်း

၃။ FireDome သည် အစ္စရေးနိုင်ငံမှ အသုံးပြုနေသည့် နာမည်ကျော် လေကြောင်းရန်ကာကွယ်ရေးစနစ်တစ်ခုဖြစ်သော Iron Dome စနစ်ကို အခြေခံ၍တီထွင်ထားပါသည်။ Iron Dome သည် လက်ရှိကမ္ဘာပေါ်တွင်အသုံးပြုနေသော ထိပ်တန်းစနစ်များထဲမှတစ်ခုအပါအဝင်အဖြစ် သတ်မှတ်ခံထားရသည်။ FireDome က ၎င်း၏ စနစ်သည် အလားတူနည်းလမ်းကိုအသုံးပြုထားပြီး ကင်မရာများနှင့် ဉာဏ်ရည်တုနည်းပညာ (AI) တို့ဖြင့် စောင့်ကြည့်စစ်ဆေးပြီးနောက် မီးဘေးကာကွယ်ရေးအတားအဆီးတစ်ခုကို ဖြန့်ကြက်ထားရှိမည်ဖြစ်သည်ဟုဆိုသည်။ တောမီးလောင်ကျွမ်းမှုကိုသိရှိပြီးနောက် မီးလောင်ကျွမ်းနေသည့်လမ်းကြောင်းကို တိုက်ရိုက်ပိတ်ဆို့ရန် မီးဘေးအတားအဆီးကွန်ရက်တစ်ခုကို ဦးစွာဖြန့်ကြက်လိုက်မည်ဖြစ်သည်။ ဒုတိယအဆင့်အနေဖြင့် ပထမအတားအဆီးကိုဖြတ်ကျော်လာသော မီးကျီမီးခဲများကြောင့် ပေါ်ပေါက်လာသော မီးတောက်မီးလျှံများကို ရှာဖွေ၍ထိရောက်စွာငြိမ်းသတ်ပေးမည်ဖြစ်သည်။

၄။ ကုမ္ပဏီ၏အမှုဆောင်အရာရှိချုပ်ဖြစ်သူ Gadi Benjamini က တောမီးတိုက်ဖျက်ရေးစနစ်၏ ပထမဗားရှင်းသည် မီးသတ်ဆေးတောင့်များကို တစ်မိုင်၏လေးပုံတစ်ပုံအကွာအဝေးအထိ ပစ်လွှတ်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကုမ္ပဏီသည် ဆေးတောင့်များကို တစ်မိုင်အကွာအဝေးအထိ ပစ်လွှတ်နိုင်သည့် အဆင့်မြှင့်တင်ထားသော ဗားရှင်းများကို မိတ်ဆက်ပေးရန်လည်း စီစဉ်ထားသည်။ ဤစနစ်၏ အားသာများထဲမှတစ်ခုမှာ တောမီးကိုတိုက်ဖျက်ရန်အတွက် မြေပြင်တွင်အဖွဲ့ဝင်အမှုထမ်းများ မလိုအပ်ခြင်းဖြစ်သည်။ သို့ဖြစ်၍ အသက်ဆုံးရှုံးမှုအန္တရာယ်ကို ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ ထို့အပြင် စနစ်တစ်ခုတည်းဖြင့် ကြီးမားသောမြေဧရိယာကို မီးဘေးအန္တရာယ်မှကာကွယ်ပေးနိုင်သည်ဟု ဆိုထားသည်။ အဆိုပါစနစ်သည် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာ မီးငြိမ်းသတ်နိုင်သော စွမ်းရည်ပါရှိသည်။ Firedome ကုမ္ပဏီသည် အဆိုပါစနစ်ကို ၂၀၂၅ ခုနှစ် မေလတွင် စမ်းသပ်ရန် စီစဉ်နေပြီး ၂၀၂၆ ခုနှစ်တွင် အမေရိကန်နိုင်ငံ၌ စမ်းသပ်မှုများပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။ 

Source: https://interestingengineering.com/innovation/firedome-wildfire-spread-prevention-system

ဘာသာပြန်ဆိုတင်ပြသူ - ဗိုလ်မှူး အောင်ထက်ထက် (ရဲရင့်အောင်)

ခေတ်မီဗိသုကာ လက်ရာတွေကြောင့် နာမည်ကျော်တဲ့ ရော့တာဒမ်

ရော့တာဒမ်မြို့သည် နယ်သာလန်နိုင်ငံတွင်းတွင် မြို့တော်အယ်စတာဒမ်ပြီးလျှင် ဒုတိယအကြီးဆုံးမြို့ တစ်မြို့ဖြစ်ပြီး ဒုတိယကမ္ဘာစစ်အပြီးတွင် မြို့တွင်းရှိနေရာအများအပြားကို ပြန်လည်တည်ဆောက်ပြီး နောက်ပေါ်ထွက်လာပြီး ထင်ရှားသည့် ခေတ်မီဗိသုကာလက်ရာများကြောင့် နာမည်ကျော်ကြားသည်။ ရော့တာဒမ်မြို့သည် Rhine-Meuse-Scheldt မြစ်ဝကျွန်းပေါ်ဒေသ၏ North Seaပင်လယ်ဝ ၏ တစ်စိတ်တစ်ပိုင်းဖြစ်သော South Holland ပြည်နယ်တွင် တည်ရှိသည့်မြို့တစ်မြို့ဖြစ်သည်။ ရော့တာဒမ်မြို့၏သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုပါက ရော့တီမြစ်ပေါ်တွင် ရေကာတာတစ်ခု တည်ဆောက်ခဲ့သည့် (၁၂၇၀) ပြည့်နှစ်များကို ပြန်သွားရမည်ဖြစ် သည်။ (၁၃၄

ရော့တာဒမ်မြို့သည် နယ်သာလန်နိုင်ငံတွင်းတွင် မြို့တော်အယ်စတာဒမ်ပြီးလျှင် ဒုတိယအကြီးဆုံးမြို့ တစ်မြို့ဖြစ်ပြီး ဒုတိယကမ္ဘာစစ်အပြီးတွင် မြို့တွင်းရှိနေရာအများအပြားကို ပြန်လည်တည်ဆောက်ပြီး နောက်ပေါ်ထွက်လာပြီး ထင်ရှားသည့် ခေတ်မီဗိသုကာလက်ရာများကြောင့် နာမည်ကျော်ကြားသည်။ ရော့တာဒမ်မြို့သည် Rhine-Meuse-Scheldt မြစ်ဝကျွန်းပေါ်ဒေသ၏ North Seaပင်လယ်ဝ ၏ တစ်စိတ်တစ်ပိုင်းဖြစ်သော South Holland ပြည်နယ်တွင် တည်ရှိသည့်မြို့တစ်မြို့ဖြစ်သည်။ ရော့တာဒမ်မြို့၏သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုပါက ရော့တီမြစ်ပေါ်တွင် ရေကာတာတစ်ခု တည်ဆောက်ခဲ့သည့် (၁၂၇၀) ပြည့်နှစ်များကို ပြန်သွားရမည်ဖြစ် သည်။ (၁၃၄၀) ပြည့်နှစ်တွင် ရော့တာဒမ်မြို့ကို နယ်သာလန်နိုင်ငံ၏မင်းသား William IV က မြို့ လုပ်ပိုင်ခွင့်ကို ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် လူဦးရေ (၂ ဒသမ ၇) သန်းခန့်ရှိသော Rotterdam–The Hague မြို့ပြဧရိယာသည် ဥရောပသမဂ္ဂတွင် (၁၀)ခုမြောက်အကြီးဆုံး မြို့ပြဧရိယာ တစ်ခုဖြစ်ပြီး နယ်သာလန်နိုင်ငံတွင်းတွင် လူဦးရေအထူထပ်ဆုံး မြို့ပြဧရိယာတစ်ခုလည်းဖြစ်သည်။ အဓိက ထောက်ပံ့ပို့ဆောင်ရေးနှင့် စီးပွားရေးအချက် အချာနေရာတစ်ခုဖြစ်သော ရော့တာဒမ်မြို့သည် ဥရောပ၏ အကြီးဆုံးပင်လယ်ဆိပ်ကမ်းတစ်ခုလည်း ဖြစ်သည်။ (၂၀၂၂)ခုနှစ်တွင် ရော့တာဒမ်မြို့၌ နေထိုင်သူလူဦးရေ (၆၅၅၄၆၈) ဦးရှိပြီး မတူညီသောနိုင်ငံသားပေါင်း (၁၈၀)ကျော်နေထိုင်သည့် နေရာတစ်ခုလည်းဖြစ်သည်။

