တောမီးလောင်ကျွမ်းမှုကြောင့် ကယ်လီဖိုးနီးယားပြည်နယ်က အရေးပေါ် အခြေအနေ ထုတ်ပြန်
News Image

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်တွင် တောမီးလောင်ကျွမ်းမှုကြောင့် ပြည်နယ်အုပ်ချုပ်ရေးမှူးက အရေးပေါ်အခြေအနေ တစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့ရကြောင်း သိရသည်။
တောမီးလောင်ကျွမ်းမှုကြောင့် ပြည်သူ ၃၀၀၀၀ ခန့်မှာ နေအိမ်များကိုစွန့်ခွာ၍ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရပြီး ရာသီဥတုခြောက်သွေ့မှုကြောင့် မီးလောင်ကျွမ်းမှု ဆက်လက်ဖြစ်ပွားမည့် အန္တရာယ်ကြောင့် ပြည်နယ်အုပ်ချုပ်ရေးမှူး ဂက်ဗင်နယူးဆန်က ဇန်နဝါရီလ ၇ ရက်တွင် အရေးပေါ် အခြေအနေကို ထုတ်ပြန်ခဲ့ရခြင်းဖြစ်သည်။