ရော့တာဒမ်မြို့သည် ၎င်း၏တက္ကသိုလ်များ၊ မြစ်ကမ်းစပ်နေရာ၊ သက်ဝင်ယဉ်ကျေးမှုဘဝ၊ ရေကြောင်း အမွေအနှစ်များနှင့် ခေတ်မီဗိသုကာပညာကြောင့် နာမည်ကျော်ကြားသည်။ ဒုတိယကမ္ဘာစစ် အတွင်း ဂျာမန်တို့၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရော့တာဒမ်မြို့လယ်ကောင်သည် လုံးဝပျက်စီးလုနီးပါး ဖြစ်ခဲ့ပြီးနောက် Rem Koolhaas၊ Piet Blom နှင့် Ben van Berkel တို့ကဲ့သို့သော ဗိသုကာပညာရှင်များက ဒီဇိုင်းထုတ်ထားသည့် မိုးမျှော်တိုက်များအပါအဝင် မတူညီသောဗိသုကာရှုခင်းများစွာကို ပေါ်ပေါက်လာစေခဲ့ကြောင်းသိရသည်။ ထို့ပြင် ရထားလမ်း၊ ကားလမ်းများနှင့် ရေလမ်းကြောင်းများအပါအဝင် ကျယ် ပြန့်သောဖြန့်ဖြူးရေးစနစ်သည် ရော့တာဒမ်မြို့ကို “Gateway to Europe” နှင့် “ Gateway to the World” ဆိုသည့်နာမည်ပြောင်များကို ရရှိစေခဲ့ကြောင်းလည်း သိရသည်။

စီးပွားရေး
ရော့တာဒမ်မြို့သည် နယ်သာလန်နိုင်ငံတွင်းရှိ သင်္ဘောလုပ်ငန်းအတွက် အဓိကအချက်အချာကျ သောနေရာများထဲမှတစ်ခုဖြစ်သည်။ (၁၆၀၂)ခုနှစ်တွင်တည်ထောင်ခဲ့သော ကမ္ဘာ့ပထမဆုံးနိုင်ငံစုံအဖွဲ့အစည်း Rotterdam Chamber of the VOC မှ (၁၉၇၀) ပြည့်နှစ်တွင်တည်ထောင်ခဲ့သော Royal Nedlloyd သင်္ဘောကုမ္ပဏီအထိ (၁၉၈၈) ခုနှစ်တွင် ရော့တာဒမ်မြို့၏ ကော်ပိုရိတ်ရုံးချုပ်များသည် “Willemswerf ”အထင်ကရအဆောက်အအုံတွင် တည်ရှိကြကြောင်းသိရသည်။ (၁၉၉၇)ခုနှစ်တွင် Royal Nedlloyd ကုမ္ပဏီသည် ဗြိတိန်သင်္ဘောလုပ်ငန်းခေါင်းဆောင် P&O ကုမ္ပဏီနှင့်ပေါင်းစည်းပြီး ကမ္ဘာ့တတိယအကြီးဆုံး ကုန်သည်သင်္ဘောကုမ္ပဏီကို ဖွဲ့စည်းခဲ့ကြောင်းလည်းသိရသည်။

ထို့ပြင် ရော့တာဒမ်မြို့သည် ဓာတုကုမ္ပဏီ LyondellBasell ၊ ကုန်စည် ကူးသန်းရောင်းဝယ်ရေး ကုမ္ပဏီ Glencore ၊ ဆေးဝါးကုမ္ပဏီ Pfizer ၊ ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီများ Stolt-Nielsen ၊ လျှပ်စစ်ပစ္စည်းကိရိယာကုမ္ပဏီ ABB နှင့် လူသုံးကုန်ပစ္စည်းကုမ္ပဏီ Procter & Gamble တို့၏ ဒေသဆိုင်ရာရုံးချုပ်များ တည်ရှိရာနေရာတစ်ခုလည်းဖြစ်သည်။ 

ရော့တာဒမ်မြို့တွင် Allianz ၊ Maersk ၊ Petrobras ၊ Samskip ၊ Louis Dreyfus Group နှင့် Aon ကုမ္ပဏီတို့၏ ဒတ်ချ်ဌာနချုပ်များရှိကြောင်းလည်း သိရသည်။ ရော့တာဒမ်မြို့သည် အစိုးရတစ်ပိုင်း ကုမ္ပဏီများ Roteb (သန့်ရှင်းရေး၊ အမှိုက်စီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုအမျိုးမျိုးကို ဂရုစိုက်ရန်) နှင့် ရော့တာဒမ်ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ (ရော့တာဒမ် ဆိပ်ကမ်းကိုထိန်းသိမ်းရန်) ဝန်ဆောင်မှုများကို အသုံးပြုသည်။ အဆိုပါ ကုမ္ပဏီနှစ်ခုစလုံးသည် တစ်ချိန်က မြူနီစီပယ်အဖွဲ့များဖြစ်ခဲ့ကြပြီး လက်ရှိအချိန်တွင် မြို့ကပိုင်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအဖွဲ့အစည်းများဖြစ်နေပြီဖြစ်ကြောင်းလည်းသိရသည်။

နယ်သာလန်နိုင်ငံတွင်းတွင် အကြီးဆုံးဆိပ်ကမ်းနှင့် အကြီးဆုံးမြို့များထဲမှတစ်မြို့ဖြစ်သော ရော့တာဒမ်သည် အထူးသဖြင့် ပိုက်ဆံအများကြီး မပေးရသောအလုပ်သမားအခန်းကဏ္ဍတွင် အလုပ်အကိုင် ရှာဖွေနေသူများကို ဆွဲဆောင်လျက်ရှိပြီး မြို့၏အလုပ်လက်မဲ့နှုန်းသည် (၁၂)ရာခိုင်နှုန်းရှိပြီး နိုင်ငံလုံးဆိုင်ရာပျမ်းမျှထက် နှစ်ဆနီးပါးရှိကြောင်းသိရသည်။

ရော့တာဒမ်မြို့သည် ဥရောပတွင် အကြီးဆုံးဆိပ်ကမ်းတစ်ခုဖြစ်ပြီး Maas နှင့် Rhine မြစ်များသည် ဆွစ်ဇာလန်နိုင်ငံ ဘေဆယ်မြို့နှင့် ပြင်သစ်နိုင်ငံတို့သို့ရောက်ရှိပြီး ကုန်းတွင်းပိုင်းအထက်ပိုင်းသို့ ကောင်းစွာဝင်ရောက်နိုင်ကြောင်းသိရသည်။ (၂၀ဝ၆)ခုနှစ်တွင် ရော့တာဒမ်မြို့သည် ပေနှစ်ဆယ်ဖြင့် ညီမျှသော ယူနစ်သတ်မှတ်ချက်များ (TEU) ဖြင့်ကိုင်တွယ်ဆောင်ရွက်သော ကမ္ဘာ့သတ္တမမြောက်အကြီး ဆုံးကွန်တိန်နာဆိပ်ကမ်းဖြစ်ခဲ့ပြီး (၂၀၁၄)ခုနှစ်တွင် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့သည် ကမ္ဘာ့အလုပ်အများ ဆုံးကွန်တိန်နာဆိပ်ကမ်းအဖြစ် အဆင့်သတ်မှတ်ခံခဲ့ရကြောင်းသိရသည်။ ရော့တာဒမ်ဆိပ်ကမ်း၏ အဓိက လုပ်ဆောင်ချက်များမှာ ရေနံဓာတုဗေဒလုပ်ငန်းများ၊ အထွေထွေကုန်တင်ကုန်ချလုပ်ငန်းနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းတို့ဖြစ်ကြောင်းသိရသည်။ ထို့ပြင် ရော့တာဒမ်ဆိပ်ကမ်းသည် ဥရောပတိုက်နှင့် အခြားပြည်ပနိုင်ငံများကြားရှိ အစုလိုက်အပြုံလိုက်ပစ္စည်းများအတွက် အရေးကြီးသော သယ်ယူပို့ဆောင် ရေးနေရာတစ်ခုအဖြစ် လုပ်ဆောင်ပေးပြီး မြို့မှကုန်ပစ္စည်းများကို သင်္ဘော၊ တွဲ သင်္ဘော၊ ရထား သို့မဟုတ် ကားလမ်းဖြင့်ပို့ဆောင်ကြောင်းလည်း သိရသည်။ (၂၀၁၇)ခုနှစ်တွင် ရော့တာဒမ်မြို့မှ ဂျာမနီနိုင်ငံသို့ ကုန်စည်အမြန်ပို့ဆောင်ရေးရထားလမ်းသစ်တစ်ခုဖြစ်သော Betuweroute ကို ပြီးစီးခဲ့ကြောင်း သိရသည်။

ရော့တာဒမ်မြို့ရှိ လူသိများသောလမ်းများမှာ (၁၉၅၃)ခုနှစ်တွင်ဖွင့်လှစ်ခဲ့သော နယ်သာလန်နိုင်ငံ၏ ပထမဆုံးလူသွားလမ်းများ Lijnbaan ၊ Hoog- straat လမ်းနှင့်စက်ဘီးစီးသူများ၊ လူသွားလမ်းများကို ပိုမိုနေရာပေးရန်အတွက် (၂၀၁၈)ခုနှစ် နှင့် (၂၀၂၁) ခုနှစ်ကြားတွင် ပြန် လည်ပြုပြင်မွမ်းမံထားသော Coolsingel လမ်းတို့ဖြစ်ကြောင်းသိရသည်။ အခြား အဓိကလမ်းမတစ်ခုမှာ မြို့လယ်ကောင်ရထားဘူတာရုံမှ Hofplein ပြည်သူ့ရင်ပြင်ထိရှည်သော လမ်းမကြီးဖြစ်ကြောင်းသိရသည်။

ထို့ပြင် Kruiskade လမ်းသည် Michael Kors ၊ 7 For All Mankind ၊ Calvin Klein ၊ Hugo Boss ၊ Tommy Hilfiger နှင့် လူသိများသော အမျိုးသားအဝတ်အထည် Oger ကဲ့သို့သော လက်လီ ရောင်းချသည့်ဆိုင်များရှိပြီး ပိုမိုကြီးမားသော ဈေးဝယ်လမ်းတစ်ခုလည်းဖြစ်သည်။ Alexandrium ဟု ခေါ်သော ထင်ရှားသည့်ဈေးဝယ်စင်တာတစ်ခုသည် ရော့တာဒမ်မြို့၏အရှေ့ဘက်ခြမ်းတွင်တည်ရှိပြီး ကြီးမားသောမီးဖိုချောင်တစ်ခုနှင့် ပရိဘောဂစင်တာတစ်ခုတို့ပါဝင်ကြောင်းလည်းသိရသည်။

ပြတိုက်များ၊ စာကြည့်တိုက်များနှင့် မော်ကွန်းတိုက်များ
ရော့တာဒမ်မြို့တွင် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်းအမျိုးမျိုးရှိပြီး လူသိများသောပြတိုက်များမှာ Boijmans Van Beuningen ပြတိုက်၊ Het Nieuwe Instituut ပြတိုက်၊ Wereldmuseum ပြတိုက်၊ Kunsthal ပြတိုက်၊ Kunstinstituut Melly အနုပညာပြခန်းနှင့် ရော့တာဒမ်ရေကြောင်း ပြတိုက်တို့ ဖြစ် သည်။ ရော့တာဒမ် သမိုင်းပြတိုက်သည် ခေတ်ပြိုင်နိုင်ငံဖြတ်ကျော်မြို့တစ်မြို့အဖြစ် ဖွံ့ဖြိုးတိုးတက်မှုကိုပြသရန်ရည်ရွယ်ပြီး ရော့တာဒမ်ပြတိုက်အဖြစ် ပြောင်းလဲခဲ့ကြောင်းလည်းသိရသည်။ အခြားပြတိုက်များတွင် အခွန်နှင့်အကောက်ခွန်ပြတိုက်၊ နယ်သာလန် မရိန်းတပ်ဖွဲ့ပြတိုက်၊ ရော့တာဒမ် ပြည်သူ့သယ်ယူပို့ဆောင်ရေးပြတိုက်နှင့် သဘာဝသမိုင်းပြတိုက်တို့ပါဝင်ပြီး ရွှေ့ပြောင်းနေထိုင်မှုပြတိုက် Fenix ကို (၂၀၂၅) ခုနှစ်တွင် ဖွင့်လှစ်သွားမည်ဖြစ် ကြောင်းလည်းသိရသည်။

ရော့တာဒမ်၏ ပထမဆုံး မြူနီစီပယ်စာကြည့် တိုက်ကို (၁၆၀၄)ခုနှစ်တွင် တည်ထောင်ခဲ့သည်။ အများပြည်သူစာကြည့်တိုက် Bibliotheek Rotte- rdam ကို (၁၈၆၉)ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိအချိန်တွင် ရော့တာဒမ်မြို့၌ အကြီးဆုံး ယဉ်ကျေးမှုအဖွဲ့အစည်းတစ်ခုဖြစ်ကာ မြို့တစ်ဝန်းစာ ကြည့်တိုက်ခွဲပေါင်း(၁၅)ခုရှိကြောင်းလည်းသိရသည်။ ရော့တာဒမ်မြို့ မော်ကွန်းတိုက် (Stadsar- chief Rott- erdam) ကို (၁၆၀၄) ခုနှစ်တွင်တည်ထောင်ခဲ့ပြီးရော့တာဒမ်မြို့၏သမိုင်းဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအုပ်ချုပ်ရေးမှတ်တမ်းများနှင့်မူရင်းအထောက်အထားများကို အဆိုပါနေရာတွင်ရှာဖွေနိုင်ကြောင်း လည်း သိရသည်။ မော်ကွန်းတိုက်နှင့်သက် ဆိုင်သောသိမ်းဆည်းမှုများတွင် အထွေထွေမှတ်တမ်းများ၊ စာရွက်စာတမ်းများ၊ ရုပ်မြင်သံကြားစုဆောင်းမှုများနှင့် စာကြည့်တိုက်တို့ပါဝင်ကြောင်း သိရသည်။

အတောက်ပဆုံးကြယ်ပွင့် ဆုံးရှုံးသွားခြင်း သို့မဟုတ် အိန္ဒိယဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်း ကွယ်လွန်

အိန္ဒိယနိုင်ငံ၏သက်တမ်းအရှည်ဆုံးဝန်ကြီးချုပ်၊ အိန္ဒိယ နိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှု ဗိသုကာပညာရှင် နှင့် အမေရိကန်နှင့် အိန္ဒိယနိုင်ငံအကြား သမိုင်းဝင် နျူကလီးယား သဘောတူညီချက်ရေးဆွဲခဲ့သူ အသက် ၉၂ အရွယ် မန်မိုဟန်ဆင်းသည် ဒီဇင်ဘာ ၂၆ ရက်နေ့ တွင် ကွယ်လွန်သွားပြီဖြစ်ပါသည်။

သက်ကြီးရောဂါကြောင့် ဆေးကုသမှုခံနေရသူ ဝန်ကြီးချုပ်ဟောင်းသည် ဒီဇင်ဘာ ၂၆ ရက်နေ့က နေအိမ်တွင် ရုတ်တရက် သတိလစ်သွားခဲ့သဖြင့် နယူး ဒေလီမြို့ရှိ AII India ဆေးသိပ္ပံတွင် လက်ခံကုသ ပေးခဲ့ကြောင်း ထိုဆေးရုံကြေညာချက်တွင် ဖော်ပြထား ပါသည်။ 

“အိန္ဒိယပြည်သူများအတွက် ထူးချွန်ပြောင်မြောက်ဆုံး ခေါင်းဆောင်တစ်ဦး ဆုံးရှုံးသွားရကြောင်း” အိန္ဒိယ နိုင်ငံဝန်ကြီးချုပ်မိုဒီက လူမှုမီဒီယာတွင် ရေးသား ဂုဏ်ပြုဖော်ပြခဲ့ပါသည်။ ၎င်းသည် ဝန်ကြီးချုပ် တာဝန် ယူချိန်ကာလတွင် ဉာဏ်ပညာကြီးမားပြီး ပြည်သူများ အပေါ် အမြဲနှိမ့်ချဆက်ဆံတတ်ပြီး တိုင်းပြည် တိုးတက်ရန်အတွက် အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်ခဲ့သည့် လုပ်ဆောင်ချက်များကို မျက်ဝါး ထင်ထင်မြင်ယောင်နေမိကြောင်း မိုဒီက ဆက်လက် ပြောကြားပါသည်။

“သိမ်မွေ့မှုရှိခြင်း၊ ပညာရှိခြင်း၊ ထက်မြက်ခြင်း၊ ရဲရင့်ခြင်း နှင့်ပြည့်စုံသည့် ရှေ့ဆောင်လမ်းပြ နိုင်ငံရေး ခေါင်းဆောင်တစ်ဦး ဆုံးရှုံးမှုကြောင့် မိမိတို့ နိုင်ငံ အတွက် အလွန်စိတ်မကောင်းဖွယ်ဖြစ်ရကြောင်း” ဝန်ကြီးချုပ်ဟောင်း Rajiv Gandhi ၏ သမီးဖြစ်သူ Priyanka Gandhi က ပြောကြားလိုက်သည်။

မန်မိုဟန်ဆင်းသည် ဂျဝါဟာလာနေရူး နောက်ပိုင်း ပထမဆုံးသမ္မတသက်တမ်း ထမ်းဆောင်ပြီးနောက် ပြန်လည်အရွေးခံရသည့် ပထမဆုံးအိန္ဒိယ ခေါင်းဆောင် ဖြစ်ပြီး နိုင်ငံ၏ထိပ်တန်းရာထူးကို ထမ်းဆောင်သည့် ပထမဆုံး ဆစ်ခ်တစ်ဦးလည်း ဖြစ်သည်။

မန်မိုဟန်ဆင်းကို ၁၉၃၂ ခုနှစ် စက်တင်ဘာလ ၂၆ ရက်တွင် အိန္ဒိယနိုင်ငံ၊ ပန်ဂျပ်ပြည်နယ်ရှိ လူသူ နည်းပါး လွန်းပြီး ရေနှင့် လျှပ်စစ်မီးမရှိသော ကျေးရွာတွင် ချို့တဲ့စွာမွေးဖွားခဲ့သည်။ ၎င်းသည် ပန်ဂျပ်တက္ကသိုလ်ကိုတက်ရောက်ပြီးနောက် Cambridge တက္ကသိုလ်မှမဟာဘွဲ့နှင့် Oxford မှ DPhil ဘွဲ့ (စာပေပါရဂူဘွဲ့) ရခဲ့ပါတယ်။ Cambridge မှာ ပညာသင်ကြားနေစဉ် ငွေကြေးချို့တဲ့လွန်းသဖြင့် များစွာဒုက္ခကြုံခဲ့ရသည်။ ၎င်းသည် ဒုက္ခများစွာ ရင်ဆိုင်ဖြတ်သန်းခဲ့ရပြီးနောက် ကမ္ဘာကျော်တက္ကသိုလ်များမှ ပါရဂူဘွဲ့များ ရရှိအောင် လုံ့လပြု အပတ်တကုတ် ကြိုးစားခဲ့သူတစ်ဦးဖြစ်သည်။ 

သူသည် အိန္ဒိယနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ၂၀၀၄ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ၁၀ နှစ်ကြာ သက်တမ်းအကြာဆုံး တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်ပြီး ဖြောင့်မတ် တည်ကြည်သော ဂုဏ်သိက္ခာရှိသူအဖြစ် ကမ္ဘာ့ ခေါင်းဆောင် များထဲတွင် ထင်ရှားလှပါသည်။ 

မန်မိုဟန်ဆင်းသည် လုပ်ကြံခံရသည့် ဝန်ကြီးချုပ် ရာဂျစ်ဂန္ဒီ၏ ဇနီး ဆိုနီရာဂန္ဒီ၏ နေရာတွင် အစားထိုး တာဝန်ယူရန်  ၂၀၀၄ ခုနှစ်၌ ရွေးချယ်ခန့်အပ်ခြင်း ခံခဲ့ ရခြင်းဖြစ်သည်။ ၂၀၀၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ဝန်ကြီးချုပ် ဒုတိယသက်တမ်း ထပ်မံအရွေးချယ်ခံ ခဲ့ရပြီး ၎င်းခန့်အပ်ထားသည့်ဝန်ကြီးများ၏ လာဘ်စားမှု နှင့် ငွေကြေးအရှုပ်တော်ပုံများကြောင့် ၂၀၁၄ ခုနှစ်၊ ရွေးကောက်ပွဲတွင် နရိန်ဒရာမိုဒီ ဦးဆောင်သည့် ဟိန္ဒူ အစွန်းရောက် ဘဟာရတ်တီယာ ဂျနာတာပါတီကို  ရှုံးနိမ့်ခဲ့ရပါသည်။ ၎င်းသည် ဝန်ကြီးချုပ်ရာထူးကနေ အနားယူပြီးနောက်ပိုင်း  မထင်မရှား နေထိုင်သွားခဲ့သူ ဖြစ်ပါသည်။

မန်မိုဟန်ဆင်း ကွယ်လွန်ချိန်တွင် ဇနီးနှင့် သမီးသုံးဦးတို့ ကျန်ရစ်ခဲ့ပါသည်။

ကိုးကား - BBC

ဆီးရီးယားသမ္မတနိုင်ငံသမိုင်းအကျဉ်း

အာရှတိုက်ရှိ အလွန်ရှေးကျသော နိုင်ငံများတွင် ဆီးရီးယားနိုင်ငံ အပါအဝင်ဖြစ်သည်။ ဆီးရီးယားနိုင်ငံ ဟောင်းမှာ မြေထဲပင်လယ်၏ အရှေ့ကမ်းရိုးတန်းမှ သည် ယခုခေတ် နိုင်ငံသစ်များဖြစ်ကြသော ဆီးရီးယား နိုင်ငံ၊ လက်ဘနွန်နိုင်ငံ၊ အစ္စရေးနိုင်ငံ၊ ဂျော်ဒန်နိုင်ငံနှင့် တစိတ်တစ်ဒေသအားဖြင့် မြောက်ပိုင်းအာရေဗျနိုင်ငံ တို့အထိ ကျယ်ပြန့်သည်၊ သို့ရာတွင် ယခုလက်ရှိ ဆီးရီးယားသမ္မတနိုင်ငံမှာ မြောက်ဘက်တွင် တူရကီ နိုင်ငံ၊ အရှေ့ဘက်နှင့် အရှေ့တောင်ဘက်တွင် အီရတ် နိုင်ငံ၊ တောင်ဘက်တွင် ဂျော်ဒန်နိုင်ငံ၊ အနောက်ဘက်တွင် အစ္စရေးနိုင်ငံနှင့် လက်ဘနွန်နိုင်ငံဟူ၍ နယ်နိမိတ် ပိုင်းခြားသတ်မှတ်ထားသည်။

နိုင်ငံသမိုင်းအရဆိုလျှင် ရှေးဟောင်းဆီးရီးယားနိုင်ငံ သည် ဘီစီ၁၄၇၁ ခုနှစ်တွင် အီဂျစ်နိုင်ငံ၏ လက်အောက် သို့ကျရောက်ခဲ့သည်။ ဘီစီ ၆၄ ခုနှစ်၌ ရောမဘုရင် ပွန်ပီလက်ထက်တွင် ရောမနိုင်ငံပိုင်ပြည်နယ် ဖြစ်ခဲ့ရ ပြန်သည်။ ထို့နောက် ပါးရှင်းလူမျိုးတို့က မကြာခဏ ဆီးရီးယားပြည်ကို ဝင်ရောက်တိုက်ခိုက်ကြသည်။ အေဒီ ၆၃၅ ခုနှစ်၌မူ အာရပ်လူမျိုးများက ဆီးရီးယားကို သိမ်းပိုက်လိုက်သည်။ ၁၅၁၆ ခုနှစ်တွင် အော့တိုမန် တစ်ရက်လူမျိုးများ၏ လက်အောက်သို့ရောက်ခဲ့သည်။ ၁၇၈၉- ၁၇၉၉ ခုနှစ်၌ ပြင်သစ်တို့ဝင်ရောက်အုပ်စိုး၍ ၁၈၃၁-၁၈၃၃ ခုနှစ်တွင် တစ်ကြိမ်၊ ၁၈၃၉-၁၈၄ဝ ပြည့်နှစ်တွင် တစ်ကြိမ်၊ အီဂျစ် ဘုရင်ခံက ဝင်ရောက် သိမ်းပိုက်ခဲ့သည်။ ၁၈၆ဝ-၁၈၆၁ ခုနှစ်တွင် သူပုန်ထကြွ ပြီးလျှင် ၁၉၁၇ ခုနှစ်၌ တူရကီတို့ အုပ်စိုးခြင်း အဆုံးသတ် သွားသည်။ သို့သော် ၁၉၂ဝ ပြည့်နှစ်၌ ပြင်သစ်ဩဇာ လွှမ်းမိုးသောနယ် ဖြစ်လာသည်။၁၉၂၅ ခုနှစ်တွင် မူကား ဒမက်စကပ်နှင့် အလက်ဟူသော နယ်ကြီး နှစ်နယ်ပေါင်းစပ်၍ ဆီးရီးယားပြည်နယ်ဟု ခေါ်တွင် ပြီးလျှင် ၁၉၃ဝ ပြည့်နှစ်၌ ဆီးရီးယားသမ္မတနိုင်ငံဟု တည်ထောင်လိုက်သည်။

လက်ဘနွန်သမ္မတနိုင်ငံကိုကား ၁၉၂၆ ခုနှစ် တွင်တည်ထောင်သည်။ အချို့သောနယ်ငယ်များကိုမူ ၁၉၃၉ ခုနှစ်တွင် တူရကီနိုင်ငံသို့ လွှဲပြောင်းပေးအပ်လိုက်ရ သည်။ သမ္မတနိုင်ငံဟုဆိုသော်လည်း ပြင်သစ်ဩဇာခံ နိုင်ငံဖြစ်သောကြောင့် ပြင်သစ်အစိုးရ၏ အာဏာစက်မှ မလွတ်ကင်းချေ။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း ၁၉၄ဝ-၁၉၄၁ ခုနှစ်တွင် ပြင်သစ်ဗီရှီအစိုးရ၏ စစ်အုပ်ချုပ်ရေး လက်အောက်တွင် ကျရောက်ခဲ့သည်။ ၁၉၄၁ ခုနှစ် ဇူလိုင်လတွင် ဗြိတိသျှနှင့် လွတ်လပ်သော ပြင်သစ် မဟာမိတ်တပ်များက သိမ်းပိုက်လိုက်သည်။ ၁၉၄၁ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် ဆီးရီးယားနိုင်ငံ သည် လွတ်လပ်ရေးကို ကြေညာခဲ့သည်။ သို့သော် ၁၉၄၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကျမှသာ ပြင်သစ်အစိုးရက ဆီးရီးယားအစိုးရအား အာဏာလွှဲပြောင်းပေး သည်။ ၁၉၄၆ ခုနှစ်၊ ဧပြီလတွင် နိုင်ငံခြားစစ်တပ်များ အားလုံး ဆုတ်ခွာပေးရာမှ လုံးဝလွတ်လပ်သောဘဝသို့ ရောက်ရသည်။ ဆီးရီးယားသမ္မတနိုင်ငံ၏ အကျယ်အဝန်းမှာ စတုရန်း မိုင်ပေါင်း ၇၂,၂၃၄ မိုင်ရှိသည်။ ၁၉၅၃ ခုနှစ် ခန့်မှန်းခြေအရ လူဦးရေမှာ ၃,၆၅၅,၉ဝ၄ ဦးရှိသည်။ အာရပ်စကားမှာ အများသုံး ဘာသာစကား ဖြစ်သည်။ သို့ရာတွင် တူရကီ၊ အာမီးနီးယန်း၊ ပါးရှင်းနှင့် ဥရောပ ဘာသာစကားအမျိုးမျိုး ပြောဆိုကြသည်။ ကိုးကွယ်သောအယူဝါဒမှာ အများအားဖြင့် အစ္စလာမ် ဘာသာ ဖြစ်သည်။

ဆီးရီးယားသည် လယ်ယာစိုက်ပျိုးရေးနိုင်ငံဖြစ်သည်၊ ဂျုံ၊ မုယော၊ ပြောင်း၊ ဆန်၊ ပဲ၊ စပျစ်သီး၊ သံလွင်ပင်၊ ဝါဂွမ်း စသည်တို့ကို စိုက်ပျိုးသည်။ သိုး၊ ဆိတ်၊ ကုလားအုပ်၊ မြင်း၊ မြည်း၊ လား၊ ကျွဲနွား၊ ကြက် စသည်တို့ကိုလည်း မွေးမြူသည်။ ဆီးရီးယား၌ တွင်းထွက်သတ္တုများနည်းပါးလှသည်။ သို့သော် ရေနံကို လိုက်လံ ရှာဖွေတူးဖော်လျက်ရှိသည်။ ဒမက်စကပ်မြို့မှာ ဆီးရီးယား နိုင်ငံ၏ မြို့တော်ဖြစ်သည်။

ကိုးကား - Wikipedia

ရှန်းကျန့်မြို့၏ ဒေသဆိုင်ရာအချက်အလက်

ရှန်းကျန့်မြို့ (Shenzhen)သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အရှေ့တောင်ပိုင်း၊ ကွန်ဒုန်ရှန်ပြည်နယ် (Guangdong Sheng )၏ တောင်-အလယ်ပိုင်းတွင် တည်ရှိသည်။ တောင်တရုတ်ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်နှင့် ဟောင်ကောင်၏မြောက်ဘက်တွင် တည်ရှိသည်။

၁၉၇၉ ခုနှစ်တွင် ရှန်းကျန့်မြို့သည် ဟောင်ကောင်မှ တရုတ်ပြည်မကြီးသို့ အကောက်ခွန်ဂိတ်အဖြစ်ရှိခဲ့ပြီး နေထိုင်သူ လူဦးရေ ၃၀,၀၀၀ ခန့်ရှိသော နယ်စပ်မြို့ငယ်လေး ဖြစ်သည်။ ထိုနှစ်တွင် ရှန်းကျန့်မြို့သည် ဗဟိုအစိုးရ၏ ခွင့်ပြုချက် တောင်းခံရန် လိုအပ်ခြင်း မရှိဘဲ နိုင်ငံခြားပိုင်၊ ဖက်စပ်နှင့် အခြားစီးပွားရေးလုပ်ငန်းများကို ထူထောင်ခြင်းဖြင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု၊ နည်းပညာနှင့် စီမံခန့်ခွဲရေးဆိုင်ရာကျွမ်းကျင်မှုများကို လမ်းဖွင့်ပေးသည့် တရုတ် နိုင်ငံကမ်းရိုးတန်းတစ်လျှောက်ရှိ မြို့အများအပြားအနက်မှ မြို့တစ်ခုဖြစ်လာကာ အထူး စီးပွားရေးဇုန်အဖြစ် ကြေညာခံခဲ့ရပါသည်။ အတွေ့အကြုံမရှိသေးသည့် မြို့ငယ်လေးသည် တိုးပွားလာသော လူဦးရေအတွက် လမ်းများ၊ အိမ်ရာများ၊ စာသင်ကျောင်းများနှင့် ရေ၊ လျှပ်စစ်နှင့် ဆက်သွယ်ရေး အဆောက်အအုံအသစ်များ တည်ဆောက်ရာတွင် အသုံးပြုရန်အတွက် တရုတ် ဘဏ်များမှ ချေးငွေများကိုလည်း ရရှိခဲ့သည်။

၁၉၈၀ ခုနှစ်မှစတင်၍ ပြည်တွင်းနှင့်ပြည်ပ ရင်းနှီးမြုပ်နှံမှုများကြောင့် ရှန်းကျန့်သည် အံ့မခန်း တိုးတက်လာခဲ့သည်။ အထူးစီးပွားရေးဇုန်တွင် နေထိုင်သည့်လုပ်ခလစာနှင့် လူမှု စရိတ်စံနှုန်းများသည် တရုတ်နိုင်ငံ၏ ပျမ်းမျှစရိတ်ထက် သိသိသာသာ မြင့်မားနေပြီး လျှပ်စစ်၊ ဆေးဝါး၊ ဓာတုပစ္စည်း၊ အထည်အလိပ်၊ အိမ်ဆောက်ပစ္စည်းနှင့် အစားအစာများ ထုတ်လုပ်သည့် စက်ရုံများတွင် အလုပ်သမားများနှင့် ကျွမ်းကျင်ပညာရှင်များ အများအပြား ဝင်ရောက်လုပ်ကိုင် လာကြသည်။ အလားတူ အထူးစီးပွားရေးဇုန်တွင် အံ့မခန်း တိုးတက်လာမှုကလည်း အနီးနားရှိ စိုက်ပျိုးရေးနယ်ပယ်၏မွေးမြူရေးနှင့် ဟင်းသီးဟင်းရွက်များထုတ်လုပ်မှုကို လှုံ့ဆော်ပေးခဲ့သည်။

ဒေသတွင်း လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို "ရှန်းကျန့်၏ တိုးတက်မှုအရှိန်အဟုန်” (Shenzhen speed) ဟု တရုတ်နိုင်ငံတွင် လူသိများလာပြီး စီမံကိန်း၏ အောင်မြင်မှုက တရုတ် အစိုးရအား အခြားသောကမ်းရိုးတန်းဒေသအများအပြားကိုလည်း အထူးစီးပွားရေးဇုန်များအဖြစ် ပြောင်းလဲစေကာ နယ်ပယ်အသီးသီးတွင် ခေတ်မီတိုးတက်ရေးကို အားပေးတိုက်တွန်းခဲ့သည်။ ရှန်းကျန့်မြို့ (Shenzhen) သည် တရုတ်စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ဖြေလျှော့မှုအတွက် စမ်းသပ်ဇုန်ဖြစ်လာခဲ့သည်။ စတော့ရှယ်ယာဈေးကွက်များ ပြန်လည်ထူထောင်ရေးကဲ့သို့သော စမ်းသပ်ဆောင်ရွက်မှုများကို ရှန်းကျန့်မြို့တွင် စတင်လုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းတွင် အသွင် ကူးပြောင်းမှုကို ချောမွေ့စေရန်အတွက် တရုတ်နိုင်ငံ၏အခြားနေရာများတွင်လည်း မူဝါဒအသစ်များ ချမှတ်ခဲ့သည်။

ရှန်းကျန့်မှ မီးရထားလမ်းများသည် အနောက်မြောက်ဘက်ရှိ ကွမ်ကျိုးမြို့(Guangzhou)၊ မြောက်ဘက်ရှိ ဘေကျင်းမြို့(Beijing) အထိ၊ အရှေ့ဘက်တွင် ဖူကျန့်ပြည်နယ်(Fujian) အထိ ဖောက်လုပ်ထားပြီး အမြန်လမ်းများသည် ကွမ်ကျိုးမြို့နှင့် ပြည်နယ်ရှိ အခြားကမ်းရိုးတန်း ဒေသများနှင့်လည်း ချိတ်ဆက်ပေးသည်။ ရှန်းကျန့်၏ မြို့စွန်တွင် အဓိက အပြည်ပြည်ဆိုင်ရာ လေဆိပ် ၁ ခုနှင့် ကွန်တိန်နာသင်္ဘာဂိတ်ကြီးများပါဝင်သည့် ပင်လယ်ဆိပ်ကမ်းကြီး ၁ ခု တည်ဆောက်ထားသည်။ ရှန်းကျန့်မြို့သည် ရှန်းကျန့်တက္ကသိုလ် (၁၉၈၃ခုနှစ်) အပါအဝင် ကိုယ်ပိုင်တက္ကသိုလ်နှင့် ကောလိပ်များကိုလည်း တည်ထောင်ခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံ၏ အဆင့်မြင့်ပညာရေးသင်တန်းကျောင်းအချို့လည်းရှိပြီး အထူးသဖြင့် ပီကင်းတက္ကသိုလ်နှင့် ကျင်းဟွာ (Qinghua) တက္ကသိုလ်တို့တွင် ကျောင်းခွဲများ ဖွင့်လှစ်ထားသည်။ ရှန်းကျန့်မြို့သည် ကမ္ဘာ့ အမြင့်ဆုံး အဆောက်အဦများအနက် တစ်ခုဖြစ်သည့် အထပ် ၁၁၅ ထပ်ရှိ ပင်အန်ဘဏ္ဍာရေး စင်တာ (Ping An Finance Center) ရှိရာ မြို့တော်လည်း ဖြစ်သည်။ ပင်အန်ဘဏ္ဍာရေးစင်တာ (Ping An Finance Center) ကို ၂၀၁၇ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး ရှန်းကျန့်တွင် အမြင့်ဆုံးမိုးမျှော်အဆောက်အဦ၊ တရုတ်နိုင်ငံတွင် ဒုတိယအမြင့်ဆုံးမိုးမျှော်အဆောက်အဦနှင့် ပဥ္စမမြောက်ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်အဆောက်အဦလည်း ဖြစ်ပါသည်။

ရှန်းကျန့်၏ GDP ကဘယ်လောက်လဲ?

၂၀၂၃ ခုနှစ်တွင် ဂွမ်ဒေါင်- ဟောင်ကောင်- မကာအို မဟာပင်လယ်အော်ဒေသ (Guangdong - Hong Kong - Macao Greater Bay Area )၏ စုစုပေါင်းပြည်တွင်းအသားတင်ထုတ်ကုန် (GDP) သည် အမေရိကန်ဒေါ်လာ နှစ်ထရီလီယံနီးပါးရှိသည်။ ရှန်းကျန့်မြို့၏ တစ်ဦးချင်း ပြည်တွင်း အသားတင်ထုတ်ကုန် (GDP) သည် ယွမ် ၁၉၅.၂ဝဝ ဝန်းကျင်ရှိပြီး ယမန်နှစ်က ယွမ် ၁၈၃.၈ဝဝဝ မှမြင့်တက်ခဲ့သည်။ ထိုနှစ်တွင် ရှန်းကျန့်မြို့တစ်ခုတည်း၏ GDP သည် အမေရိကန်ဒေါ်လာ ၄၈၉ ဘီလီယံဝန်းကျင်ရှိပြီးမဟာပင်လယ်အော်ဒေသရှိ မြို့များအနက်ပထမအဆင့်ဖြစ်သည်။ ရှန်းကျန့် သည် Huawei၊ DJI နှင့် Tencent ကဲ့သို့သော တရုတ်နည်းပညာကုမ္ပဏီကြီး အချို့တည်ရှိရာ ဒေသလည်းဖြစ်သည်။

ရှန်းကျန့်မှာ ပျမ်းမျှ ၀င်ငွေက ဘယ်လောက်လဲ?

ရှန်းကျန့်သည် လုပ်ခလစာအများဆုံးဖြစ်သည့် ဘေဂျင်း၊ ရှန်ဟိုင်းတို့၏နောက် နံပါတ်စဉ် ၃ နေရာ၌ ရှိသည်။ အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေးပလက်ဖောင်းဖြစ်သည့် Zhaopin ၏ အစီရင်ခံစာအရ ရှန်းကျန့်သည် တရုတ်ပြည်မကြီးရှိ မြို့ကြီးများကြားတွင် ယွမ် ၁၂,၄၀၀ ဖြင့် လစဉ်ပျမ်းမျှလစာတတိယအများဆုံးရရှိထားကြောင်း ဖော်ပြခဲ့သည်။ ရှန်းကျန့်ရှိ ပျမ်းမျှလစာမှာ ယွမ် ၁၀,၀၀၀ ဖြစ်သည်။ 

ရှန်းကျန့်မြို့တွင်  စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အဆင့်ဘယ်လောက်လဲ?

၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် ရှန်းကျန့်၏ GDP သည် ဒေသတွင်း စီးပွားရေးသည် ပြန်လည်နာလန်ထူလာကာ ကောင်းမွန်သော အစပြုလာမှုများကြောင့် တစ်နှစ်ထက်တစ်နှစ် (year-on-year) တိုးတက်မှုနှုန်း ၆.၄ ရာခိုင်နှုန်းကို ကိုယ်စားပြုသည့် ယွမ် ၈၃၁.၄၉၈ ဘီလီယံ ရှိလာခဲ့သည်။

ရှန်းကျန့်ရှိ အဓိကစက်မှုလုပ်ငန်းကဘာလဲ?

ရှန်းကျန့်၏ ထိပ်တန်းနည်းပညာသုံး ကဏ္ဍသုံးရပ်မှာ အီလက်ထရွန်နစ်သတင်း အချက် အလက်၊ ဇီဝဆေးဝါးများနှင့် စွမ်းအင်အသစ်နှင့် ပစ္စည်းအသစ်များဖြစ်သည်။

ရှန်းကျန့်မြို့သည် မည်သို့ အရှိန်အဟုန်ဖြင့် တိုးတက်လာသနည်း?

အလားတူကာလအတွင်း ရှန်းကျန့်၏ ပြည်တွင်း GDP သည် ယွမ် ၃.၄၆ ထရီလီယံ (ဒေါ်လာ ၄၈၀ ဘီလီယံ) ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၆ ရာခိုင်နှုန်း တိုးလာကာ တရုတ်နိုင်ငံရှိ ပထမအဆင့်မြို့များဖြစ်သည့် ဘေဂျင်း၊ ရှန်ဟိုင်းနှင့် ကွမ်ကျိုးတို့၏ တိုးတက်မှုကို ကျော်လွန် ခဲ့ကာ ပထမအဆင့် နေရာရောက်ရှိခဲ့သည်။ 

ရှန်းကျန့်သည် စီးပွားရေးအတွက် အဘယ်ကြောင့် အရေးကြီးသနည်း?

နိုင်ငံ၏ စုစုပေါင်း GDP သည်၁၉၈၀ ခုနှစ်နှင့် ၁၉၈၄ ခုနှစ်အကြားတွင် ၁၀ ရာခိုင်နှုန်း တိုးလာသော်လည်း ရှန်းကျန့်မြို့ ကိုယ်တိုင်က အထင်ကြီးလောက်သော ကိန်းဂဏန်းတစ်ခု ဖြစ်သည့် ၅၈ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ ရှန်းကျန့်သည် ဘဏ္ဍာရေး၊ နည်းပညာနှင့် ယဉ်ကျေးမှုတို့၏ ဗဟိုချက်ဖြစ်သည်။ ထိုအရာက မြို့ပြ ဖွံ့ဖြိုးတိုးတက်ရန်ဆောင်ရွက်နေသူများ ဆယ်စုနှစ်များကြာအောင် ကြိုးစားခဲ့ရသည့်အရာဖြစ်ပါသည်။ ရှန်းကျန့်၏ကနဦးတိုးတက်မှုသည် ရှင်းလင်းသည့် အကြောင်းအရင်းတစ်ခုဖြစ်ပါသည်။ 

ကိုးကား - https://www.britannica.com/place/Shenzhen

အိန္ဒိယနိုင်ငံမှ သတင်းသုံးသပ်သူ Mr. Atul Aneja အကြောင်း

Atul Aneja သည် နိုင်ငံခြားရေးရာအထူးပြု ဝါရင့် သတင်းထောက်တစ်ဦးဖြစ်ပါသည်။ ၎င်းသည် India Narrative website ၏ အယ်ဒီတာဟောင်းတစ်ဦးဖြစ်ပြီး ဟိန္ဒူသတင်းစာ၏ မဟာဗျူဟာ ရေးရာ အယ်ဒီတာလည်း ဖြစ်ပါသည်။

Atul Aneja သည် တရုတ်နိုင်ငံ၊ အနောက်အာရှ၊ ယူရေးရှားနှင့် တောင်အာရှတို့ကို  အခြေပြု၍ နိုင်ငံတကာ သတင်းထောက်အဖြစ် ၁၇ နှစ်ကြာ လုပ်ကိုင်ခဲ့ပါသည်။ ၎င်းသည် The Hindu's Associate ၏ အယ်ဒီတာအဖြစ် (၂၀၁၄ခုနှစ် မှ ၂၀၂၀ ပြည့်နှစ်အထိ) ဘေဂျင်းတွင် တာဝန်ချထား ခြင်းခံရပြီး သမ္မတရှီကျင့်ဖျင်ခေတ်တွင် တိဗက်နိုင်ငံသို့ ရှားရှားပါးပါး ၂ ကြိမ် အလည်အပတ် သွားရောက်ခဲ့ရမှု အပါအဝင် တရုတ်နိုင်ငံ၏ ကျယ်ပြန့်သော နယ်ပယ်အသီးသီးမှ အစီရင်ခံ တင်ပြချက်များကိုအခြေခံ၍  တရုတ်နိုင်ငံ၏ အသွင်ကူးပြောင်းရေးကာလကို နီးကပ်စွာ လေ့လာခွင့် ရရှိရန် ရှားရှားပါးပါး အခွင့်အလမ်းရရှိခဲ့ပါသည်။ 

၂၀၀၂ ခုနှစ်၊ ဩဂုတ်လမှ ၂၀၁၄ ခုနှစ်၊ ဇွန်လ ၁ ရက်အထိ ဘာရိန်းနိုင်ငံနှင့် ဒူဘိုင်းနိုင်ငံတွင် အခြေစိုက်သည့် “The Hindu”  အတွက် အနောက်အာရှ သတင်းထောက်အဖြစ် ဆောင်ရွက်ခဲ့ပြီး အစောပိုင်းကာလတွင် Atul သည် အီဂျစ်နိုင်ငံရှိ မြို့တော် ကိုင်ရို (Cairo) ၊ လစ်ဗျားနိုင်ငံရှိ မြို့တော် ဘန်ဂါဇီ (Benghazi) နှင့် တူနီးရှားနိုင်ငံရှိ မြို့တော် ကျူးနစ် (Tunis) တို့မှ အာရပ်နွေဦး၏ အလှည့် အပြောင်းများကို ကွင်းဆင်းအစီရင်ခံခြင်းဖြင့် နိုင်ငံတကာသတင်းထောက်တစ်ဦး၏ အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပါသည်။ ၎င်းက ပဋိပက္ခဖြစ်ပွားရာဒေသများကို အဓိက အလေးပေး သတင်းရယူကာ လက်ဘနွန်နိုင်ငံရှိ မြို့တော် ဘေရွတ်၊ မြို့တော် ဇိဒုန်(Sidon) နှင့် ဆီးရီးယား နိုင်ငံရှိ မြို့တော် ဒမတ်စကတ် (Damascus) တို့မှ လက်ဘနွန်-ဟစ်ဇ်ဘိုလာနှင့် အစ္စရေးတို့အကြား ၂၀၀၆ ခုနှစ်၊ ဇူလိုင်လနှင့် သြဂုတ်လတွင် ဖြစ်ပွားခဲ့သည့် လက်ဘနွန်စစ်ပွဲကို အစီရင်ခံ တင်ပြခဲ့သည်။ ယင်းလက်ဘနွန်စစ်ပွဲအတွက် အစီရင်ခံမတင်ပြမီ ၂၀၀၃-၂၀၀၄ ခုနှစ်တွင် ဘဂ္ဂဒက်၊ နာဂျဖ်၊ ကာကူနှင့် အာဘီလ်မြို့တော်တို့မှ အင်္ဂလိပ်-အမေရိကန် ကျူးကျော်မှုအပြီး အီရတ်စစ်ပွဲအကြောင်း အစီရင်ခံတင်ပြခဲ့သည်။  Atul သည် ၉/၁၁ တိုက်ခိုက်မှုအပြီး အာဖဂန်နစ္စတန်နိုင်ငံရှိ မြို့တော် ကာဘူးလ် (Kabul) ၊ ကာဇက်စတန်နိုင်ငံရှိ မြို့တော် အန်မတီ (Almaty) နှင့် တာဂျစ်စတန်နိုင်ငံရှိ ဒရှန်ဘီ (Dushanbe ) မြို့တော်မှ အာဖဂန်နစ္စတန်ရှိ အခြေအနေများ၊ ကက်ရှ်မီးယားမှ ကာဂီ စစ်ပွဲ (၁၉၉၉)ခုနှစ်များအကြောင်း စစ်ပွဲသတင်းပေးပို့ခြင်းတွင် ၎င်း၏ သွားများကို ဖြတ်တောက်ခဲ့ သည်။ ၎င်းသည် ၁၉၉၆ ခုနှစ်ကတည်းက အီရန်သို့ မကြာခဏ အလည်အပတ်သွားရောက် ခဲ့သည်။

များစွာသော ပထဝီဝင်မြေပြင်အခြေအနေများ အတွေ့အကြုံရှိသည့် Atul သည် နိုင်ငံပေါင်းစုံ ပါဝင်သည့် ဆက်တင်တစ်ခုတွင် ကိုဗစ်ကာလအလွန် ကမ္ဘာ့အစီအစဉ် ပေါ်ပေါက်လာစဉ် ယူရေးရှား၊ တရုတ်၊ အရှေ့တောင်နှင့် ကမ္ဘာ့တောင်ဘက်တို့တွင် ယဉ်ကျေးမှုပေါင်းစုံနိုင်ငံ ( civiliz-ational state) အဖြစ် အိန္ဒိယ၏ အကျိုးစီးပွားမြှင့်တင်ရန် ၎င်း၏ အတွေ့အကြုံများကို အသုံးချ လိုပါသည်။ 

၎င်းသည် နယူးဒေလီရှိ Jawaharlal Nehru တက္ကသိုလ်,  နိုင်ငံတကာဘာသာဗေဒကျောင်း (အာဖရိကဌာနခွဲ) မှ  မဟာဝိဇ္ဇာဘွဲ့(ဒဿနိကဗေဒ) M.Phil ဘွဲ့ ရရှိထားသူဖြစ်သည်။

Reference: https://usanasfoundation.com/atul-aneja

အလုပ်ရှင်များနှင့် အမေရိကန် ဆိပ်ကမ်းလုပ်သားများ သမဂ္ဂတို့ သဘောတူညီမှုရရှိပြီး သပိတ်အဆုံးသတ်

အမေရိကန်ပြည်ထောင်စု အရှေ့နှင့် ပင်လယ်ကွေ့ကမ်းခြေဆိပ်ကမ်းများရှိ ဆိပ်ကမ်း လုပ်သားများကို ကိုယ်စားပြုသော အလုပ်သမားသမဂ္ဂသည် အလုပ်ရှင်များနှင့် လုပ်ခလစာ ပေးချေမှု တွင် သဘောတူညီမှု ရရှိခဲ့ပြီးနောက် အောက်တိုဘာ ၃ ရက်တွင် သပိတ်မှောက်မှုကို အဆုံးသတ်ခဲ့သည်။ 

လုပ်ခလစာပေးမှုအပါအဝင် စီမံခန့်ခွဲမှုဆိုင်ရာ အခြားသောပြဿနာများအပေါ် သဘောတူ ညီမှု မရရှိခဲ့သည့်အတွက် သမဂ္ဂသည် အောက်တိုဘာ ၁ ရက်မှ စတင်ကာ သပိတ်မှောက်ခဲ့သည်။

စက်တင်ဘာ ၃၀ ရက်တွင် သက်တမ်းကုန်ခဲ့သည့် စာချုပ်ကို လာမည့်နှစ် ဇန်နဝါရီလ မတိုင်မီရက်အထိ သက်တမ်းတိုးမည်ဟု နှစ်ဖက်စလုံးက သဘောတူခဲ့ပြီး အခြားကျန်ရှိနေသည့် ကိစ္စရပ်များကို ညှိနှိုင်းရန် ညှိနှိုင်‌ရေးစားပွဲဝိုင်းသို့ ပြန်သွားမည်ဟုသိရသည်။ လာမည့် ‌‌ခြောက်နှစ် တာကာလအတွင်း လုပ်ခလစာကို ၆၀ ရာခိုင်နှုန်းကျော်အထိ တိုး‌ပေးသွားရန် နှစ်ဖက်စလုံးက သဘောတူခဲ့သည်ဟု အမေရိကန် မီဒီယာတွင် ဖော်ပြသည်။

ဆိပ်ကမ်းပေါင်း ၃၀ ကျော်ရှိ လုပ်သား ၄၅၀၀၀ ခန့်သည် သပိတ်မှောက်မှုတွင် ပါဝင်ခဲ့သည်။ အကယ်၍ သပိတ်မှောက်မှု ဆက်လက်ဖြစ်ပွားပါက ယခုနှစ်ကုန်ပိုင်း အားလပ်ရက် ကာလမတိုင်မီ ကုန်ထုတ်လုပ်မှုနှင့် ရောင်းချမှုကဏ္ဍများတွင် ဆိုးရွားသည့် သက်ရောက်မှု ဖြစ်ပေါ်လာမည်ဟု စိုးရိမ်နေကြသည်။ 

အင်န်အိတ်ချ်ကေ